Home ကဗျာ လက်‌တွေ့ (ကဗျာ)

လက်‌တွေ့ (ကဗျာ)

3083

လက်‌တွေ့

အ‌တွေ့အကြုံနဲ့ ဖြတ်သန်းမှုက
တွက်နည်းထက် လက်‌တွေ့ကျတယ်
စာမျက်နှာထဲက
အာဂုံ‌ဆောင်လာတဲ့ ဘာသာ‌ဗေဒများ…
နံရံ‌ပေါ်က
အားကျခဲ့ဖူးတဲ့ ရုပ်ပုံလွှာများ…
လက်‌တွေ့မှာ
ခရီးမ‌ရောက်‌သေးဘူး……။

ရုပ်ဝတ္ထုအား‌ကောင်းတဲ့ ကာလမှာ
သ‌ဘောတရား‌ရေးရာ‌တွေက
အနိုင်အရှုံးကို မဆုံးဖြတ်နိုင်‌လောက်ဘူး…
‌မျှော်လင့်ချက်‌ရောင်ခြည်နဲ့ရှင်သန်တဲ့စိတ်ဓာတ်‌တွေက
‌ကျောတစ်ခင်းစာ မရှိတဲ့ညများမှာ
‌ကြွေး‌ကြော်သံ‌တွေ အသံဝင်သွားတယ်
လက်ဖြန့်ဖို့ ရွယ်လိုက်တိုင်း
အ‌တွေးစ‌တွေက ထိုင်းမှိုင်းသွားတယ်

လက်ရှိရုပ်လွှာကို ချပြဖို့ဝန်‌လေး‌နေရင်
အမှန်တရား‌တွေ ‌သွေဖည်သွားလိမ့်မယ်
စားကျက်အတွက် မြှုပ်ကွက်များလွန်းရင်
ပဲ့တင်သံ‌တွေ တစ်ထပ်တည်း မကျ‌တော့ဘူး
‌အောက်‌ခြေမှာ ‌မျှော်တလင့်လင့်နဲ့
မနက်ဖြန်များစွာ ဆိုတဲ့ ‌မျှော်လင့်ချက်က
ဓာတ်စာ‌တွေ အဆိပ်ဖြစ်လို့…။

‌ပေးဆပ်နိုင်တယ်…တဲ့
စွန့်လွှတ်နိုင်တယ်…တဲ့
နာရီလက်တံရဲ့အလှည့်အ‌ပြောင်းက
‌နေရာ‌ဟောင်းကို လွမ်း‌စေတယ်
လက်‌တွေ့အဆန်ဆုံးက
ရန်မူလာသူကို ခုခံဖို့ အာဟာရပြည့်ဝဖို့ လိုတယ် ။ ။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာဆဲဆန်
(၀၄.၁၀.၂၀၂၁)