Home သတင်း မွန်၊ ကရင် အပါအဝင် နိုင်ငံတဝှမ်း လျှပ်စစ်မီးပျက်

မွန်၊ ကရင် အပါအဝင် နိုင်ငံတဝှမ်း လျှပ်စစ်မီးပျက်

951

‌အောက်တိုဘာ ၁၃ ရက်၊၂၀၂၁ခုနှစ် ။ ‌ကေအိုင်စီ

မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်း၌ ယ‌နေ့နံနက် ၉ နာရီ‌ကျော်မှစ၍ လျှပ်စစ်မီး ပြတ်‌တောက်လျှက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်မီးပြတ်‌တောက်ရခြင်း မှာ (System Breakdown) မဟာဓာတ်အားလိုင်း၏ စနစ်ချို့ယွင်းမှု‌ကြောင့် ဖြစ်သည်ဟု သက်ဆိုင်ရာ လျှပ်စစ်မီးဖြန့်‌ဝေ‌ရေး ဌာနများမှတဆင့် ဆိုသည်။

မြဝတီမြို့အပါအဝင် ကရင်ပြည်နယ် အတွင်းမှာ‌တော့ ၆၆ ‌ကေဗီ ဓာတ်အားလိုင်း ပြတ်‌တောက်ခဲ့ခြင်း ဖြစ်ပြီး မီးပြန်လာရန် အချိန်ကာလ တစ်ခုအထိ ‌စောင့်ဆိုင်းရလိမ့်မည်ဟု သိရသည်။

ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်‌တောက်ခြင်းမှာ ယခု ၁ လအတွင်း တတိယအကြိမ် ‌မြောက်ဖြစ်ပြီး ယခင်နှစ်ကြိမ် လျှပ်စစ်မီးပြတ်‌တောက်မှုမှာ တစ်နာရီ‌ကျော် ကြာမြင့်ခဲ့သည်။