Home သတင်း နယ်စပ်ဖြတ်‌ကျော်အကူအညီ‌တွေ ထိုင်းကတစ်ဆင့် ပြန်ဝင်လာနိုင်မလား

နယ်စပ်ဖြတ်‌ကျော်အကူအညီ‌တွေ ထိုင်းကတစ်ဆင့် ပြန်ဝင်လာနိုင်မလား

977
Photo: KDHW

‌အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံထဲမှာ ဖြစ်‌ပေါ်‌နေတဲ့ လူသားချင်းစာနာ‌ထောက်ထားမှုအကူအညီ လိုအပ်မှု‌တွေကို တုံ့ပြန်နိုင်ဖို့ အ‌မေရိကန်အစိုးရက ထိုင်းအစိုးရနဲ့ နယ်စပ်ဖြတ်‌ကျော်ကူညီမှု‌ပေးနိုင်ဖို့ ‌ဆွေး‌နွေးလာတဲ့အ‌ပေါ် ကရင်အရပ် ဖက်အဖွဲ့အစည်း‌တွေက ကြိုဆိုပြီး ဒါဟာ အ‌ကောင်းဆုံးလမ်း‌ကြောင်း ဖြစ်တယ်လို့‌ပြောဆိုလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် စစ်တပ်အာဏာသိမ်းပြီးတဲ့‌နောက် လိုအပ်‌နေတဲ့ လူသားချင်းစာနာမှု အကူအညီ‌တွေကို ထိုင်းနိုင်ငံက‌နေတဆင့် နယ်စပ်ဖြတ်‌ကျော်ပြီး စစ်‌ပြေးပြည်သူ‌တွေ အကူအညီ ရရှိ‌စေဖို့ အတွက် အ‌မေရိကန်နဲ့ထိုင်းအစိုးရတာဝန်ရှိသူ‌တွေ ‌ဆွေး‌နွေးမှုရှိ‌နေတယ်လို့ သတင်းထွက်‌ပေါ်လာတဲ့အ‌ပေါ် ကရင်လူမှုအဖွဲ့အစည်း‌တွေက အခုလိုလမ်း‌ကြောင်း ဖြစ်‌မြောက်ဖို့ ‌မျှော်လင့်‌နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ‌အောက်တိုဘာလ ၁၉ရက်‌နေ့က အ‌မေရိကန်နိုင်ငံခြား‌ရေးဌာန အကြံ‌ပေး အရာရှိ ဒဲရစ်ချိုလတ်နဲ့ ထိုင်း နိုင်ငံခြား‌ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ‌တွေနဲ့‌တွေ့ဆုံပြီး‌နောက် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ နဲ့အာဆီယံ အဖွဲ့‌တွေရဲ့ ‌ဆောင်ရွက်ချက်နဲ့ ထိုင်းနဲ့အ‌မေရိကန် နှစ်နိုင်ငံ ပူး‌ပေါင်းပြီး မြန်မာပြည်သူ‌တွေအတွက် လူသားချင်းစာနာမှု အကူအညီ‌တွေကို ထိုင်းနယ်စပ်က‌နေတဆင့် ဖြတ်‌ကျော်‌ပေးသွားဖို့ ‌ဆွေး‌နွေးခဲ့ကြပါ တယ်။

အဲဒီ့လို‌ဆွေး‌နွေးတဲ့အ‌ပေါ် စစ်‌ဘေး‌ရှောင်ပြည်သူ‌တွေကို အကူအညီ‌ပေး‌နေတဲ့ လူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ့ နယ်စပ်ဖြတ်‌ကျော် အကူအညီ ‌ပေးမှုဟာ အ‌ကောင်းဆုံးလမ်း‌ကြောင်းဖြစ်တယ်လို့ ‌ပြောဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ ‌ထောက်ပံ့ကူညီမှုအပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမှ လုပ်‌ဆောင်လို့ သိပ်မလွယ်ကူပါဘူး။ SAC လို့‌ခေါ်တဲ့ စစ်‌ကောင်စီတပ်‌တွေက အမျိုးမျိုးပိတ်ပင်တားမြစ်မှု‌တွေအပြင် တိုက်ပွဲ‌တွေက ဖြစ်ပွား ‌နေတဲ့ အတွက် ထွက်‌ပြေး‌နေရတဲ့ပြည်သူ‌တွေလည်း များသထက်များလာပါတယ်။

ပြည်တွင်းဖက်က‌နေ ‌ထောက်ပံ့ ကူညီမှု‌တွေ မလွယ်တဲ့အ‌ခြေအ‌နေမှာ နယ်စပ်ဖြတ်‌ကျော် ကူညီ‌ထောက်ပံ့ ‌တွေက လွယ်ကူတဲ့လမ်း‌ကြောင်း ဖြစ်ပါတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖေါက ‌ကေအိုင်စီကို အခုလို ‌ပြောပါတယ်။

Photo: KDHW

“ဘာဖြစ်လဲဆို‌တော့ အခုသယ်ယူပို့‌ဆောင်‌ရေးလုပ်ဖို့က မလွယ်ဘူး‌လေ။ ကုန်ကျစရိတ်လည်း အဆမတန် ကုန်ကျတယ်။ သိုသိုသိပ်သိပ်‌လေး လုပ်‌ဆောင်ရတယ်။ တကယ်ပဲ အ‌ရေးကြီးပါတယ်။ ဒါက ‌နေရပ် စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရတဲ့ ပြည်သူ‌တွေအတွက် အများကြီးကို အကူအညီဖြစ်‌စေမှာပါ။ ပြည်တွင်းမှာ သွားလို့မလွယ်ကူတဲ့အ‌နေအထားမျိုးမှာ နယ်စပ်က သွားနိုင်ရင် အ‌ကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဖြစ်ပါတယ်” လို့ ‌နော်က‌ညော‌ဖေါက သုံးသပ်‌ပြောဆိုပါတယ်။

ကရင်ပြည်နယ်၊ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့‌နောက် အမျိုးသမီးနဲ့ က‌လေးငယ်‌တွေ အပါအဝင် ပြည်သူ တစ်သိန်း‌ကျော်‌လောက်က ‌တော‌တောင်ထဲမှာ ထွက်‌ပြေး တိမ်း‌ရှောင် ရင်း စားနပ်ရိက္ခာ မလုံ‌လောက်မှု‌တွေ၊ သဘာဝ‌ဘေးအန္တရာယ်‌တွေနဲ့ ကိုဗစ်ကပ်‌ရောဂါ‌တွေ‌ကြောင့် သူတို့ အသက်ရှင်‌နေထိုင်နိုင်ဖို့ အ‌ရေး‌ပေါ် အကူအညီ‌တွေ လိုအပ်‌နေတယ်လို့လည်း ကရင်အရပ်ဖက် အဖွဲ့အစည်း တာဝန်ရှိသူ‌တွေက ‌ပြောဆိုပါတယ်။

‌ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု စတင်လုပ်‌ဆောင် ပြီး‌နောက် ၂၀၁၃ ခုနှစ်‌လောက်က စပြီး နယ်စပ်ဖြတ်‌ကျော် အကူအညီ‌ပေးမှု‌တွေအ‌ပေါ် စိတ်ဝင်စားမှု ‌လျော့နည်းသွားခဲ့ပါတယ်။ အကူအညီ အ‌ထောက်အပံ့အများစုဟာ ပြည်တွင်း ရန်ကုန်ဘက်က‌နေ လုပ်‌ဆောင်လာကြပါတယ်။

အဲ့လို လုပ်‌ဆောင်တာ‌တွေဟာ မြန်မာအစိုးရဆီ ‌ရောက်ရှိသွားပြီး အမှန်တကယ် အကူအညီလိုအပ်‌နေတဲ့ စစ်‌ရေးပဋိပက္ခ ကြုံ‌တွေ့ ‌နေရတဲ့ ‌တောင်‌ပေါ်‌ဒေသက ပြည်သူ‌တွေဆီကို မ‌ရောက်သလို ဖြစ်သွားတယ်လို့ ကရင်ကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး(KORD)က ‌စောဖိုးချိုက ‌ပြောဆိုပါတယ်။

“ အခုလို ပြန်စီစဉ်လာတာက အကူအညီ‌တွေ ပြန်ရမယ်ဆိုရင် အရင့်အရင်က ကျ‌နော်တို့ လုပ်‌ဆောင်ခဲ့တဲ့ အလုပ်‌တွေကို အဆင်‌ပြေ‌ပြေတဲ့ ပြန်သွားနိုင်မယ်။ အမှန်တကယ် ကြုံ‌တွေ့ ခံစားရတဲ့ သူ‌တွေ ဖြစ်တဲ့ ‌တော‌တောင်‌တွေမှာ ထွက်‌ပြေးတိမ်း‌ရှောင်ရပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံ‌တွေ့ ‌နေရတဲ့ သူ‌တွေ အတွက်လည်း အကူအညီ‌တွေ ပြန်လည်ရရှိလာမယ်‌ပေါ့‌နော်။ အဲဒါ‌ကြောင့် ဒီအစီအစဉ်က ‌ကောင်းတယ်လို့ပဲ မြင်တယ်‌ပေါ့‌နော်” လို့ သူက ‌ပြောပါတယ်။

ထိုင်းနိုင်ငံအ‌ခြေစိုက် ထိုင်းကရင်အဖွဲ့ KTG က‌တော့ စစ်‌ကောင်စီနဲ့ ထိုင်းအစိုးရ တို့အကြား စီးပွား‌ရေးအရ ပတ်သက်မှုရှိတဲ့အပြင် အိမ်နီးချင်းနိုင်ငံဖြစ်‌ပေမဲ့ အ‌မေရိကန်အစိုးရနဲ့ထိုင်းအစိုးရ နယ်စပ်ဖြတ်‌ကျော်ပြီး လူသားချင်းစာနာမှု အကူအညီ‌ပေးမယ့်ကိစ္စကို‌တော့ ထိုင်းအစိုးရ အ‌နေနဲ့ခွင့်ပြု နိုင်တယ်လို့ လည်းသုံးသပ် ထားပါတယ်။

Photo: KDHW

“ ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ အရင်းနှီးဆုံးမိတ်‌ဆွေပါပဲ ။ ကျ‌နော်တို့ နားမလည်နိုင်တဲ့ဟာ‌တွေ အများကြီး ပါမယ်။ UN တို့ ဝင်လာပြီဆိုရင် ‌နေလို့မရ‌တော့ဘူး။ UN တို့ဝင်လာပြီဆိုရင် အမှန်တရားကိုပဲ မြတ်နိုးတဲ့ ထိုင်းအစိုးရ တဖွဲ့ရှိတယ်။ ပုန်းပုန်းလျှိုလျှိုနဲ့ မင်း‌အောင်လှိုင်ဖက်ကို ရပ်တည်‌ပေးတဲ့ အဖွဲ့တစ်ဖွဲ့ရှိမယ်။ ဒီလို နိုင်ငံကြီးတစ်နိုင်ငံက ‌ခေါင်း‌ဆောင်‌ရောက်လာရင်‌တော့ ထိုင်းနိုင်ငံအ‌နေနဲ့ ‌နေလို့မရ‌တော့ဘူး‌လေ ။ UNက ဝင်လာပြီးဆိုရင် ထိုင်းနိုင်ငံအ‌နေနဲ့ ခွင့်ပြုရပါမယ်” လို့ KTG အကြံ‌ပေး ဆရာလွဲ‌ဖေါက ‌ပြောပါတယ်။

အ‌မေရိကန်အစိုးရအ‌နေနဲ့ ထိုင်းနိုင်ငံနဲ့ ပူး‌ပေါင်းပြီး မြန်မာပြည်သူ‌တွေအတွက် လူသားချင်း စာနာမှု အကူ အညီ‌တွေ ‌ပေးအပ်ဖို့ ‌ဆွေး‌နွေးတာကို ကြိုဆိုကြသလို ထိုင်းအစိုးရအ‌နေနဲ့ လက်ခံလာနိုင်‌အောင် အ‌မေရိကန် အစိုးရတစ်ဖွဲ့ကပဲ လာ‌ရောက်‌တောင်းဆိုတာ မဟုတ်ဘဲ ‌ဒေသခံ ကရင်လက်နက်ကိုင် တာဝန်ရှိသူ‌တွေအပြင် ကရင်လူမှုအဖွဲ့အစည်းအားလုံးပါဝင်‌တောင်းဆိုရင် ပိုမိုအား‌ကောင်းလာမယ်လို့လည်း တစ်ချို့ က သုံးသပ်‌ပြောဆိုပါတယ်။

အခုလို အ‌မေရိကန်အစိုးရ တာဝန်ရှိသူ‌တွေက ထိုင်းအစိုးရတာဝန်ရှိသူ‌တွေနဲ့ ‌တွေ့ဆုံ‌ပြောဆိုတာက ‌ကောင်းတဲ့အရာဖြစ်သလို နယ်စပ်ဖြတ်‌ကျော် ကူညီ‌ထောက်ပံ့မှု‌တွေက ဖြစ်လာနိုင်ပါတယ်။ ဒါ‌ပေမယ့် ဒီကိစ္စ ဖြစ်လာဖို့က အ‌မေရိကန်အစိုးရက လာ‌ပြောလို့ ဖြစ်လာနိုင်တာမဟုတ်ပါဘူး။

ကရင်လူမှု အသိုင်းအဝိုင်းက အဖွဲ့အစည်း‌တွေ၊ ကရင်အမျိုးသားအစည်းအရုံးလို အဖွဲ့အစည်း‌တွေကလည်းပဲ ထိုင်းအစိုးရ တာဝန်ရှိသူ‌တွေနဲ့ ဆက်ဆံ‌ရေး‌ကောင်းလာဖို့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပိုင်းမှာ အားထုတ်ကြိုးပမ်း အားထုတ်ဖို့ကလည်း အ‌ရေးကြီးတဲ့အရာဖြစ်တယ်လို့ Salween Institute for Public Policy ဒါရိုက်တာ ‌စောကပိက ‌ပြောပါတယ်။

“ အ‌မေရိကန်အစိုးရကလည်း ထိုင်းအစိုးရကို ‌ပြောမယ်။ ကရင်အမျိုးသားအစည်းအရုံးနဲ့ နယ်စပ် ကရင် အဖွဲ့အစည်း‌တွေလည်းပဲ ထိုင်းအစိုးရက ဆက်ဆံ‌ရေး‌တွေ ကြိုးပမ်းတည်‌ဆောက်တာ လုပ်‌ဆောင်နိုင်မယ် ဆိုရင် ဖြစ်လာနိုင်တယ်လို့ ကျ‌နော်ထင်ပါတယ်”လို့ ‌စောကပိက သုံးသပ်‌ပြောဆိုပါတယ်။

မြန်မာပြည်သူ‌တွေအတွက် နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီ ‌ပေးအပ်ရာမှာ စစ်‌ကောင်စီ ရဲ့ခွင့်ပြုချက်နဲ့ ‌ပေးအပ်တာမျိုးမဟုတ်ဘဲ တကယ်စစ်‌ဘေး‌ရှောင်ပြည်သူ‌တွေကို အကူအညီ‌ပေး‌နေတဲ့ အဖွဲ့အစည်း‌တွေကိုသာ ‌ပေးအပ်လုပ်‌ဆောင်တာမျိုးဖြစ်‌စေချင်တယ်လို့ ကရင်လူမှုအဖွဲ့အစည်း‌တွေက ‌တောင်းဆိုထားပါတယ်။ နယ်စပ်ဖြတ်‌ကျော် ကူညီ‌ထောက်ပံ့မှု‌တွေ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကလို တဖန်ပြန်ရလာနိုင်မလားဆိုတာက‌တော့ ‌စောင့်ကြည့်ကြရမယ့် အ‌ခြေအ‌နေမှာရှိပါတယ်။