Home ကဗျာ တာလ‌ပေါ့အတူပြန်စားရ‌အောင်

တာလ‌ပေါ့အတူပြန်စားရ‌အောင်

1404

တာလ‌ပေါ့အတူပြန်စားရ‌အောင်

သူ့ဆီက အ‌ဖြေရဖို့
သွားလိုက်လာလိုက်…
ရင်းလိုက် မြှုပ်လိုက်…
ဘာလိုလိုနဲ့ မူကြိုအရွယ်‌တောင် လွန်လာခဲ့ပြီ

၆နှစ်ခရီး နှင်လာခဲ့ပြီ ဆိုပါ‌တော့…
ရင်ခုန်ရမလား… ရင်နာရမလား…
နာကျင်စရာ‌တွေက ဒုနဲ့‌ဒေး…

တာလ‌ပေါ့ မျှစားတုန်းက
ရင်ဝမှာ အနာတရ မဖြစ်ခဲ့ဘူး…
မွတ်ဟဲတွတ် စားတုန်းကလည်း
အားအင်ချည့်နဲ့ မသွားဘူး…

‌နွေဦးကိုစာစီမိ‌တော့ ကာရန်လည်းညှိမရ
အစာ‌ရေစာ မဝတဝနဲ့
အရယ်အပြုံး နည်းလာကြတယ်
အ‌ရှေ့‌ရောင်ခြည်ကို ‌မျှော်ရင်း…
တာလ‌ပေါ့ အတူပြန်စားရ‌အောင်‌နော် ……။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်
၁၅/၁၀/၂၀၂၁။ ည(၁၁:၁၁)