Home သတင်း ကျဆုံးတပ်သားအ‌လောင်းများကို စစ်‌ကောင်စီတပ်ဖွဲ့ ရွာထဲတွင် ချန်ထားခဲ့

ကျဆုံးတပ်သားအ‌လောင်းများကို စစ်‌ကောင်စီတပ်ဖွဲ့ ရွာထဲတွင် ချန်ထားခဲ့

2174
Photo: KNLA

‌အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်‌တောင်ပိုင်း ရွာသစ်‌ကျေးရွာအနီးပစ်ခတ်မှုအတွင်း ကျဆုံးသွားသည့် စစ်‌ကောင်စီ တပ်ဖွဲ့၏ အ‌လောင်းအ ချို့ကို ပြန်‌ကောက်ယူ သယ်‌ဆောင်သွားခြင်းမရှိဘဲ ကျဆုံးသည့်‌နေရာ၌ပင် ချန်ထားရစ်ခဲ့သည်ဟု ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် နီးစပ်သူများက ‌ပြောသည်။

ယင်းသို့ ကျန်ရစ်ခံခဲ့ရသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်၏ အ‌လောင်းများမှာ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၂ရက်‌နေ့က ‌ကော့ကရိတ်‌တောင်ပိုင်း ရွာသစ်‌ကျေးရွာတွင် KNLA၊ ဗိုလ်ချုပ်‌ကျော်သက်ဦး‌ဆောင်သည့် DKBA ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ် ခမရ(၅၅၆) တပ်ရင်းတို့အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့ကြသူများဖြစ်သည်ဟု ဆိုသည်။

KNLA နှင့် နီးစပ်သူတစ်ဦးက “အဲ့ဒီ‌နေ့ (‌အောက်တိုဘာ ၁၂ရက်)က ငါတို့သိရသ‌လောက်က‌တော့ ၄‌ယောက်ပဲ။ ဒါ‌ပေ မယ့် ၄‌ယောက်‌တော့ မက‌လောက်ဘူး။ ဘာလို့ဆို သူတို့က တချို့ပြန်သယ်သွားတာလည်း ရှိတယ်‌လေ ညပိုင်း။ ရွာသား ‌တွေရဲ့ အိမ်‌ဘေးမှာပဲမြုပ်တာ နှစ်‌လောင်း‌လောက်ရှိမယ်။ နှစ်‌လောင်း ကပါ့မလား မသိဘူး။ အဲ့ဒီ‌နေ့ကလည်း အ‌ရှေ့ ‌ကော၊ ‌ဘေး‌ကော ဝိုင်းပစ်ကြလို့‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှု‌ကြောင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်အ‌လောင်းများကို စစ်‌ကောင်စီဘက်က ‌ဒေသခံရွာသားများ ၏ ‌နေအိမ်‌ဘေးတွင် ‌မြေမြုပ်ထားခဲ့ကြပြီး ယခုချိန်အထိ မည်သူတစ်ဦးတစ်‌ယောက်မျှ အဆိုပါ စစ်‌ကောင်စီတပ်သား အ‌လောင်းများကို သွား‌ရောက်ရှင်းလင်းခြင်းမရှိ‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

‌ကော့ကရိတ်‌တောင်ပိုင်း ‌ကော့နွဲ၊ ရွာသစ်၊ ကမိုင်ကုန်းဘက်တွင် ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့အကြား ‌အောက်တိုဘာလ ၁၁ရက်‌နေ့မှ ၁၆ရက်‌နေ့အထိ ‌နေ့စဉ်လိုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်ဘက်မှ ၁၁ဦးကျဆုံးကာ ၂၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA သတင်းအရင်းအမြစ်အရ သိရသည်။

ထို့အပြင် စစ်‌ကောင်စီတပ်မှ ‌ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ‌ဒေသခံများ၏ ‌နေအိမ်၊ တိရိစာ္ဆန်အချို့ ထိခိုက်ပျက်စီး၊ ‌သေဆုံးမှုရှိသလို ‌ဒေသခံအချို့မှာ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်။ ‌ဒေသခံအချို့မှာ ပစ်ခတ်မှု‌ကြောင့် ‌ရှောင်တိမ်းထွက်‌ပြေးမှုရှိသလို အချို့မှာ မိမိ‌နေအိမ်တွင် ပြန်လည်‌နေထိုင်‌နေဆဲဖြစ်သည်ဟုလည်း ‌ဒေသခံများ၏‌ပြော ပြချက်အရ သိရှိရသည်။