Home သတင်း ဆက်သွယ်‌ရေးလိုင်းပိတ်ထားစဉ် စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်တို့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ကျူးလွန်‌နေ

ဆက်သွယ်‌ရေးလိုင်းပိတ်ထားစဉ် စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်တို့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ကျူးလွန်‌နေ

1499
စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ရက်‌နေ့က သထုံခရိုင်၊ သထုံမြို့နယ်၊ ဝီ‌ရော‌ကျေးရွာအုပ်စု၊ ထုံးဘို‌လေးရွာရှိ ရွာဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နှင့် လူ‌နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ပုံများဖြစ်သည်။

‌အောက်တိုဘာ ၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်‌မြေ၊ ‌ကျေးရွာအများစုတွင် ပြီးခဲ့ သည့် စက်တင်ဘာလတစ်လလုံး ဖုန်းလိုင်း အပါအဝင် ဆက်သွယ်‌ရေးလိုင်းများအားလုံး ဖြတ်‌တောက်ထားစဉ် စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်တို့သည် ‌ဒေသခံလူထုအ‌ပေါ် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများစွာ ကျူးလွန်ခဲ့ သည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့သည် ဆက်သွယ်‌ရေးလိုင်းများဖြတ်‌တောက်ထားသည့်ကာလတွင် သထုံ၊ ဘီး လင်းမြို့နယ်များရှိ ‌ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ အ‌ကြောင်းမဲ့ပစ်ခတ်ခြင်း၊ လူထုကို စစ်ရိက္ခာ အတင်းအ ဓမ္မ သယ်ခိုင်းခြင်း၊ တပ်စခန်း‌ဆောက်ရန် သစ်၊ ဝါးများပို့‌ဆောင်ခိုင်းခြင်း၊ ရိက္ခာသယ်ယူပို့‌ဆောင်ချိန်၊ တပ်အ‌ပြောင်းအ လဲလုပ်ချိန်နှင့် စစ်‌ရေးလှုပ်ရှား‌နေချိန်များတွင် ‌ကျေးရွာလူထုများကို‌ခေါ်ယူကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း စသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ‌ဒေသခံလူထုနှင့် လူ့အခွင့်အ‌ရေးဆိုင်ရာ ‌စောင့်ကြည့်‌နေကြ သည့် ကရင်လူမှုအဖွဲ့အစည်းများက ‌ပြောသည်။

ဘီးလင်းမြို့နယ်မှ အမည်မ‌ဖော်လိုသူ အရပ်ဖက်အဖွဲ့ဝင်တစ်ဦးက “‌ပြောရမယ်ဆိုရင် ကျ‌နော်တို့‌ဒေသမှာ ‌နေ့၊ ည လူ့ အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရတယ်။ ပြီး‌တော့ ဖုန်းလိုင်း‌တွေ ဖြတ်ထား‌တော့ ပိုဆိုးသွားတယ်။ အချိန်မီ ဖုန်းဆက်၊ တင် ပြ၊ ‌ပြောပြလို့ မရဘူး‌လေ။”ဟု ‌အောက်တိုဘာလ ၈ရက် ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်‌နေ့က ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်း‌ကျေးရွာတွင် ‌ရောက်ရှိသည့် စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့တို့သည် ကြ‌သောင်းဆိပ်‌ကျေးရွာတွင်ရှိ‌သော BGF စခန်းသို့သွားရန် ကြိုးဝိုင်းနှင့် ပျဉ်းမပင်ဆိပ် ‌ကျေးရွာရှိ ပြည်သူအ‌ယောက် ၁၀၀‌ကျော်ကို‌ခေါ်‌ဆောင်ကာ တပ်ရိက္ခာသယ်ခိုင်းသလို ထိုအထဲတွင် အသက် (၁၈)နှစ် မပြည့်‌သေးသည့် က‌လေးများလည်းပါဝင်‌ကြောင်း ‌ဒေသခံပြည်သူများက ‌ပြောသည်။

ထို့အပြင် ‌လေး‌ကေ‌ကျေးရွာရှိ BGF တပ်စခန်းကို ပြန်လည်မွမ်းမံပြင်ဆင်ရန် ‌ဒေသခံများအား အစည်းအ‌ဝေး‌ခေါ်ကာ တစ်အိမ်လျှင် သစ် ၂‌ချောင်းနှင့် ဝါး ၁ဝလုံး မဖြစ်မ‌နေ လာ‌ရောက်ပို့‌ဆောင်ခိုင်းသည့်အပြင် ပြည်သူလူထုများ၏ ကား များကို ‌ခေါ်ယူကာ တပ်ရိက္ခာသယ်‌ဆောင်ခိုင်းမှုများ လုပ်‌ဆောင်ခဲ့သည်ဟုလည်း ‌ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၄ရက်နှင့်၂၅ရက်‌နေ့တွင်လည်း သထုံမြို့နယ်၊ ဝီ‌ရော‌ကျေးရွာအုပ်စုတွင် ဒုတိယဗိုလ်မှူးကြီး ‌ဝေယံဦး နှင့် ဗိုလ်မှူး‌ကျော်‌ကျော်လှ ဦး‌ဆောင်သည့် စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၆)သည် လူ‌နေအိမ်၊ ‌ဈေးဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားများကို အ‌ကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်မှုများ လုပ်‌ဆောင် ခဲ့သည်ဟုလည်း ‌ဒေသခံများ၏ ‌ပြောဆိုချက်များအရ သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၁)နယ်‌မြေတွင် ထွက်ရှိသည့်သတင်းများသည် ထင်မြင်ယူဆချက်နှင့် ‌ဝေဖန်‌ပြောဆိုချက်များ သာဖြစ်ပြီး ‌မြေပြင်အ‌ခြေအ‌နေနှင့် ကိုက်ညီမှုမရှိဘဲ တစ်ဖက်သတ်‌ပြောဆိုမှုသာဖြစ်သည်ဟု ကရင်ပြည်နယ်၊ နယ်ခြား ‌စောင့်တပ် အမှတ်(၂) တပ်နယ်ဗျူဟာမှူး ဗိုလ်မှူး‌စောတင်ဝင်းက ယမန်‌နေ့ ‌အောက်တိုဘာလ ၈ရက်‌နေ့တွင် ‌ကေအိုင် စီသို့ ‌ပြောသည်။

“ဗိုလ်တင်ဝင်းကို ‌မေးပြီးပြီ။ သူ‌ပြောတာက ကိုယ့်ကရင်အချင်းချင်း ဒီလိုလုပ်လို့ မရဘူး‌လေ။ သူဘာ‌တွေ လိုက်‌ကောက် လဲ၊ ဘာ‌တွေလုပ်လဲဆိုပြီး လူ‌တွေက သူ့နာမည်ကို အမျိုးမျိုး လိုက်ဖျက်တာပဲလို့‌ပြောတယ်။ သူများသွားသတ်၊ သွားပစ် တာလည်း သူလုပ်တယ်လို့ပဲ စွပ်စွဲကြ‌ပြောဆိုကြတယ်။ ကျ‌နော့်စိတ်ထင် အဲဒီဟာ‌တွေက ပုဂ္ဂိုလ်‌ရေးအရ မ‌ကျေနပ်လို့ အဲလိုနာမည်လိုက်ဖျက်တယ်လို့ပဲ ထင်တယ်။ အဲ‌လောက်အထိ လုပ်တာ‌တော့ မရှိ‌လောက်ဘူး။”ဟု ‌ပြောသည်။

စစ်အာဏာသိမ်းခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့ ‌နောက်ပိုင်း ကာချုပ်မင်း‌အောင်လှိုင် ဦး‌ဆောင်သည့် အာဏာသိမ်း စစ် ‌ကောင်စီတပ်နှင့် ၎င်းတို့ လက်‌အောက်ခံတပ်ဖွဲ့များသည် ပြည်သူလူထုများအ‌ပေါ် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ယခင်ကထက် ပိုမိုကျူးလွန်လာသည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)‌ပြောခွင့်ရ ‌စောနန္ဒဆူးကလည်း ‌ပြောသည်။

သူက “ကျ‌နော်တို့ တိုင်းရင်းသားနယ်‌မြေမှာ အရင်ကတည်းက လူ့အခွင့်အ‌ရေးချိုး‌ဖောက်တာကို ခံစား‌နေရတယ်။ အခု ချိန်မှာ သူတို့မှာ ငြိမ်းချမ်းစွာ ‌နေထိုင်သင့်ပြီ။ ဒါ‌ပေမယ့် စစ်အာဏာသိမ်းပြီးတဲ့‌နောက်ပိုင်းမှာ သူတို့‌တွေက အစတုန်းက လိုပဲ လူ့အခွင့်အ‌ရေး ပြန်ချိုး‌ဖောက်ခံ‌နေရတယ်။ အဲဒါ‌ကြောင့် ပြည်သူလူထု ‌ထောက်ခံတဲ့ အစိုးရပြန်ရဖို့ စစ်တပ်ကို ဖိအား‌ပေးနိုင်တဲ့ အာဏာရှိတဲ့လူ‌တွေ၊ နိုင်ငံတကာ‌တွေ ကျ‌နော်တို့ တိုက်တွန်းရမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁) ထိန်းချုပ်နယ်‌မြေအချို့တွင် တယ်လီ‌နော၊ MPT နှင့် Mytel စသည့် ဆက်သွယ် ‌ရေးဖုန်းလိုင်းများ တပ်ဆင်ထားရှိ‌သော်လည်း စစ်တပ်အာဏာသိမ်းပြီး‌နောက်ပိုင်းတွင် တယ်လီ‌နောနှင့် MPT ဖုန်းလိုင်း များမှာ မကြာခဏ ပိတ်ထားခံရပြီး Mytel တစ်ခုတည်းကိုသာ ပြန်လည်ဖွင့်ခဲ့သည်။

သို့‌သော် ပြီးခဲ့သည့် စက်တင်ဘာလတစ်လလုံးတွင် Mytel အပါအဝင် ဖုန်းလိုင်းအားလုံး ပိတ်ထားခဲ့ပြီး ယခု ‌အောက်တို ဘာလဆန်းပိုင်းမှ ပြန်လည်ဖွင့်‌ပေး‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။