ဆက်သွယ်မေးမြန်းခြင်း
“ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အရမ်းအရေးကြီးတယ်”
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကိုဗစ်ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနေမှု အခြေအနေများ နှင့်ပတ်သက်၍ ဒုက္ခသည်ကျန်းမာရေးကူညီပေးရေးအဖွဲ့(IRC)မှ ကျန်းမာရေးကြီးကြပ်သူ အကြီးတန်းတာဝန်ခံ ဒေါက်တာဒေါ်အေးအေးမိုးအား ကေအိုင်စီက စက်တင်ဘာလ ၂၁ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။
ကေအိုင်စီ – မယ်လမှာ မနေ့က Zoom-C မှာရှိတဲ့ ရပ်ကွက်တွေကို ကာကွယ်ဆေးထိုးပေးတယ်။ ဒီနေ့ဆိုရင် Z-B လို့ ပြောတယ်။ နောက်တစ်ခုက ဒီတစ်ပတ်လုံး ကာကွယ်ဆေး ထိုးသွားမှာလား။ ဘယ်လိုစီစဉ်ထားလဲဆိုတာ သိချင်ပါ တယ်။
ဒေါက်တာ – ကာကွယ်ဆေးထိုးတာက ဇုန်တစ်ခုထဲတော့ မဟုတ်ဘူး။ ဇုန် A, B, C သုံးခုစလုံးကို Section တွေခွဲပြီး တော့ ထိုးသွားမယ်။ ထိုင်းနိုင်ငံရဲ့ princess ရဲ့ project ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ သူတို့က သူတို့ထိုင်းနိုင်ငံရဲ့ပြည်သူ့ ကျန်းမာရေးဌာန (ministry of public health) ကနေ တာဝန်ယူပြီးတော့ ထိုးနှံသွားတယ်။ မယ်ရမာ့ဆေးရုံနဲ့ ထာ့ဆောင်ယန်းရဲ့ ကျန်းမာရေးဝန်ထမ်း သူတို့ကတော့ ဆေးထိုးတယ်ပေါ့နော်။
ကျမတို့ IRC ကတော့ စာရင်းပြုစုပေးတာ၊ လူအများကို ဆေးနဲ့ပတ်သက်ပြီးတော့ ရှင်းပြ၊ ပြောပြတာ အကူအညီပေး ပြီးတော့ ပူးပေါင်းဆောင်ရွက်ရတာပေါ့။ မေးခွန်းကို ဖြေရမယ်ဆိုရင် ကျမတို့အကုန်လုံး criteria ခွဲထားတယ်။ အသက် ၆၀၊ ၆ဝနှစ် အထက်လူတွေတို့ နောက် အသက် ၁၈နှစ်အထက်ပေါ့နော်။ ပြီးတဲ့အခါ မနာမကျန်းတဲ့လူ၊ ကိုယ်ဝန်ဆောင် တွေ အဲ့လိုမျိုးတွေ ကျမတို့ ခွဲထားတယ်။ အကုန်လုံးကို ထိုးနှံပေးသွားမှာပါ။
ကေအိုင်စီ – သိထားသလောက်က စခန်းမှာ ဆေး ၈၀၀ဝ ရှိတယ်။ ပထမ အသုတ်အနေနဲ့ ဘယ်လောက်ထိုးပေးမှာ လဲ။
ဒေါက်တာ – ဆေး ၄၀၀ဝစီကို နှစ်ခါ ထိုးသွားမှာပါ။ ပထမ တစ်ခေါက်မှာ ၄၀၀ဝ ထိုးတယ်။ ဒုတိယ တစ်ခေါက်မှာ ၄၀၀ဝ ထိုးတယ်။ နှစ်ခေါက် ထိုးသွားမှာပါ။
ကေအိုင်စီ – ဒီဆေးထိုးတဲ့အခု လူအုပ်စုပေါ့နော်။ ဒေါက်တာပြောတဲ့ ၃အုပ်စုတွေမကဘဲနဲ့ တချို့စိတ်အားထက် သန်တဲ့ စခန်းသူ၊ စခန်းသားတွေလည်း ထိုးပေးတဲ့အပေါ် အဲ့ဒီအခြေအနေက ဘယ်လိုရှိလဲ။
ဒေါက်တာ – အဲ့ဒါက တချို့ကို ကျမတို့က ရှင်းပြတယ်။ vaccine ကတော့ ကိုဗစ်အခြေအနေက သိတဲ့အတိုင်းပဲ။ resistance ဆွဲစရာလည်း ပေါ်လာတော့ ကျမတို့က ထိုးထားတာတော့ အကောင်းဆုံးပဲ။ တစ်ခေါက်ထိုးလည်း ကိုယ်ခံ အား (immune) က ရလာတယ်။ နှစ်ခေါက်ထိုးတဲ့အခါကျရင် ဘယ်လောက်ရတယ်ပေါ့နော်။ ကိုယ်ခံအား (immune) တက်တယ်။ antibody တက်တယ်။ data ကတော့ မတူဘူးပေါ့။ အဲ့လိုတက်လာတဲ့အတွက်ကြောင့် ကျမတို့ ထိုးဖို့ တိုက်တွန်းတယ်။
သို့သော် ရှင်းပြသော်လည်း တချို့က မထိုးဘူးပေါ့နော်။ အဲ့ဒါမျိုးတွေ ရှိပါတယ်။ မထိုးချင်ဘူး ငြင်းတယ်။ ဒါကျ တော့ ကျမတို့ ထိုးဖို့ချိန်းသော်လည်း မထိုးချင်တဲ့လူတွေအတွက် အတင်းကြီး ထိုးခိုင်းဖို့ အဆင်မပြေဘူး။ လာတဲ့သူမှန် သမျှ၊ ထိုးချင်တဲ့သူ၊ ဆန္ဒရှိတဲ့သူမှန်သမျှ အကုန်ထိုးပေးနေပါတယ်။ ဟိုဟာ criteria နဲ့တောင် မဟုတ်တော့ဘူးပေါ့။ တချို့က မထိုးချင်ဘူး ငြင်းတယ်။ အဓိက က များများထိုးထားလေလေ immune က မြန်မြန်တက်လေလေပေါ့နော်။
အဲ့တော့ camp community တစ်ခုလုံးက ကာကွယ်ရာကျမယ်။
ထိုးပေးနေတဲ့ အတောအတွင်းမှာလည်း ရှင်းပြပြောပြနေပါတယ်။ ဒါဟာ ကောင်းပါတယ်။ ရောဂါမကူးစက် အောင် ကာကွယ်တာတော့ မဟုတ်ဘူး။ Mask တပ်တာတို့ လက်ဆေးတာတို့ Social distancing တို့ ဆက်လုပ်ရမယ်။ ဒါပေမဲ့ ရောဂါကြောင့် လူသေဆုံးနှုန်းကျသွားမယ်။ နောက် ရောဂါကူးစက်ခံရရင်တောင် ပြင်းပြင်းထန်ထန်ဖြစ်တာတွေ မဖြစ်တော့ဘူး။ ရှင်းပြပါတယ်။ သို့သော်လည်း တချို့က ဆန္ဒမရှိတဲ့သူတွေ အတင်းအကြပ်ထိုးခိုင်းလို့ မရတဲ့အတွက် ကြောင့် နောက်ဆုံး မနေ့ကကော ဒီနေ့ကော တစ်ချို့ Section (ရပ်ကွက်)တွေမှာ ဆန္ဒရှိတဲ့သူအကုန် ထိုးပေးနေပါ တယ်။
ကေအိုင်စီ – နောက်တစ်ခုက ဒီမယ်ရာမို၊ မယ်လအူး camp (စခန်း)တွေမှာ တချို့ ကျန်းမာရေးဝန်ထမ်းတွေရယ်၊ နောက် camp(စခန်း)ကော်မတီဝင်တွေကို ကာကွယ်ဆေးထိုးပေးပြီးလို့ သိရပါတယ်။ နောက်တခြား camp တွေအ တွက် ဒေါက်တာတို့ ဘယ်လိုမျိုး plan(အစီအစဉ်)တွေရှိလဲ။
ဒေါက်တာ – ကျမတို့ကတော့ စခန်း (၉)ခုစလုံးမှာ IRC အနေနဲ့ကတော့ vaccine ကရှိရင် လူကြီးပိုင်းတွေပေါ့နော်။ ကျမတို့ အပါအဝင် ကျမတို့ country director တွေ ဝိုင်းပြီးတော့ ဆောင်ရွက်နေတယ်။ အလားအလာ အများကြီး ရှိပါ တယ်။ ကျန်တဲ့ camp ဆိုတာ၊ camp ကိုးခုစလုံးကို target camp တစ်ခုထဲတော့ မဟုတ်ဘူး။ အဲ့တော့ princess project ကို ပြောရမယ်ဆိုရင် သူတို့က ဘယ်တော့ဖြစ်မယ်လို့ အတိအကျ ပြောလို့မရသေးဘူး။ မယ်လကိုတော့ သူတို့ အရင်ထိုးဖို့ လုပ်လိုက်တယ်။

ပြီးတော့ နို့ဖိုး၊ အုန်းဖျန်ပိုင်းကိုလည်း ဆက်တိုးချဲ့ပြီး ထိုးနှံဖို့အတွက် ရှိတယ်။ အဲ့ဒါအပြင်ကို ကျမတို့က ကာကွယ်ဆေး (vaccine) ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေ ရှိတယ်။ အလားအလာကလည်း ကောင်းသထက်ကောင်းလာအောင် ကျမတို့ဆက်ပြီးတော့ ထိုးသွားဖို့ရှိတယ်။ IRC အနေနဲ့ကတော့ စွမ်းဆောင်ကြိုးပမ်း နေတယ်။ အခုကတော့ ministry of public health နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ project တစ်ခုပေါ့နော်။ တခြား camp ကို ထိုးဖို့ရှိလားဆိုတော့ ရှိတယ်။ တိုးချဲ့ပြီး လုပ်ဆောင်ပေးဖို့ အစီအစဉ် ရှိပါတယ်။
မယ်ဟောင်ဆောင်ဆိုလို့ရှိရင်လည်း PHO ကနေပြီးတော့ ထိုးပေးပြီးသွားပြီ။ ကျမတို့ဝန်ထမ်းတွေအားလုံး ကရင်နီဆိုက်(စခန်း) 1, 2 တို့မှာ ထိုးပေးတာတွေရှိတယ်။ မယ်လအူးကလည်း (MI)က ဦးဆောင်ထိုးနှံသွားတာပေါ့ နော်။ အဲ့ဒါလည်း ရရှိသွားတာတွေ ရှိတယ်။ ဒီကောင်ကလည်း ဒီ project ကတော့ မယ်လပြီးရင် နို့ဖိုးနဲ့ အုန်းဖျန်ကို ဆက်ပြီး တိုးချဲ့ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်။ နောက်ထပ်ပြီးတော့ project အပြင် vaccine နဲ့ ပတ်သက်တာဆို လို့ရှိရင် ပေးဖို့ရအောင် လုပ်ဖို့အတွက်လည်း ready(အဆင်သင့်)ပဲ စွမ်းဆောင်နေကြတယ်။ side 1,2 ရဲ့ လူဦးရေစာ ရင်းကို အတိအကျပြန်ပြီး ကြည့်ရမှာမို့လို့ camp ကော်မတီတော့ သေချာတော့မသိဘူး။ IRC ရဲ့ camp bases assistant တွေအားလုံးကိုတော့ သူတို့ဆန္ဒရှိတဲ့သူမှန်သမျှကို ထိုးပေးထားတယ်။ အခုဆိုရင်တော့ မယ်လမှာ အကုန် ထိုးနေတယ်။ ကျမတို့ ကြာသပတေးနေ့အထိ ဆက်ပြီးရပ်ကွက်လိုက် CBA တွေက ရပ်ကွက်အလိုက် လိုက်ပြီးတော့ ထိုးရတယ်ပေါ့နော်။
ကေအိုင်စီ – တခြားသော camp တွေကကော ဒီ process က အုန်းဖျန်နဲ့ နို့ဖိုးကိုတော့ သွားမယ်။ ထမ်းဟင်တို့၊ ဘန့်ဒုံယန်းစခန်းတို့ကရော။
ဒေါက်တာ – ထမ်းဟင်နဲ့ ဘန့်ဒုံယန်းတို့က ခုနက ကျမပြောတဲ့ another project ကို ကျမတို့က ဆက်ပြီး ကြိုးစား နေတယ်လို့ ပြောပါတယ်။ အခြေအနေက တော်တော်လေး ရနိုင်တဲ့ သတင်းကောင်းလေးလို့ ပြောလို့ရပါတယ်။ ရဖို့ လမ်းကြောင်းကလည်း တော်တော်လေးကို ကောင်းပါတယ်။ ကျမတို့ကလည်း ကြိုးစားနေပါတယ်။
ကေအိုင်စီ – နောက်ဆုံးအနေနဲ့ ဒီကိုဗစ်ကာကွယ်ဆေးကို camp ထဲမှာထိုးပေးတဲ့ process အားလုံးပေါ်မှာ ဒေါက်တာအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။
ဒေါက်တာ – အခု ဒီရတဲ့ princess process ကကျတော့ မယ်လအခြေအနေလည်း သိမှာပါ။ ကျမတို့က ကိုယ်စွမ်း ကော၊ ဉာဏ်စွမ်းကော အတူကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်နေပေမယ့် positive ဖြစ်နေတဲ့ လူနာဟာ တော်တော်ကြီးကို များလာပြီးပေါ့နော်။ အဲ့အခါကျတော့ လူတွေရဲ့ community ဟို vaccine ကတော့ မဆိုင်ဘူး။ ဒါပေမယ့် ကျမ ပြောပါရစေ။
Community နဲ့ပတ်သက်ပြီးတော့ Community ကတော့ Awareness ပေါ့နော်။ Community ရဲ့ Awareness က အရမ်းကို အရေးကြီးတယ်ပေါ့နော်။ Community ကပါမှ ကျမတို့ဝိုင်းပြီး အကုန်လုံးလှုပ်ရှားမှ အောင်မြင်မှာပေါ့ နော်။ ဒီ ကိုဗစ်သည် ကျမတို့အတွက် Challenge ဖြစ်တဲ့အတွက် စိန်ခေါ်မှုက ကြီးတယ်။ ကူးစက်နှုန်းလည်း မြန်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကူးစက်နှုန်းကကလည်း တအားကို မြန်တယ်။ အဲ့အခါကျတော့ health program တစ်ခု ထဲရုန်းလို့ ဘယ်လိုမှမရဘူး။ Health program ကတော့ ဆောင်ရွက်နေတာပဲ။
ဥပမာဆိုလို့ရှိရင် မယ်လ Camp မှာ မြင်နေတာဆိုလို့ရှိရင် Mask တပ်တဲ့ကိစ္စပေါ့။ ကျမတို့က Mask တပ်ဖို့ Mask တွေ ဝေပေးပေမယ့် Community ထဲကို မြေပြင်ကို ဆင်းကြည့်လိုက်မယ်ဆိုရင် Mask မတပ်ဘဲ သွားလာနေကြ တာတွေ၊ ဈေးဆိုင်တွေမှာတိုးပြီး ဈေးဝယ်နေတာတွေ၊ အဲ့ဒါတွေအားလုံးက ကျမတို့အားလုံးက ကျန်းမာရေး ပညာပေး တွေ Mask တပ်ရမယ်။ လူစုလူဝေး ရှောင်ရမယ်။ လက်ဆေးရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် လိုက်နာဆောင်ရွက်နိုင် ခြင်း မရှိဘူးပေါ့နော်။
အဲ့အခါကျတော့ ကိုဗစ်ဆေးလာထိုးတဲ့အခါ ကျမတို့ဘက်က တတ်နိုင်သလောက် Mask တွေကို ချိတ်ပေးထား တယ်။ Social distancing နဲ့ ပတ်သက်ပြီးတော့လည်း Control the crow ကို တတ်နိုင်သလောက် Control လုပ်ရ တယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ ပြောရတယ်။ အဲ့တော့ Community ရဲ့ Awareness ကတော့ အရေး ကြီးပါတယ်။
နောက်တစ်ခုက ကိုဗစ်သည် ကာကွယ်ဆေးထိုးလိုက်လို့ ရောဂါမဖြစ်မှာမဟုတ်ဘူး။ ကာကွယ်ဆေးထိုးခြင်း အားဖြင့် ရောဂါရဲ့ပြင်းထန်မှုကို လျှော့ကျသွားစေတယ်။ နှစ်ခေါက်တော့ ထိုးရမယ်နော်။ တစ်ခေါက်ထိုးပြီးဆိုရင် တောင် ကျမတို့ရာခိုင်နှုန်းတွေ ရှိတာပေါ့နော်။ Antibody က တက်လာပြီး ရောဂါဖြစ်ပွားမှုနှုန်းကို ကာကွယ်နိုင်ခြင်းရှိရ မယ်။
နောက်တစ်ခုကကျတော့ သေဆုံးမှုပေါ့နော်။ ဒီကိုဗစ်ရောဂါကြောင့် သေဆုံးမှုက ကျသွားမယ်။ အဲ့ဒါတွေ ရှိ တယ်။ သို့သော်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အရမ်းအရေးကြီးတယ်။ အဲ့တော့ သူတို့က ဒီအတိုင်းဆက်ပြီး တော့ ကျန်းမာရေးအဖွဲ့အစည်း IRC ရဲ့ တာဝန်ရှိတယ်ဆိုပေမယ့် IRC ကနေပြီးတော့ လိုက်ပြီးဆောင်ရွက်လို့မရတဲ့ ကိစ္စတွေရှိတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းကို လိုက်ပြီး ဆောင်ရွက်ပေးလို့ မရတာတွေတော့ ရှိတယ်ပေါ့။ အဲ့ဒါ လေးတော့ ပြောချင်ပါတယ်။



















