Home သတင်း မြဝတီမြို့တွင် ချိန်ကိုက်မိုင်း ၁ လုံး ‌ပေါက်ကွဲမှုဖြစ်ခဲ့

မြဝတီမြို့တွင် ချိန်ကိုက်မိုင်း ၁ လုံး ‌ပေါက်ကွဲမှုဖြစ်ခဲ့

1623

ဩဂုတ် ၂၇ ရက်၊ ၂၀၂ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယ‌နေ့နံနက် ၆နာရီခွဲခန့်က ချိန်ကိုက်မိုင်း ၁ လုံး ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ‌ရွှေဝါရင်လမ်းနှင့် သုခ ၂ လမ်း‌ထောင့် ၊ သုခ ၂ လမ်း၏ လမ်းဝဲဘက် ပလက်‌ဖေါင်း‌ဘေး မြက်ဖုတ်အတွင်း ထိုင်းနိုင်ငံထုတ် True အမျိုးအစား ကီးပက်ဖုန်း ဖြင့် ချိန်ကိုက်မိုင်း(၁) လုံး ‌ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်း‌ပေါက်ကွဲမှု့‌ကြောင့် လမ်း‌ဘေး၌ရပ်ထား‌သော CANTER အဖြူ‌ရောင် 2P -9000 ကား၏ ဝဲဘက်မှန်တစ်ချပ် ကွဲအက်‌ကြေမွခဲ့ပြီး လူ နှင့် အခြားအ‌ဆောက်အဦးများ ထိခိုက်ပျက်စီးမှု့မရှိ‌ကြောင်း သိရသည်။

လက်ရှိမြဝတီမြို့တွင် ကိုဗစ်‌ရောဂါကူးစက်မှုနှင့် ‌သေဆုံးနှုန်း မရှိသ‌လောက်‌လျှော့ကျလာ‌သော် လည်း ကိုဗစ်အ‌ကြောင်းပြ၍ မနက် ၉ နာရီ‌နောက်ပိုင်း အပြင်မထွက်ရ အမိန့်ထုတ်ထားဆဲဖြစ်သည်။

ထိုသို့ အမိန့်ထုတ်ထားပြီး မလိုက်နာသူများအား ‌ဒေသအာဏာပိုင်များက ‌နေ့စဉ် ‌စောင့်ကြည့်ဖမ်းဆီးကာ ဒဏ်‌ငွေရိုက်မှုများရှိ‌နေ၍ လက်လုပ်လက်စားအ‌ခြေခံလူတန်းစားများ အလုပ်မလုပ်ရသည့်အတွက် စားဝတ်‌နေ‌ရေးအခက်ကြံ‌နေကြရသည်။