Home ဆောင်းပါး ၆လအတွင်း ငြိမ်သက်သွားသည့် ပြည်တွင်းကရင့်အ‌ရေးအရာများ

၆လအတွင်း ငြိမ်သက်သွားသည့် ပြည်တွင်းကရင့်အ‌ရေးအရာများ

2213

၆လအတွင်း ငြိမ်သက်သွားသည့် ပြည်တွင်းကရင့်အ‌ရေးအရာများ

ထူးက‌ပေါ်

(၅ ဩဂုတ် ၂၀၂၁)

ယခင်နှစ် ယခုလိုကာလမျိုးတွင် ကရင်လူငယ်အချို့ ကရင့်အာဇာနည်‌နေ့ကျင်းပ‌ရေးအတွက် သိုသိုသိပ်သိပ် လက်တို့ လှုပ်ရှား‌နေကြသည်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေး စည်းကမ်းချက်များနှင့်အညီ မူ‌ဘောင်အတွင်းမှ ကရင့်အမျိုး သားအာဇာနည်‌နေ့ကို ရန်ကုန်တွင် ကျင်းပနိုင်‌ရေး စီစဉ်‌နေကြသည်။

“၇၁နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ကို ပြည်တွင်းမှာ‌တော့လုပ်ဖို့ တိုင်ပင်‌နေကြတာ ကြားရတာပဲ။ အရင်နှစ်လို‌တော့ မလုပ်နိုင်‌တော့ဘူး‌ပေါ့”ဟု ပြည်တွင်းရှိ ကရင်လူငယ်တစ်ဦးက ‌ပြောသည်။

၂၀၂ဝပြည့်နှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့က ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံ‌ရှေ့၌ နှစ် ၇ဝပြည့် ကရင်အမျိုးသား အာဇာနည်‌နေ့ကို အခမ်းအနားအသွင်ဖြင့် ကျင်းပနိုင်ခဲ့ပြီး ထိုစဉ်က ရန်ကုန်တွင် ‌ရွေး‌ကောက်ပွဲဝင်မည့် ကရင်‌ရေးရာ အမတ်များ တက်‌ရောက်ဂါရဝပြုခဲ့သည့် ဓါတ်ပုံများ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့စွာ ‌ပေါ်ထွက် လာခဲ့သည်ကို ‌တွေ့ရသည်။

သို့‌သော် အခမ်းအနားမှာ မ‌ချော‌မွေ့ခဲ့။ ကနဦး စီစဉ်ထားချက်အရ မွန်းလွဲ ၂နာရီတွင် အခမ်းအနားရုပ်သိမ်းမည်ဖြစ် ‌သော်လည်း အာဏာပိုင်များက မွန်းလွဲ ၁၂နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခိုင်းခဲ့သည့် အ‌ချေအတင်ဖြစ်ပွားမှုများ ရှိခဲ့ သည်။ ‌နောက်ဆက်တွဲအ‌နေဖြင့် ကရင်လူငယ် ၂ဦးတို့ ‌ထောင် ၁၅ရက်စီ ချမှတ်ခံခဲ့ရကာ ယင်းအခမ်းအနားနှင့်ဆက်စပ် သည့် အမျိုးသမီးတစ်ဦးလည်း အ‌ရေးယူခံခဲ့ရသည်။

ယင်းက ပြည်တွင်းကရင့်အ‌ရေးအရာများထဲမှ ကရင်အာဇာနည်‌နေ့ ကျင်းပမှုအ‌ခြေအ‌နေတစ်ခုသာဖြစ်ပြီး ယခင် အ‌ခြေ အ‌နေများကို သတိထားကြည့်မည်ဆိုလျှင် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အစည်းအ‌ဝေးများ၊ ကရင်အမျိုးသား ‌နေ့အခမ်းအနား၊ ကရင်သင်ရိုးညွှန်းတမ်း ‌ရေးဆွဲ‌ရေး‌ကော်မတီအစည်းအ‌ဝေးများ၊ ‌နေရာ‌ဒေသစုံ ကရင့်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားများ၊ ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်း၊ ကရင်တက္ကသိုလ်‌ကျောင်းသူ‌ကျောင်းသားများ၏ လှုပ်ရှား မှုများ စသည်တို့ဖြင့် ကဏ္ဍစုံ ကရင့်အ‌ရေးအရာ လှုပ်ရှားမှုများကို သတင်းမီဒီယာများနှင့် အင်တာနက် လူမှုကွန်ရက်စာ မျက်နှာများတွင် ‌တွေ့ခဲ့ရစမြဲပင်။

သို့‌သော် ၂၀၂၁ခု၊ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် စစ်တပ်က နိုင်ငံ့‌ခေါင်း‌ဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းယူလိုက် ပြီး‌နောက်တွင်မူ တစ်နိုင်ငံလုံး ‌နွေဦး‌တော်လှန်‌ရေးနှင့် အခြားနိုင်ငံ‌ရေး၊ စစ်‌ရေးဂယက်များ ရိုက်ခတ်ခဲ့သည့်နည်းတူ ကရင့်‌ရေးရာလှုပ်ရှားမှုများလည်း အားနည်းသွားပြီး အာဏာသိမ်း ‌ခြောက်လပြည့်ချိန်တွင်မှု လှုပ်ရှားမှုများ ‌ခြောက်ကပ် သွားသည်။

အမှန်စင်စစ် ‌စောဘဦးကြီးကို ကရင့်အာဇာနည်ပုဂ္ဂိုလ်အဖြစ် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်တစ် မျိုးသားလုံးက တရားဝင် သတ်မှတ်ထားပြီးဖြစ်သည်။ ပြည်တွင်းလူမှုအဖွဲ့အစည်းများကလည်း ကရင်အာဇာနည်‌နေ့နှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲတစ်ရပ်ကို ၂၀၁၉ စက်တင်ဘာ ၁ရက်‌နေ့တွင် ရန်ကုန်မြို့ ‌အောက်ကြည့်မြင်တိုင်လမ်းရှိ အမှတ် ၅၂၄ ၌ ကျင်းပခဲ့ကြ‌သေးသည်။

အဆိုပါအခမ်းအနားတွင် ‌စောဘဦးကြီးကို ကရင့်အာဇာနည် ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခဲ့ပြီး အာဇာနည်‌နေ့သည် ကရင်လူ မျိုးတို့၏ ‌နေ့ထူး‌နေ့မြတ်ဖြစ်သည်ဟု အခမ်းအနားအပြီးတွင် သ‌ဘောထားထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

“‌စောဘဦးကြီးက ကရင်အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့လို့ ကရင်တစ်မျိုး သားလုံးရဲ့ အာဇာနည်ပုဂ္ဂိုလ်ဖြစ်တယ်လို့ စာတမ်းဖတ်ပွဲအပြီး ထုတ်ပြန်ချက်မှာ‌တွေ့တယ်။ အခမ်းအနားကို အခု စစ် ‌ကောင်စီရဲ့ ပြည်‌ထောင်စု တိုင်းရင်းသား‌ရေးရာဝန်ကြီးဖြစ်‌နေတဲ့ ‌စောထွန်း‌အောင်မြင့်လည်း တက်‌ရောက်ပြီး သ‌ဘော တူခဲ့‌တော့ အခု သူတို့ ဘယ်လိုလုပ်မလဲ ‌စောင့်ကြည့်မယ်။”ဟု ကရင်လူငယ်တဦးက ‌ပြောသည်။

ထို့အပြင် အာဏာသိမ်းမှု‌ကြောင့် ကရင့်‌ရေးရာ အခမ်းအနားများ ကျင်းပရန် အခက်ကြုံ‌နေရသည့်နည်းတူ၊ ကိုဗစ်တတိ ယလှိုင်း ရိုက်ခတ်မှု‌ကြောင့် ဝါ‌ခေါင်လတွင်လုပ်မြဲဖြစ်သည့် ချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားများကို လူစုလူ‌ဝေးဖြင့်ပြုလုပ် ရန် မလွယ်ကူသည့် အ‌ခြေအ‌နေဖြစ်‌နေ‌ကြောင်း ရန်ကုန်၊ ဧရာဝတီနှင့် ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသခံများက ဆိုသည်။

“ကိုဗစ်က ပြင်းထန်‌နေ‌တော့ လူစုလူ‌ဝေးလုပ်ဖို့ မဖြစ်နိုင်ဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ့်မိသားစုနဲ့ကိုယ် လက်ချည်ပွဲ (ချည်ဖြူဖွဲ့မဂင်္လာ)လုပ်ကြဖို့ တိုက်တွန်းပါတယ်။”ဟု စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီဝင်တဦးက ‌ပြောသည်။

အာဏာသိမ်းမှုဖြစ်ပြီး‌နောက် ကရင်စာ‌ပေနှင့်သက်ဆိုင်သည့် ကဏ္ဍများတွင်လည်း လှုပ်ရှားမှုနည်းပါးသွား‌ကြောင်း စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အသိုင်းအဝိုင်းက ဆိုသည်။

“အခု နစကရဲ့လက်‌အောက်မှာ စာ‌ပေ၊ ယဉ်‌ကျေးမှု မလုပ်ဖူး ဆိုတဲ့လူ‌တွေရှိလာတယ်။ ဥပမာ ‌ပြောရရင် စာ‌ပေ၊ ယဉ် ‌ကျေးမှု‌ကော်မတီ အစည်းအ‌ဝေး‌ခေါ်တယ်။ မလာဘူး။ တချို့မြို့နယ်ဆို အစည်းအ‌ဝေးမလာသလို ဘာမှလုပ်လို့ မရ တာ‌တွေရှိတယ်။”ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တာဝန်ရှိသူတဦးက ‌ပြောသည်။

ရန်ကုန်တိုင်းစာယဉ်အ‌နေဖြင့် အာဏာသိမ်းထားစဉ်ကာလ ယခင် မပြီးပြတ်ခဲ့သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပိုး-စ‌ကော-အဂင်္လိပ်-မြန်မာ အဘိဓါန်စာအုပ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်‌ဝေဖြန့်ချိခဲ့‌သော်လည်း ကရင်လူမှုအ သိုင်းအဝိုင်းတွင် စိတ်ဝင်စားမှုနည်းပါးသည်ကို ‌တွေ့ရသည်ဟု ဖြန့်ချိသူများထံမှ သိရသည်။

အလားတူ အစိုးရ‌ကျောင်းများ၌ ကရင်စာသင်ကြား‌ရေး အစီအစဉ်တွင် အချို့ ဆရာ၊ ဆရာမများ မသင်ကြား‌တော့ခြင်း၊ အလုပ်ထွက်သွားခြင်း စသည့် အခက်အခဲမျိုးစုံနှင့်အတူ ယခင်နှစ်များကဲ့သို့ သင်ကြားနိုင်ခြင်းမရှိသလို လက်ရှိ ကိုဗစ် ‌ကြောင့် စာသင်‌ကျောင်းများ ပိတ်ထားလိုက်ရပြီး ဖြစ်သည်။

အာဏာသိမ်း စစ်‌ကောင်စီ၏ ဦးတည်ချက် ၉ရပ်တွင် လူမှု‌ရေး ဦးတည်ချက်၌ “တိုင်းရင်းသားလူမျိုးအ‌ပေါင်းတို့၏ ဓ‌လေ့ထုံးတမ်းအစဉ်အလာများကို ‌လေးစားလိုက်နာပြီး အမျိုးသားယဉ်‌ကျေးမှု စရိုက်လက္ခဏာများ မ‌ပျောက်ပျက် ‌အောင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး”ဟု ‌ဖော်ပြထားသည်ကို ‌တွေ့ရပြီး တိုင်းရင်းသားများအ‌နေဖြင့် စာ‌ပေ၊ ယဉ်‌ကျေးမှု မ‌ပျောက်ပျက်‌အောင်လုပ်‌ဆောင်နိုင်သလို ဓ‌လေ့ထုံးတမ်းများကို ‌လေးစားလိုက်နာမည့်သ‌ဘောဟု မှတ်ယူနိုင်သည်။

သို့‌သော် အဆိုပါဦးတည်ချက်တွင် “‌နေ့ထူး၊ ‌နေ့မြတ်” မပါရှိသည့်အတွက် ဥပမာအားဖြင့် ကရင်အမျိုးသား အာဇာနည် ‌နေ့၊ ကရင်အမျိုးသား‌နေ့များ တရားဝင် ကျင်းပခွင့်ရှိသည့် အ‌ခြေအ‌နေမဟုတ်ဟု မှတ်ယူ၍ရသည်။

လက်ရှိ စစ်‌ကောင်စီ လက်‌အောက်တွင် ကရင့်‌ရေးရာလှုပ်ရှားမှုများမှာ ယခင် လူထုအစိုးရလက်ထက်ကထက် အဖက် ဖက်မှ အားနည်း‌ခြောက်ကပ်သွား‌သော်လည်း ကရင်လူငယ်များမှာ ၎င်းတို့တတ်နိုင်သည့်ဘက်မှ နည်းလမ်းရှာ လုပ် ကိုင်သွားရမည်ဖြစ်‌ကြောင်း ဧရာဝတီတိုင်း၊ ကရင်လူငယ်တဦးက မှတ်ချက်ပြု‌ပြောသည်။

သူက “အာဏာသိမ်းလိုက်တာ‌ရော၊ ကိုဗစ်‌ကြောင့်‌ရော ဘာလုပ်လုပ် အခက်အခဲရှိတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ဒီနှစ်မှာ ကျ‌ရောက်မဲ့ ၇၁နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ကို ‌စောဘဦးကြီး ဇာတိရွာ ဘဲဂရက်မှာ အခမ်းအနားမလုပ်ဘဲ လာပြီး အ‌လေးပြု ပန်း‌ခွေချ၊ ပြန်‌ပေါ့‌နော်။ လုပ်ကြမယ်။ တခြား‌နေရာတစ်ခုမှာလည်း စီစဉ်ထားတာ‌တော့ ရှိတယ်။ အွန်လိုင်း က‌နေလည်း လုပ်ဖို့ ပြင်ဆင်ထားတယ်။ လုပ်စရာရှိတာ၊ လုပ်လို့ရတာလုပ်သွားမယ်။”ဟု အဆိုပါလူငယ်က ‌ပြောသည်။

အာဏာသိမ်းပြီး‌နောက် တိုင်းသူပြည်သားများ၏ လူ့အခွင့်အ‌ရေး အဆင့်အတန်း သုညသာကျန်‌တော့သည့် မြန်မာပြည် တွင် မိမိတို့ကရင်တိုင်းရင်းသားများ၏ ကရင့်အ‌ရေးအရာ လှုပ်ရှား‌ဆောင်ရွက်မှုများသည်လည်း မတိကျ မ‌သေချာခြင်း များ ကြုံ‌တွေ့‌နေရသည့်ကြားက တတ်နိုင်သမျှ ထိုးထွင်းကြံဆ လုပ်‌ဆောင်ခြင်းဖြင့် အတူတကွ ပါဝင်ရင်ဆိုင် ‌ကျော် လွှားသွားကြရမည်သာ ဖြစ်‌ပေသည်။