Home တွေ့ဆုံမေးမြန်းခန်း ၂၀၂ဝ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင် ‌စောမင်းခလိန်းနှင့် ဆက်သွယ်‌မေးမြန်းခြင်း

၂၀၂ဝ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင် ‌စောမင်းခလိန်းနှင့် ဆက်သွယ်‌မေးမြန်းခြင်း

1116

ဆက်သွယ်‌မေးမြန်းခြင်း

၂၀၂ဝ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင် ‌စောမင်းခလိန်းနှင့် ဆက်သွယ်‌မေးမြန်းခြင်း

“ကျ‌နော်တို့လူငယ်‌တွေ အချိန်မဖြုန်းဖို့ အကြံပြုချင်တယ်။ ရည်မှန်းချက်ထားဖို့ အကြံပြုချင်တယ်။ ပြီးရင် ဘာမဆို ကိုယ်လုပ်နိုင်တဲ့ ကိုယ်လုပ်ချင်တယ်ဆိုလို့ရှိရင် တကယ်လုပ်ပါ။ တကယ်ကိုဖြစ်ရမယ်။
အဲ့ဒါကို အား‌ပေးချင်တယ်”

၁) အခုလို ဖန်း‌ဖောင်‌ဒေးရှင်းက ‌ရွေးချယ်‌ပေးအပ်တဲ့ဆုကို ရရှိတဲ့အ‌ပေါ် ကိုယ်ပိုင်ခံစားချက်‌လေး ‌ပြောပြ‌ပေးပါလား။
ကိုယ်ပိုင်ခံစားချက်က‌တော့ နံပါတ်တစ်အချက်က‌တော့ ‌ပျော်တယ်‌ပေါ့‌နော်။ ‌ပျော်ရတဲ့အ‌ကြောင်းအရင်းက လည်း အဲ့ဒါက ကိုယ့်ရဲ့လူမျိုးအတွက်၊ ကိုယ့်ရဲ့‌ဒေသအတွက် ကြိုးစားတဲ့အ‌ပေါ်မှာ အလုပ်လုပ်‌ပေးတဲ့အ‌ပေါ်မှာ အသိ အမှတ်ပြု မှတ်တိုင်တစ်ခု‌ပေးတာကို ‌ပျော်တယ်‌ပေါ့‌နော်။ ဒီအ‌ပေါ်မှာ ဒီဆုကို ‌ပေးတာကလည်းပဲ ဒါ ကိုယ့်ရဲ့‌ဒေသအ တွက်၊ ကိုယ့်ရဲ့အမျိုးသား‌ရေးအတွက် ကိုယ့်ရဲ့လူမျိုးအတွက်‌ပေါ့‌လေ ဒီထက် ပိုလုပ်ရမယ်ဆိုတဲ့ အသိစိတ်တစ်ခုက ထပ်ပြီး‌တော့ ‌ပေါ်လာတယ်‌ပေါ့‌နော်။

တာဝန်တစ်ခုရလိုက်တယ်လို့ပဲ စိတ်ထဲမှာ ခံယူထားတယ်။ ခံစားချက်က‌တော့ များများစားစားမရှိပါဘူး။ ဒါလည်း ဘယ်လို‌ပြောရမလဲ ဒီထက်‌တော်တဲ့ လူငယ်‌ခေါင်း‌ဆောင်‌တွေလည်း အများကြီး ရှိ‌သေးတယ်။ ‌နောက်လာ မယ့် မျိုးဆက်သစ်လူငယ်‌တွေလည်း အများကြီး‌ပေါ်ထွက်လာမယ်‌ပေါ့‌နော်။ ဒီအ‌ပေါ်မှာ ကိုယ်‌တွေက role ‌မော်ဒယ် ‌ပေါ့‌လေ။ စံပြတစ်‌ယောက်အ‌နေနဲ့ ဆက်လက်ပြီး‌တော့ အလုပ်‌တွေအများကြီး ကြိုးစားရဦးမယ်။

၂) ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ‌ရွေးချယ်ခံရဖို့အတွက်က အဆိုပြုသူနဲ့‌ထောက်ခံသူ‌တွေက ရှိရတယ်ဆို‌တော့ အဲ့ဒီဖြစ်စဉ်‌လေး နည်းနည်း ‌ပြောပြ‌ပေးလို့ရမလား။
အဆိုတင်သွင်းတဲ့လူက ဆရာမနန်းမြင့်‌အောင်‌ပေါ့‌နော်။ သူက လက်ရှိ LRC ကရင်ပြည်နယ်တာဝန်ခံ‌ပေါ့‌နော်။ ‌ထောက်ခံတဲ့လူက ဆရာစရှိုင်းရယ်၊ ‌နောက်တစ်‌ယောက်က ‌ကောလာ‌ဖောင်‌ဒေးရှင်းက ဆရာအယ်ထူးက‌နေပြီး‌တော့ ‌ထောက်ခံတယ်။ သူတို့ဘယ်လို‌ပြောထားလဲဆိုလို့ရှိရင် ကျွန်‌တော်က ‌ဒေသအတွင်းမှာ ဒီလူငယ့်‌ခေါင်း‌ဆောင်၊ ‌ဒေသအ ကျိုး၊ ကရင်လူမျိုးအတွက် ထည်ထည်ဝင်ဝင်လုပ်‌ဆောင်‌နေတဲ့ ‌ခေါင်း‌ဆောင်တစ်‌ယောက် ဖြစ်တယ်‌ပေါ့‌နော်။ ကရင်လူ ငယ်‌တွေအတွက် စံပြထိုက်‌လောက်တဲ့ လူငယ်‌ခေါင်း‌ဆောင်တစ်‌ယောက်ဖြစ်တယ်‌ပေါ့‌နော်။ ပြီး‌တော့ ကိုယ့်ရဲ့လုပ် ‌ဆောင်ချက်‌တွေက ဘာ‌တွေလဲဆိုတာက‌တော့ သူတို့‌ရေးသား‌ဖော်ပြထားတယ်‌ပေါ့ သူတို့‌ရေးတဲ့အချိန်မှာ‌ပေါ့။ ပြီး‌တော့ ဒီလူငယ်က ဒီဆုကို ရထိုက်တယ်‌ပေါ့‌နော်။ အဓိကက‌တော့ အဲ့ဒါပါပဲ။

သူက‌တော့ ပုံမှန်တစ်နှစ်တစ်ကြိမ်‌ခေါ်တယ်‌ပေါ့‌နော်။ အဲ့ဒါကို အဆိုတင်သွင်းတဲ့လူ‌တွေက‌နေပြီး‌တော့ တင်ရ တယ်။ ‌ထောက်ခံသူက‌တော့ နှစ်‌ယောက်‌ပေါ့။ တစ်‌ယောက်လည်းရတယ်။ နှစ်‌ယောက်လည်း ရတယ်ထင်တယ်။ လက် ရှိလုပ်တဲ့ organization ရယ်၊ သူတို့ရဲ့နာမည်ရယ်၊ ရာထူးရယ်၊ ဖုန်းနံပါတ် အီး‌မေးလ်‌ပေါ့‌နော်။ ‌ထောက်ခံတဲ့သူ‌တွေက အဲ့ဒါပါမယ်။ ပြီးလို့ရှိရင် အဆိုတင်သွင်းတဲ့သူလည်း ထိုနည်းလည်း‌ကောင်းပဲ ဆက်သွယ်ရမယ့် လိပ်စာရယ်‌တွေ ဘာ‌တွေလည်း ပါတယ်‌ပေါ့‌နော်။ ဒီလူက ဘာ‌ကြောင့် ဒီဆုကို ရသင့်သလဲ၊ ရထိုက်သလဲဆိုတဲ့ဟာ‌လေးကို ‌ပေါ်လွင် ‌အောင် ‌ရေးရတယ်‌ပေါ့‌နော်။ အဲ့လိုမျိုး ကိုယ့်ရဲ့‌အောင်မြင်မှု‌တွေကိုလည်း ‌ဖော်ပြရတယ်။ ကိုယ့်ရဲ့အ‌ကြောင်းကိုလည်း ‌ဖော်ပြရတယ်။ ဥပမာ ဆိုပါစို့ အဲ့ဒီမှာလည်း ဘာလုပ်ခဲ့သလဲ။ ပြီး‌တော့ ဒီလူငယ်တစ်‌ယောက်က ဘာ‌ကြောင့် ‌ပေးသင့် တာလဲ။ ဘာ‌ကြောင့် ဒီဆုကို ရသင့်သလဲ၊ ဒီလူငယ်တစ်‌ယောက်က သူ့ရဲ့‌ဒေသအ‌ပေါ် ဒီကရင်လူမျိုးအ‌ပေါ် သူဘာ‌တွေ လုပ်‌ဆောင်သလဲ။ ဘာ‌တွေ‌အောင်မြင်မှုရရှိသလဲ၊ ဘာ‌တွေအကျိုး ပြုခဲ့သလဲဆိုတာကို‌တော့ ‌ဖော်ပြရတာ‌ပေါ့ ဟုတ်။

၃) ‌ဖောင်‌ဒေးရှင်းက ‌ပေးအပ်တဲ့ ဆု‌ကြေး‌ငွေကို ဘယ်လို‌နေရာ‌တွေမှာ ပြန်လည်အသုံးချမယ်လို့ စဉ်းစားထားပါသလဲ။
စဉ်းစားထားတာက‌တော့ ကျ‌နော်တို့ရဲ့ ကရင်လူငယ်‌တွေအတွက်‌ပေါ့‌လေ။ အထူးသဖြင့် ပညာ‌ရေးကဏ္ဍ၊ ကျန်းမာ‌ရေးကဏ္ဍ၊ ပြီး‌တော့ လက်ရှိဖြစ်‌နေတဲ့ ဒီမြန်မာနိုင်ငံမှာလည်းပဲ အခုလိုအပ်ချက်‌တွေက အများကြီး‌ပေါ့‌နော်။ အဲ့ဒီလိုမျိုးလုပ်နိုင်သ‌လောက်‌ပေါ့။ ဒီအ‌ရေး‌ပေါ်ကယ်ဆယ်‌ရေးအပိုင်း အဲ့ဒီဟာ‌တွေကို လုပ်မယ်လို့‌တော့ စဉ်းစား ထားတယ်။ အဲ့ဒါက တစ်ပိုင်း‌ပေါ့‌နော်။ ဒါ‌ပေမယ့် ဒီဘက်ကျ‌နော်ရဲ့ organization မှာ ‌ရေရှည်ရပ်တည်နိုင်ဖို့အတွက် လည်း စဉ်းစားတယ်‌ပေါ့‌နော်။ ဒီဆု‌ငွေ‌လေးကို ဟိုအကျိုးရှိရှိ ဘယ်လိုမျိုး စီမံ‌ဆောင်ရွက်ရမလဲဆိုတဲ့ အပိုင်း‌လေးကို ‌တော့ ဒီဘက်ကျ‌နော်အဖွဲ့ရဲ့ team member ‌တွေနဲ့‌ပြောဖို့ တိုင်ပင်ရဦးမယ်‌ပေါ့‌နော်။

ဆိုလိုချင်တာက ဒီဆုကို ‌အောင်မြင်ဖို့က ကျ‌နော်တစ်‌ယောက်ထဲ ‌အောင်မြင်တာ‌တော့မဟုတ်ဘူးလို့‌တော့ ‌ပြောလို့ရတယ်။ ဘာလို့လဲဆို‌တော့ ဒီ organization ရဲ့ တစ်ဖွဲ့လုံးရဲ့ ‌အောင်မြင်မှုပဲ‌ပေါ့‌နော်။ ဘာလို့လဲဆို‌တော့ကာ ဒီဟာ‌လေးကို ကျ‌နော်တစ်‌ယောက်ထဲ မလုပ်နိုင်ဘူး။ ဒီအစုအဖွဲ့နဲ့ လုပ်‌နေရတယ်။ ကျ‌နော်က‌တော့ ဦး‌ဆောင်တဲ့ လူတစ်‌ယောက်‌ပေါ့။ အဲ့ဒီအ‌ပေါ်မှာ အဖွဲ့‌တွေအားလုံးရဲ့ ပံ့ပိုးမှုအများကြီးပါတယ်‌ပေါ့‌နော်။ ဒီအ‌ပေါ်မှာ ကျ‌နော်တို့ ဒီ organization ရဲ့ ‌ဒေသအကျိုး၊ ကျ‌နော်တို့ရဲ့ လုပ်‌ဆောင်တဲ့အလုပ်‌ပေါ်မှာ ဒီထက်ပိုပြီးလုပ်‌ဆောင်နိုင်ဖို့ဆိုလို့ရှိရင် ဒီ organization ရဲ့ ‌ရေရှည်ရပ်တည်နိုင်ဖို့ကလည်း အဓိကအ‌ခြေခံကျတယ် ဖြစ်တယ်။ ဘာလို့လဲဆို‌တော့ organization က ကျ‌နော်တို့ ‌ရေရှည်ရပ်တည်နိုင်မှ ပြည်သူလူထုအတွက်ကို အများကြီး ပိုလုပ်နိုင်မှာမို့လို့ပဲ။

၄) ‌ဒေသအ‌ခြေပြု ကရင်လူငယ်တစ်ဦးအ‌နေနဲ့ ကိုယ့်‌ဒေသ၊ ကိုယ့်ပြည်သူ‌တွေအတွက် ‌နောက်ထပ် ဘယ်လိုတီထွင်ကြံ ဆဖန်တီးလုပ်‌ဆောင်ချက်‌တွေ တိုးချဲ့‌ဆောင်ရွက်ချင်တာ ရှိပါသလဲ။
ဘယ်လိုတီထွင်ကြံဆမလဲဆို‌တော့ ကရင်ပြည်သူလူထုအတွက် ဒီ social business ‌ပေါ့‌လေ။ အဲ့ဒါကို‌တော့ တစ်ချက်စဉ်းစားတယ်။ ဘာလို့လဲဆို‌တော့ ခုဏ‌ပြောတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံ‌ရေးအခင်းအကျင်းမှာ reform ‌ပေါ့ ‌နော်။ reform ဆိုတာက ကျ‌နော်တို့ပြန်လည်ပြီး‌တော့ ပြင်ဆင်ရမယ်၊ ပြုပြင်ရမယ် အများကြီးပဲ။ အဲ့ဒီထဲမှာမှ နိုင်ငံ ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ ပညာ‌ရေး‌ပေါ့ အများကြီးပဲ‌ပေါ့‌နော်။ ဒီထဲမှာမှ ကိုယ်က ဘယ်လိုမျိုး၊ ဘယ်အပိုင်းမှာ လုပ်နိုင် သလဲဆို‌တော့ဟာ‌လေးကို‌တော့ အရင်ဆုံးစဉ်းစားရမှာ‌ပေါ့။ ဒီ social enterprise ‌ပေါ့‌လေ။ ဟို လူမှုစီးပွား‌ရေးတစ်ခုကို ‌တော့ စဉ်းစားတယ်။ ပြီး‌တော့ ဒီဘက် ပညာ‌ရေးပိုင်းမှာ‌တော့လည်းပဲ စဉ်းစားထားတာရှိတယ်။

ဥပမာ ဆိုပါစို့ ဒီ‌ဒေသကရင်လူငယ်‌တွေ ခ‌လေး‌တွေ‌ပေါ့‌နော်။ ဒီထက်ပိုပြီး‌တော့ သူတို့‌တွေ ပညာ‌ရေး အခွင့်အ လမ်းရရှိလာ‌အောင် ‌ရှေ့ဆက်‌ဆောင်ရွက်‌ပေးဖို့ ဖန်တီး‌ပေးဖို့ စိတ်ကူးထားတာရှိတယ်။ ခုဏက‌တော့ နိုင်ငံ‌ရေးရဲ့ အခင်း အကျင်း အ‌ပြောင်းအလဲ‌ပေါ်မှာလည်းပဲ ကျ‌နော်တို့လုပ်ရမယ့် လုပ်ငန်း‌တွေလည်း ‌ပြောင်းရမယ့်အပိုင်း‌တွေ‌တော့ အများကြီးရှိမှာ‌ပေါ့။ အဲ့ဒီဟာ‌တွေကျ‌တော့ ကြို‌ပြောလို့‌တော့ မရတဲ့အပိုင်း‌တော့ ရှိတယ်။ ‌သေချာတာက‌တော့ ဒီဘက် ကိုယ့်ရဲ့အမျိုးသား‌ရေး ပြီး‌တော့ ကရင့်အ‌ရေးကို‌တော့ လုပ်သင့်လုပ်ထိုက် လုပ်လို့ရတဲ့အပိုင်းကို‌တော့ ‌ဒေသခံပြည်သူ လူထု‌တွေနဲ့ ဒီသက်ဆိုင်ရာ ကရင်အဖွဲ့အစည်း‌တွေနဲ့ ‌ပေါင်းစပ်ညှိနှိုင်းပြီး‌တော့ သွားမယ်လို့‌တော့ အဲ့လိုမျိုးလမ်း‌ကြောင်း ‌တော့ ရှိတယ်‌ပေါ့‌နော်။

၅) ကရင်လူမှုအသိုင်းအဝိုင်းမှာက ‌စောမင်းခလိန်းလို ပါဝင်လုပ်‌ဆောင်‌နေသူ‌တွေလည်း ရှိ‌နေကြတယ်ဆို‌တော့ ကရင် ‌ဒေသအသီးသီးက လူငယ်‌မောင်မယ်‌တွေကို‌ရော ဘယ်လိုအား‌ပေးတိုက်တွန်းစကား‌တွေ ‌ပြောချင်တာရှိရင် ‌ပြော‌ပေးပါ။
အား‌ပေးချင်တာက‌တော့ ကျ‌နော်တို့ရဲ့လူငယ်‌တွေက အဆန်းအသစ် တီထွင်နိုင်တဲ့အစွမ်း‌တွေရှိတယ်။ ပြီး ‌တော့ ကျ‌နော်တို့လူငယ်‌တွေက လုပ်နိုင်စွမ်းရှိတယ်။ ပြီး‌တော့ ‌နောက်တစ်ခုက ကျ‌နော်တို့လူငယ်‌တွေက အမှားလုပ်မှာ ကို မ‌ကြောက်ကြဘူး။ အဲ့ဒီအ‌ပေါ်မှာ ကျ‌နော်တို့‌တွေရဲ့ အားသာချက်ဖြစ်တယ်‌ပေါ့‌နော်။ ပြီး‌တော့ ‌နောက်တစ်ခုက လူငယ်‌တွေဟာ တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင် စိတ်အားပြင်းပြဖို့လိုတယ်‌ပေါ့‌နော်။ ဘာလို့လဲဆို‌တော့ ဘယ်အရာမဆို ကျ‌နော်တို့ မဖြစ်နိုင်ဘူးဆိုတာက တို့လူငယ်‌တွေအတွက်က‌တော့ သဘာဝ သိပ်မကျဘူး‌ပေါ့။ ဘာလို့လဲဆို‌တော့ စိတ် ပြင်းပြတယ်။ တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင် တကယ်လုပ်ချင်စိတ်ရှိတယ်။ တကယ်ကိုပဲ အစီအစဉ်တကျနဲ့ ကြိုတင်ပြင် ဆင်မယ်ဆိုလို့ရှိရင် အဲ့ဒီအရာကို‌တော့ ‌အောင်မြင်မှာပဲ။

ဆိုလိုချင်တာက ကျ‌နော်တို့လူငယ်‌တွေ အမှားလုပ်မိမှာကိုလည်း မ‌ကြောက်နဲ့။ ဘာလို့လဲဆို‌တော့ လူတိုင်း အဲ့ဒီအမှားက‌နေပြီး‌တော့ ‌အောင်မြင်မှုရလာတာ များတယ်။ အမှားက‌နေပြီး‌တော့ ကျ‌နော်တို့အမှားကို မ‌ကြောက်တဲ့ လူကပဲ ‌အောင်မြင်မှုကို ရတာများတယ်‌ပေါ့‌နော်။ ပြီး‌တော့ ‌နောက်တစ်ခုက ကျ‌နော်တို့လူငယ်‌တွေက အိပ်မက်ရှိရမယ်။ ဘာလို့အိပ်မက်ရှိရမယ်ဆို‌တော့က ကျ‌နော်တို့ အိပ်မက်မရှိဘူးဆိုလို့ရှိရင် ကျ‌နော်တို့ရဲ့အနာဂတ်က အဓိပ္ပါယ်မဲ့သွားသ လို ဖြစ်သွားမှာ‌ပေါ့။ ဆိုလိုချင်တာက ဥပမာဆိုပါစို့ ကျ‌နော်တို့ အခုဆိုလို့ရှိရင် ကိုယ့်ရဲ့နိုင်ငံကို ကိုယ် ဘယ်လိုမျိုးပြုပြင် သလဲ၊ အကြီးကြီးစဉ်းစားလိုက်ရင်‌တော့ ကိုယ့်နိုင်ငံကို ဘယ်လိုမြင်ချင်သလဲ။ ကိုယ့်ရဲ့၊ ကရင့်ရဲ့တစ်မျိုးသားလုံးကို ဘယ်လိုမျိုးမြင်ချင်သလဲ။ ပြီး‌တော့ ကိုယ့်ရဲ့ပြည်နယ် ကိုယ်ဘယ်လိုမြင်ချင်သလဲ ‌နောက်ပြီး‌တော့ ကိုယ့်ရဲ့ရပ်ရွာ၊ ပတ် ဝန်းကျင်ဘယ်လိုမြင်ချင်သလဲ။ ကိုယ့်မိသားစုကို ကိုယ်ဘယ်လိုမြင်ချင်သလဲ။ ဒီအ‌ပေါ်မှာ အဲ့ဒီမြင်ချင်တဲ့အ‌ပေါ်မှာ နံပါတ်တစ်အချက်က‌တော့ ကိုယ့်ကိုယ်ကို အရင်ဆုံး‌ပြောင်းလဲရမယ်။

အရင်ဆုံး‌ပြောင်းလဲဖို့အတွက်က ကိုယ်ဘာ‌တွေ‌ပြောင်းလဲရမလဲဆိုတဲ့ဟာကို အဓိက ကိုယ့်ရဲ့စဉ်းစား‌တွေး‌ခေါ် မှု တစ်အချက်က ကိုယ့်ရဲ့စဉ်းစား‌တွေး‌ခေါ်မှုကို ‌ပြောင်းလဲရမယ်။ ‌နောက်တစ်ခုက ကိုယ့်ရဲ့ယုံကြည်မှု၊ ‌နောက်တစ်ခုက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု‌ပေါ့‌နော်။ ကိုယ့်ကိုယ်ကို ‌ပြောင်းလဲနိုင်မှပဲ ခုဏ‌ပြောတဲ့ကိုယ့်ရဲ့မိသားစုကို ‌ပြောင်းလဲနိုင် တယ်။ ကိုယ့်မိသားစုကို ‌ပြောင်းလဲနိုင်မှပဲ ကိုယ့်ရဲ့‌ဒေသ၊ ကိုယ့်ရဲ့ ရပ်ရွာ၊ ကိုယ့်ရဲ့တိုင်းပြည်‌ပေါ့‌နော်။ အဲ့ဒီအဆင့် ဆင့် ‌ပေါ့‌နော်။ အဲ့ဒါ‌ကြောင့်မို့လို့ ကျ‌နော်တို့ ဘာပဲလုပ်လုပ်၊ ဘာပဲလုပ်‌နေလုပ်‌နေ‌ပေါ့‌နော်။ အဓိပ္ပါယ်ရှိတဲ့ အလုပ်လုပ်ဖို့ အ‌ရေးကြီးတယ်။ အဲ့ဒါ‌ကြောင့်မို့လို့ ကျ‌နော်တို့ လူငယ်‌တွေကို အား‌ပေးချင်တာက ကျွန်‌တော်တို့မှာ တာဝန်‌တွေ အများ ကြီးရှိ‌သေးတယ်။

မ‌နေ့ကလည်းပဲ အာဇာနည်‌နေ့‌ပေါ့‌နော်။ အာဇာနည်‌ခေါင်း‌ဆောင်‌တွေရဲ့ ‌ပေးအပ်ထားတဲ့ လက်ဆင့်ကမ်း‌ပေး ထားတဲ့ တာဝန်‌တွေ အများကြီးပဲ။ အဲ့ဒီအများကြီးထဲမှာမှ ကျ‌နော်တို့ ဆက်လက်ပြီး‌တော့ တာဝန်ယူရမှာက ကျ‌နော်တို့ လူငယ်တာဝန်ရှိတယ်။ တဆက်ထဲမှာပဲ ထပ်‌ပြောချင်တာက ကျ‌နော်တို့လူငယ်‌တွေ ကြိုးစားအားထုတ်မှု၊ ကျ‌နော်တို့ လူငယ်‌တွေရဲ့ စဉ်းစား‌တွေး‌ခေါ်မှု၊ ကျွန်‌တော်တို့လူငယ်‌တွေရဲ့ အစွမ်းအစကို‌တော့ လူကြီး‌တွေ လက်ခံ‌ပေးဖို့ လိုတယ်။ ပြီး‌တော့ လူကြီးနဲ့ လူငယ်နဲ့က ဟန်ချက်ညီဖို့လိုတယ်။ ပူး‌ပေါင်း‌ဆောင်ရွက်မှုလိုတယ်။ ကျ‌နော်တို့ရဲ့ကရင်လူငယ်အများစုက လမ်း‌ကြောင်း‌ပျောက်‌နေကြတယ်။ ဆိုလိုချင်တာက အခုဆိုလို့ရှိရင် ဖြစ်ခဲ့တဲ့နိုင်ငံ ‌ရေးဖြစ်စဉ်အရဆိုလို့ရှိရင် ကြည့်လိုက်တာနဲ့ သိသာတယ်‌ပေါ့‌နော်။ ဟိုဘက်အဖွဲ့ဆွယ်လိုက် ပါလိုက်၊ ဒီဘက်အဖွဲ့ဆွယ် လိုက် ပါလိုက်၊ ဟိုခိုင်းလိုက်လုပ်လိုက်နဲ့ ဒီခိုင်းလိုက်လုပ်လိုက်နဲ့ သူတို့အတွက် အနာဂတ်က ဘာမှန်းကိုမသိဘူး။ အများအားဖြင့်‌ပေါ့။ တကယ့်ကို ဒီပညာ‌ရေးအသင့်အတင့်၊ အ‌တွေ့အကြုံ အသင့်အတင့်ရှိတဲ့သူ‌တွေ‌လောက်ပဲ စဉ်းစား ‌တွေး‌ခေါ်နိုင်တယ်။ ကျ‌နော်တို့ စဉ်းစားမယ်ဆိုလို့ရှိရင် ကရင့်လူငယ်စဉ်းစားပြီး‌ဟေ့ ဆိုလို့ရှိရင် ကိုယ့်ရပ်ရွာက လူငယ် ‌တွေကိုပါ ကျ‌နော်တို့စဉ်းစားရမယ်။ အဲ့ဒါ‌ကြောင့် ဒီလူငယ်‌တွေကလည်းပဲ သူတို့ရွာအတွက်‌တော့ သူတို့လုပ် နိုင်လိမ့် မယ်။

ပြီးလို့ရှိရင် သူ့ရဲ့ပညာက သူ့‌နေရာနဲ့သူ၊ သူ့အခန်းကဏ္ဍနဲ့သူ၊ သူ့အစွမ်းအဆနဲ့သူ အခန်းကဏ္ဍမှာ လုပ်နိုင် တယ်။ အားလုံးက လုပ်နိုင်ကြတယ်။ အဲ့ဒီအ‌ပေါ်မှာ ကျွန်‌တော်တို့ လူငယ်‌တွေကို ဒီအမျိုးသား‌ရေး ပိုပြီး‌တော့ သူ့ရဲ့ နှလုံးထဲမှာပိုပြီး‌တော့ စိမ့်ဝင်လာ‌အောင်ရယ်၊ နားလည်‌အောင်ရယ် ပြီး‌တော့ ကျွန်‌တော်တို့ရဲ့ ကရင့်သမိုင်း ဒီထက်ပိုပြီး ‌တော့ နားလည်လာ‌အောင်ရယ် ပြီး‌တော့ ကမာ္ဘ့သမိုင်း‌ပေါ့‌နော်။ အခုဖြစ်‌နေတဲ့ နိုင်ငံ‌ရေးအခင်းအကျင်း နိုင်ငံ‌ရေး၊ ပညာ ‌ရေး ပြီး‌တော့ စီးပွား‌ရေး ဒီထက်ပိုပြီး‌တော့ စဉ်းစား‌တွေး‌ခေါ်ရမယ်။ လုပ်ရမယ်။ အဲ့ဒါ‌ကြောင့် ကျ‌နော်တို့ လူငယ်‌တွေ လုပ်ရမှာက အများကြီးပဲ။ အများကြီးမှာမှ ကျ‌နော်တို့လူငယ်‌တွေ အချိန်မဖြုန်းဖို့ အကြံပြုချင်တယ်။ ရည်မှန်းချက်ထား ဖို့ အကြံပြုချင်တယ်။ ပြီးရင် ဘာမဆို ကိုယ်လုပ်နိုင်တဲ့ ကိုယ်လုပ်ချင်တယ်ဆိုလို့ရှိရင် တကယ်လုပ်ပါ။ တကယ်ကိုဖြစ် ရမယ်။ အဲ့ဒါကို အား‌ပေးချင်တယ်။ ပြီးရင်လည်း ဘာပဲလုပ်လုပ် စိတ်ဓာတ်မကျ နဲ့။ ကျ‌နော်တို့မှာ လုပ်စရာ‌တွေ အများ ကြီးပဲ။ ချိတ်ဆက်‌ဆောင်ရွက်ရမယ်‌ပေါ့‌နော်။ အခု‌ခေတ်မှာ media ‌ခေတ်‌ပေါ့‌နော်။ social media က အရမ်းများ တယ်။ ကျ‌နော်တို့ တစ်‌ယောက်နဲ့တစ်‌ယောက် ဆက်သွယ်ချိတ်ဆက်ရတဲ့အချိန်မှာ ချိတ်ဆက်ပြီး‌တော့ ကိုယ့်‌ဒေသအ တွက် ကိုယ့်ရဲ့အမျိုးသားအတွက် ဘယ်လိုတာဝန်ယူကြမလဲ၊ ဘယ်လိုလုပ်‌ဆောင်ကြမလဲဆိုတာကို ကျ‌နော်တို့အတူတူ လုပ်ကြဖို့ လိုတယ်ဆိုတာ အား‌ပေး တိုက်တွန်းချင်ပါတယ်။

၆) အခြားထပ်ဖြည့်စွက်‌ပြောချင်တာများရှိရင် ‌ပြောနိုင်ပါတယ်။
အခုက အားလုံးအကြပ်အတည်းမှာ ‌ရောက်‌နေတယ်‌ပေါ့‌နော်။ မြန်မာနိုင်ငံရဲ့အခင်းအကျင်းက တစ်ကမာ္ဘလုံးရဲ့ အ‌ခြေအ‌နေ‌ကော အကြပ်အတည်းမှာ‌ရောက်‌နေတယ်။ နံပါတ်တစ်အချက်က‌တော့ covid-19 ‌ပေါ့။ covid-19 ရဲ့ အခက်အခဲက အရမ်းကြပ်တည်းတယ်။ ပြီး‌တော့ သွားလာကူးသန်း‌ရောင်းဝယ်လို့မရဘူး။ လူတိုင်းမှာ စားဝတ်‌နေ‌ရေး အခက်အခဲကြုံ‌နေရတယ်။ ဒီအ‌ပေါ်မှာ အားတင်းထားပါ။ ပြီး‌တော့ ကျန်းမာ‌ရေး ဂရုစိုက်ကြပါလို့ ‌ပြောချင်တယ်။ ဒုတိယအချက်က‌တော့ အခုလိုမျိုး ကျ‌နော်တို့ရဲ့ ဒီဘက်နိုင်ငံ‌ရေး အမျိုးသား‌ရေး လုပ်‌ဆောင်‌နေတဲ့ ကိုယ့်ရဲ့ KNU ဆို တာရှိတယ်‌ပေါ့‌နော်။ အဲ့ဒီ KNU ‌တွေကိုလည်းပဲ ကျ‌နော်တို့ပြည်သူ‌တွေ ဒီထက်ပိုပြီး‌တော့‌ကောင်း‌အောင် ဘယ်လိုမျိုး ပံ့ပိုး‌ပေးရမလဲဆိုတာ‌လေးကို ပြည်သူတစ်ရပ်လုံးအ‌နေနဲ့ ပံ့ပိုးဖို့လိုတယ်။ ပူး‌ပေါင်း‌ဆောင်ရွက်‌ပေးဖို့လိုတယ်။ ပြီး‌တော့ ကူညီဖို့လိုတယ်။

‌နောက်တစ်ခုက ကျ‌နော်တို့ ကရင်က စည်းလုံးညီညွတ်ဖို့လိုတယ်။ အခုက ကျ‌နော်တို့က စည်းလုံးညီညွတ်မှု အားနည်းတယ်။ အားနည်းလို့ပဲ ကျ‌နော်တို့သ‌ဘောထား‌တွေ ကွဲလွဲတယ်။ အဲ့ဒီအ‌ပေါ်မှာ ကျ‌နော်တို့ရဲ့ ကရင်တိုင်းရင်း သား လက်နက်ကိုင်အားလုံး စုစည်း‌စေချင်တယ်။ ပြီးရင် ကိုယ့်ရဲ့‌စောဘဦးကြီး ချမှတ်ထားတဲ့ လမ်းစဉ်၊ မူ‌တွေအားလုံး အ‌ကောင်အထည်‌ဖော်နိုင်ဖို့အတွက် တို့ကရင်စည်းလုံးညီညွတ်မှ ပန်းတိုင်‌ရောက်တာ‌ပေါ့‌နော်။ အဲ့ဒါ‌ကြောင့် ကျ‌နော်တို့ ကရင်‌တွေအားလုံး စည်းလုံးညီညွတ်‌စေချင်တယ်လို့ ‌ပြောချင်ပါတယ်။ ကျ‌နော်တို့ရဲ့ ကရင့်အ‌ရေး၊ အမျိုးသားအ‌ရေးက ကျ‌နော်တို့ ကရင်လူထု‌တွေအားလုံး တာဝန်ရှိတယ်။

ကျ‌နော်တို့ ကရင်လူထု‌တွေကပဲ တာဝန်ယူပြီး‌တော့ ‌ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်။ အခြားသူ‌တွေက ကရင်ကို ချစ်ပါတယ်။ ကရင်ကို လုပ်‌ပေးမယ်ဆိုတာက‌တော့ ဒါက‌တော့ မိတ်‌ဆွေအ ဆင့်‌လောက်ပဲ ဖြစ်‌ကောင်းဖြစ်နိုင်တယ်‌ပေါ့‌နော်။ တချို့လူ‌တွေကျ‌တော့ သူတို့အကျိုးအမြတ်ကိုကြည့်ပြီး‌တော့ လုပ် ‌ကောင်းလုပ်လိမ့်မယ်‌ပေါ့‌နော်။ သူတို့အဆင့်က‌တော့ မိတ်‌ဆွေအဆင့်ပဲရှိတယ်။ ကျ‌နော်တို့ မိသားစုအဆင့်က ကိုယ့် ကရင်အ‌ရေးကို ကိုယ်လုပ်ရမှာက ဒါကိုယ့်ရဲ့မိသားစုအ‌ရေးပုံစံလိုမျိုးပဲ ဖြစ်ပါတယ်‌ပေါ့‌နော်။ ဒါ‌ကြောင့် တို့လူငယ်‌တွေ အားလုံး စည်းလုံးညီညွတ်ကြပါ။ အတူတူ အခက်အခဲကို ဖြတ်‌ကျော်ကြမယ်လို့ ‌ပြောလိုပါတယ်။