Home သတင်း မြဝတီမြို့တွင် တည်‌ဆောက်‌နေသည့် ‌အောက်ဆီဂျင်စက်ရုံ ယခုလမကုန်ခင် ပြီးစီး၍ လုပ်ငန်းလည်ပတ်နိုင်‌တော့မည်

မြဝတီမြို့တွင် တည်‌ဆောက်‌နေသည့် ‌အောက်ဆီဂျင်စက်ရုံ ယခုလမကုန်ခင် ပြီးစီး၍ လုပ်ငန်းလည်ပတ်နိုင်‌တော့မည်

1244

ဩဂုတ် ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ တွင် တည်‌ဆောက်လျက်ရှိသည့် ‌အောက်ဆီဂျင် စက်ရုံမှာ ယခု ဩဂုတ်လ မကုန်ခင်ပြီးစီး၍ ‌အောက်ဆီဂျင် ထုတ်လုပ်ခြင်း လုပ်ငန်းကို မကြာမီ ‌ဆောင်ရွက်နိုင်‌တော့မည်ဟု စက်ရုံတည်‌ဆောက်‌ရေး တာဝန်ရှိ သူများထံမှ သိရသည်။

မြဝတီမြို့ အမှတ် ၆ ရပ်ကွက်ရှိ ပြည်နယ် ‌ကောင်စီ၏ စီမံခန့်ခွဲခွင့်ရ ‌မြေ‌ပေါ်တွင် ‌အောက်ဆီဂျင်စက်ရုံ တည်‌ဆောက်‌နေမှုကို လက်ရှိတွင် ၆ဝ ရာခိုင်နှုန်း‌ကျော် ပြီးစီး ‌နေပြီဖြစ်၍ ‌နောက်ထပ် ၁ဝ ရက်ခန့်တွင် တည်‌ဆောက်‌ရေးလုပ်ငန်းကို အပြီးသတ် ‌ဆောင်ရွက်သွားမည်ဟု ယခု ‌အောက်ဆီဂျင်စက်ရုံ တည်‌ဆောက်‌ရေးတွင် ဦးစီး ‌ဆောင်ရွက်‌နေသည့် မြဝတီ‌ဖောင်‌ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

သူက “ဒီက‌နေ့မှာပဲ ‌အောက်ဆီဂျင် ထုတ်လုပ်တဲ့စက်လည်း မြဝတီမြို့ကို ‌ရောက်ရှိလာပြီးဖြစ်တဲ့အတွက် စက်ရုံပြီးတာနဲ့ ‌အောက်ဆီဂျင် ထုတ်လုပ်ခြင်း လုပ်ငန်းကို ‌ဆောင်ရွက်နိုင်‌တော့မှာပါတယ်”ဟု ‌ပြောသည်။

လက်ရှိ တည်‌ဆောက်‌နေသည့် ‌အောက်ဆီဂျင်စက်ရုံမှတစ်ဆင့် တစ်ရက်လျှင် ၄ဝ လီတာ ‌အောက်ဆီဂျင်အိုး အလုံး‌ရေ ၈ဝ မှ ၁၀ဝ ကြား ထုတ်လုပ်နိုင်ပြီး ယခုအ‌ရေ အတွက်မှာ မြဝတီမြို့တွင်း ပုံမှန်‌အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းနိုင်ပါ လိမ့်မည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆက်‌ပြောသည်။

သို့‌သော် ပြီးခဲ့သည့် ဇူလိုင်အစမှ ဩဂုတ်လဆန်းပိုင်းထိမူ အ‌ရေး‌ပေါ်အ‌ခြေ အ‌နေတွင် မြို့တွင်း ‌အောက်ဆီဂျင်လိုအပ်မှုမှာ ၄ဝ လီတာအိုးအလုံး‌ရေ ၂၀ဝ ဝန်းကျင်ခန့် ရှိခဲ့ပြီး ထိုအချိန်က လိုအပ်သည့် ‌အောက်ဆီဂျင်မျာအတွက်ကို မြဝတီ‌ဖောင်‌ဒေးရှင်းမှ ရံပုံ‌ငွေ ကျပ်သိန်း ၁၃ဝ ‌ကျော် အသုံးပြု ဝယ်ယူလှူ‌ပေး ခဲ့သည်ဟု မြဝတီ‌ဖောင်‌ဒေးရှင်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ကိုဗစ်-၁၉ တတိယလှိုင်းနှင့်အတူ ပြီးခဲ့သည့် ဇူလိုင်လအစပိုင်းမှ ဩဂုတ်လ ပထမအပတ်ထိ မြဝတီမြို့တွင် ကိုဗစ်-၁၉ ‌ရောဂါကူးစက်ခံရမှုနှင့် ‌သေဆုံးမှု မြှင့်တက်ခဲ့သလို ‌အောက်ဆီဂျင် လိုအပ်မှုလည်း နိုင်ငံတဝှမ်းရှိ မြို့ကြီးများ နည်းတူ မြှင့်တက်လျက်ရှိခဲ့သည်။

ထိုသို့ လိုအပ်‌သော ‌အောက်ဆီဂျင်များကို တဖက် အိမ်နီးချင်းထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြရာ တဖက်ကုန်သည်များ၏ ‌ဈေးကစားမှုနှင့် လိုအပ်သည့် ‌အောက်ဆီဂျင်အ‌ရေအတွက်မရရှိမှု စသည့် အခက်အခဲမျိုးစုံဖြင့် ကြုံ‌တွေ့ ခဲ့ကြရသည်ဟု သိရသည်။

“မြို့အတွက် လိုအပ်တဲ့ ‌အောက်ဆီဂျင်ကို ဒီမှာပဲ ထုတ်လုပ်နိုင်မယ်ဆိုရင် မြို့‌နေ လူထုကျန်းမာ‌ရေးအတွက် ပိုမိုအ‌ထောက်အကူပြုဖြစ်မယ်လို့ ယူဆပါတယ်။ ကိုဗစ်-၁၉ ‌ရောဂါကလည်း ကမာ္ဘမှာ‌ရော မြန်မာမှာပါ အရှင်း‌ပျောက်သွားဖို့ မရှိ ‌သေးပါဘူး။ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်၍ ရှိ‌နေပါဦးမယ်။ အ‌ရေး‌ပေါ် အ‌ခြေအ ‌နေမှာ မြို့မှာ ‌အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့ စက်ရုံရှိလာ၍ မြို့‌နေလူထုအတွက် များစွာ အ‌ထောက်အကူ ဖြစ်နိုင်တယ်”ဟု မြဝတီမြို့ခံတစ်ဦးက သုံးသပ်သည်။

အဆိုပါ ‌အောက်ဆီဂျင်စက်ရုံ တည်‌ဆောက်‌ရေးအတွက်လည်း သဒ္ဓါအ‌လျောက် အလှူ‌ငွေထည့်ဝင်မှု များ ရှိခဲ့သည်။