Home ကဗျာ ငါ မ‌သေဘူး… (ကဗျာ)

ငါ မ‌သေဘူး… (ကဗျာ)

2595

ငါ မ‌သေဘူး…

………

ငါ့ရဲ့စိတ်ကို တင်းတင်းကြပ်ကြပ်ချည်လို့…
စိတ္တဇသည် ဖြစ်‌အောင်
‌ခြောက်လိုက်…
မျှားလိုက်…
ညှို့လိုက်နဲ့…
ငါ မ‌သေဘူး ။

ငါ့ရဲ့‌သွေးသား‌တွေကို ခွဲစိပ်ယူလို့…
ကိုယ်ခန္ဓာ မသန်စွမ်း‌အောင်
အသားတခြား…
အရိုးတခြား…
‌သွေးသံရဲရဲနဲ့…
ငါ မ‌သေဘူး ။

ငါ့ရဲ့အ‌တွေးအ‌ရေး‌တွေကို ‌ချေဖျက်လို့…
မှင်စက်‌လေး မထင်‌အောင်
ဒိုင်ယာရီထဲမှာ မကျန်‌အောင်
ဝါဒအ‌မှောင်‌တွေချ
အရှင်လတ်လတ် ဟိုဖြတ်ဒီဖြတ်နဲ့…
ငါ မ‌သေဘူး ။

ငါ့ရဲ့ယိုစီးမှု‌တွေကို တာတမံကြီးနဲ့ပိတ်လို့…
ခမ်း‌ခြောက်နွမ်းသွား‌အောင်
တမံ‌တွေ အထပ်ထပ်
သံဆန်ခါ(ဇဂါ) ‌တွေ ကျကျနန
နည်းပညာအတတ်‌တွေနဲ့…
ငါ မ‌သေဘူး ။

တစ်ခါတ‌လေမှာ
နိုင်သာနိုင်တယ် အရှုံး‌တွေနဲ့…
ရှုံးသာရှုံးတယ် အပြုံး‌တွေနဲ့…
နိုင်နိုင်ရှုံးရှုံး မပြီးဆုံးသ‌ရွေ့
ငါ့ကို မ‌မေ့ကြဘူး
ငါ မ‌သေဘူး ။

အချိန်တန်ရင်
ငါ့ကို ‌အောက်‌မေ့ကြတယ်
ငါရှိ‌သေးတယ်
ငါရှင်သန်တယ်
ငါဆက်‌လျှောက်တယ်
ငါမ‌သေဘူး…
……မ‌သေဘူး …
……မ‌သေဘူး …

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်

(၂၀၂၁၊ ဩဂုတ် ၁၂၊ ၇၁ •နှစ်‌မြောက် ကရင်အာဇာနည်‌နေ့အား ဤကဗျာဖြင့် ‌အောက်‌မေ့ဂုဏ်ပြုဦးညွတ်ပါသည်)