Home သတင်း ပြည်နယ်‌ကောင်စီကို ‌ငွေလှူခြင်းမဟုတ်ဘဲ ‌အောက်ဆီဂျင်အိုး ဝယ်ယူခြင်းဖြစ်သည်ဟု ဖားအံ ‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေး ‌ပြောဆို

ပြည်နယ်‌ကောင်စီကို ‌ငွေလှူခြင်းမဟုတ်ဘဲ ‌အောက်ဆီဂျင်အိုး ဝယ်ယူခြင်းဖြစ်သည်ဟု ဖားအံ ‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေး ‌ပြောဆို

2653
Photo_ဖားအံမြို့သူမြို့သားများ ‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေး

ဇူလိုင် ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ‌အောက်ဆီဂျင်စက်ရုံတည်‌ဆောက်ရန်အတွက် ရရှိထားသည့် ပြည်သူလူထု၏ အလှူ‌ငွေအချို့ကို ပြည်နယ်စစ်‌ကောင်စီတည်‌ဆောက်မည့်စက်ရုံအတွက် ‌ငွေသွား‌ရောက်လှူဒါန်းခြင်းမဟုတ်ဘဲ လိုအပ်သည့် ‌အောက်ဆီဂျင်အိုးအတွက် ဝယ်ယူခြင်းသာဖြစ်သည်ဟု ဖားအံမြို့‌အောက်ဆီဂျင် စက်ရုံ ဖြစ်‌မြောက်‌ရေးက ပြန်လည်‌ပြောဆိုသည်။

‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်ရန်အတွက် ဖားအံမြို့သူမြို့သားမှ ဝိုင်းဝန်းပူး‌ပေါင်းလှူဒါန်းထားသည့် အလှူ‌ငွေ အား စစ်‌ကောင်စီထံ ‌ငွေကျပ်သိန်း ၄၅ဝ ကျပ်ကို ဇူလိုင်လ ၁၅ ရက်‌နေ့တွင် သွား‌ရောက်လှူဒါန်းခဲ့သည်ဆိုပြီး သတင်းများထွက်‌ပေါ်သည့်အ‌ပေါ် ‌ကေအိုင်စီမှ ဖားအံမြို့သူ၊ မြို့သား‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေးကို ဆက်သွယ်‌မေးမြန်းရာတွင် အမည်မ‌ဖော်လိုသူ ဖြစ်‌မြောက်‌ရေး အဖွဲ့ဝင်တစ်ဦးက ယခုလို ပြန်လည်‌ပြောဆိုခြင်း ဖြစ်သည်။

ဖားအံ ‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေးမှ ၎င်းအဖွဲ့ဝင်က ” အဲ့ဒါက ကျ‌နော်တို့က အိုးအတွက် သွားဝယ်တာ။ ဟိုမှာတင်ထားတာက‌တော့ ‌အောက်ဆီဂျင်စက်အတွက် လာလှူတယ်လို့ သူတို့က ‌ရေးထားတာ။ အဲ့ဒါ‌တော့ လုံးဝမဟုတ်ဘူး။ ကိုဗစ်‌ကော်မတီက‌နေဆိုပြီး‌တော့ အိုး ၃၀ဝ ဝယ်ထားတယ်။ မြို့မိမြို့ဖအသင်းကို အိုး ၁၅ဝ ခွဲ‌ဝေ‌ပေးမယ်ဆိုလို့ ကျ‌နော်တို့ ပိုက်ဆံသွား‌ပေးတာပါ ခင်ဗျား။ ” ဟု ၎င်းက ‌ကေအိုင်စီ သို့‌ပြောသည်။

ဖားအံမြို့‌အောက်ဆီဂျင်စက်ရုံ တည်‌ဆောက်ရန်အတွက် ပြည်သူလူထုမှ ထည့်လှူထားသည့်အလှူ‌ငွေများကို အလှူရှင်များမသိဘဲ ပြည်နယ်စစ်‌ကောင်စီထံသွား‌ရောက်လှူဒါန်းလိုက်သည့်အတွက် အလှူရှင်အချို့မှာ လက်မခံနိုင်ဘဲ ‌ဝေဖန်‌ပြောဆိုမှုများရှိသည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ဖားအံမြို့ရှိ အမည်မ‌ဖော်လိုသူ အလှူရှင်တစ်ဦးက ” လှူ‌တော့ လှူလိုက်တာပဲ‌ပေါ့။ ဒါ‌ပေမယ့် အဲ့လိုမျိုးသွား‌ပေးမယ်လို့ မထင်ထားဘူး‌ပေါ့။ သိပ်‌တော့ သ‌ဘောမကျဘူး‌ပေါ့‌လေ။ ဒါ‌ပေမယ့် ပြန်ယူ လို့လည်း မရဘူး‌လေ‌နော်။ ဒါက‌တော့ ကိုယ့်စိတ်သန့်သန့်နဲ့ကိုယ်လှူလိုက်တာပဲ။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ သံ‌တောင်ကြီး၊ သံ‌တောင်၊ လိပ်သို၊ ‌ဘောကလိ၊ ဖာပွန်၊ ကမ‌မောင်း စသည့်မြို့များတွင် ‌အောက်ဆီဂျင်လိုအပ်ချက်ရှိသည့်အတွက် ကိုဗစ်‌ကော်မတီမှ ခွဲ‌ဝေလှူဒါန်းရန် အ‌ကြောင်းကြားလာ‌သော‌ကြောင့် သိန်းကျပ် ၄၅ဝ တန်ဖိုးရှိသည့် ‌အောက်ဆီဂျင်အိုး‌ပေါင် ၁၅ဝ အိုးကို ဖားအံမြို့သူ၊ မြို့သားအလှူဟူ၍ တံဆိပ် ရိုက်နှိပ်ပြီး လှူဒါန်းသွားရန်အတွက်သာဖြစ်ပြီး အစိုးရအဖွဲ့ထံ ‌အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းခြင်း မဟုတ်‌ကြောင်း ဖားအံမြို့သူ၊ မြို့သား ‌အောက်စီဂျင်စက်ရုံဖြစ်‌မြောက်‌ရေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည် ‌ဖြေရှင်းထားခြင်း ရှိသည်။

အဆိုပါ ‌ကောက်ခံရရှိထားသည့်အလှူ‌ငွေများနှင့် ပတ်သက်၍ ၎င်းတို့‌အောက်ဆီဂျက်စက်ရုံ ဖြစ်‌မြောက်‌ရေး အ‌နေဖြင့် အလှူ‌ငွေများကို မှန်မှန်ကန်ကန်သုံးစွဲပြီး ပွင့်လင်းမြင်သာစွာချပြမည်ဖြစ်ကာ ‌အောက်ဆီဂျင် စက်ရုံဖြစ်‌မြောက်‌ရေးလုပ်ငန်းအတွက် ဆက်လက် လုပ်‌ဆောင်သွားမှာဖြစ်သလို ယခု ကာလတွင် လိုအပ်‌နေသည့် ‌အောက်ဆီဂျင်အိုးနှင့် ‌အောက်ဆီဂျင်ကို ဖြည့်တင်းလုပ်‌ဆောင်သွားမည် ဖြစ်‌ကြောင်းလည်း အဆိုပါ ‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေး အဖွဲ့ဝင်က ဆက်‌ပြောသည်။

ဖားအံမြို့တွင် ပြည်သူလူထု၏အလှူ‌ငွေဖြင့် ယခုတည်‌ဆောက်မည့် ‌အောက်ဆီဂျင်စက်၏ထုတ်လုပ်နိုင်စွမ်းရည် သည် တစ်‌နေ့လျှင် (၁၆၀) လီတာ ထုတ်နိုင်ပြီး လျှပ်စစ်မီးရရှိ‌ရေး၊ လူအင်အားနှင့် ကုန်ကြမ်းရရှိမှုအ‌ပေါ် မူတည်ပြီး တစ်ရက်လျှင် လီတာ‌ပေါင်း ၂၀၀ဝ ဝန်းကျင် ထုတ်နိုင်မည်ဟု လျာထားကာ ၎င်းစက်သည် ဩဂုတ်လ ဒုတိယအပတ်‌လောက်တွင် လည်ပတ်နိုင်မည်ဟု ‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေး အဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ပြည်သူလူထု၏အလှူ‌ငွေဖြင့် ‌အောက်ဆီဂျင်စက်ရုံတည်‌ဆောက်မည့်အပြင် မြဝတီမြို့တွင်လည်း အလားတူ‌အောက်ဆီဂျင်စက်ရုံတည်‌ဆောက်ရန်ရှိသည်။ ၎င်းအပြင် ပြည်နယ်စစ်‌ကောင်စီ အ‌နေဖြင့်လည်း ‌အောက်ဆီဂျင်စက်ရုံတည်‌ဆောက်ရန်ရှိပြီး ဖားအံမြို့ လှာက‌ဒေါင်စံပြ‌ကျေးရွာ သုစိတ္တရာမတိုက် ‌ကျောင်းဆရာ‌တော် ဦး‌ဆောင်၍ ‌အောက်ဆီဂျင်စက်ရုံ တည်‌ဆောက်သွားရန်ရှိသည်ဟုလည်း သိရသည်။