Home သတင်း ‌လေး‌ကေ‌ကော် မြို့သစ်အနီးအနားရွာများမှ ကိုဗစ်-၁၉ ‌ရောဂါ ကူးစက်လူနာများလာ

‌လေး‌ကေ‌ကော် မြို့သစ်အနီးအနားရွာများမှ ကိုဗစ်-၁၉ ‌ရောဂါ ကူးစက်လူနာများလာ

1955
Photo-Ka Hsaw Wah

ဇူလိုင် ၂ဝ ရက်၊ ၂၀၂၁ခုနှစ်၊ ‌ကေအိုင်စီ

မြဝတီမြို့‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်မြို့သစ်နှင့်အနီးအနားရွာများမှ ‌ဒေသခံများ ကိုဗစ်တတိယလှိုင်း ကူးစက် ခံရသူ၊ ကိုဗစ်‌ရောဂါ လက္ခဏာဖြစ်သည့် အနံ့‌ပျောက်သူများရှိ‌နေသည့် လူနာများ တိုးပွားလာ‌နေ‌ကြောင်း သိရသည်။

‌လေး‌ကေ‌ကော်မြို့သစ် အနီးအနားရှိ ဖလူး‌ကျေးရွာ ၊ မယ်‌ထော်သ‌လေး ‌ကျေးရွာ ၊ မင်းလက်ပံ ‌ကျေးရွာများ ဘက်မှ အနံ့‌ပျောက် လူနာများ ၊ အဖျားရှိ ‌ချောင်းဆိုးလူနာများအား အရပ်ဖက်ကျန်းမာ‌ရေး ‌စောင့်‌ရှောက်သူများမှ လှည့် လည်‌ခေါ်‌ဆောင်ကာ ‌လေး‌ကေ‌ကော် ကိုဗစ်ကူးစက်‌ရောဂါ ‌စောင့်ကြည့်ထိန်းချုပ်‌ရေး စခန်းသို့ ‌ခေါ်‌ဆောင်လာပြီး နှာ‌ခေါင်း၊ အာ‌ခေါင်တို့ဖတ် စစ်‌ဆေးခြင်းပြုလုပ်၍ (Quarantine) ကွာရန်တင်း ၁၄ ရက်ကြည့်ရှု ‌စောင့်‌ရှောက် မှုများ ပြုလုပ်‌ပေး‌နေရသည်ဟု သိရသည်။

ယခုလို စစ်‌ဆေးမှုများ‌ဆောင်ရွက်ရာတွင် သံသယလူနာ ၁၂၃ ဦးထဲမှ ၅၈ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရ‌ကြောင်း ‌တွေ့ရှိခဲ့သည်ဟု ‌လေး‌ကေ‌ကော် ကိုဗစ်-၁၉ ကူးစက်‌ရောဂါ ထိန်းချုပ်‌ရေးစင်တာမှ ကျန်းမာ‌ရေး တာဝန်ခံက ‌ပြောသည်။

“ အခု‌လော‌လောဆယ် ကိုဗစ် စဖြစ်ပြီးဆို‌တော့ ကိုဗစ်လက္ခဏာ‌ပေါ်တဲ့သူ‌တွေကို အုပ်ချုပ်‌ရေးမှူး‌တွေ ဦး‌ဆောင် ပြီး‌တော့ ‌ဆေးစစ်‌ပေးတယ်။ Positive အ‌ဖြေထွက်ရင်‌တော့ ကျမတို့ ဒီမှာပဲ ပြုစု‌စောင့်‌ရှောက်မှု‌တွေ၊ ‌ဆေးကုသမှု ‌တွေအားလုံးကို လုပ်‌ပေးပါတယ်ရှင့်”ဟု ကိုဗစ်-၁၉ ကူးစက်‌ရောဂါ ထိန်းချုပ်‌ရေး စင်တာမှ ကျန်းမာ‌ရေးတာဝန်ခံက ‌ပြောသည်။

‌ဒေသတွင်း ပိုး‌တွေ့ကူးစက်လူနာ တိုးပွားလာမှုအ‌ပေါ် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် (Quarantine) ကွာရန် တင်းအ‌ဆောင်များအား ‌ဒေသအ‌ခြေစိုက် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)မှ ရဲ‌ဘော်စစ် သည်များဖြင့် ‌လေး‌ကေ‌ကော်မြို့သစ်‌ကျောင်းဝင်းအတွင်းတွင် အ‌ဆောင်သစ်များ‌ဆောက်လုပ်ပြင်ဆင်‌နေ‌ကြောင်း သိရသည်။

Photo-Ka Hsaw Wah