Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် စစ်‌ကောင်စီအ‌ခြေစိုက်စခန်းရှိသည့် ‌တောင်စွန်းရွာတွင် လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွား

ကြာအင်းဆိပ်ကြီးမြို့နယ် စစ်‌ကောင်စီအ‌ခြေစိုက်စခန်းရှိသည့် ‌တောင်စွန်းရွာတွင် လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွား

2134

ဇွန် ၅ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆) ဝင်း‌ရေးမြို့နယ်ရှိ စစ်‌ကောင်စီအ‌ခြေစိုက်စခန်းရှိသည့် ‌တောင်စွန်းရွာတွင် ယ‌နေဇွန် ၅ ရက် ည‌နေ ၈ နာရီခွဲအချိန် က ‌ကျေးရွာအနီးလက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် ရွာသားများ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

‌တောင်စွန်းရွာထဲတွင် လက်နက်ကြီး ၅ လုံးကျ‌ရောက်ပြီး ရွာအနီး‌တောင်‌ခြေတွင်လည်း လက်နက်ကြီးကျ ‌ရောက်‌ပေါက်ကွဲမှုရှိသည့်အတွက် ‌ကျေးရွာသူရွာသားအများစုမှာ ‌ဘေးကင်းရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီ သို့‌ပြောသည်။

“ ည ၈ နာရီအချိန်မှာ ‌ကျေးရွာစစ်တပ်စခန်းက‌နေ လက်နက်ကြီးပစ်ခတ်မှုကြားရတယ်။ ရွာထဲမှာ ၅ လုံးကျတယ်။ ‌တောင်‌ခြေမှာ တစ်လုံးကျကွဲတယ်။ စစ်တပ်က‌နေ ပစ်တယ်လို့ ထင်တယ်‌ပေါ့‌နော်။ အခုတစ်ရွာလုံး ပုန်း‌ရှောင်‌နေကြရတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့် ‌တောင်စွန်းရွာသည် KNU အုပ်ချုပ်မှုနယ်‌မြေဖြစ်သလို စစ်‌ကောင်စီတပ်စခန်း တပ်စွဲထားသည့်‌နေရာလည်းဖြစ်သည်။ ယမန်‌နေ့ ဇွန်လ ၄ ရက်‌နေ့တွင်လည်း ခလယ်-တံခွန်တိုင်ရွာ ရဲစခန်းအနီးတွင် စစ်‌ကောင်စီ၊ BGF နယ်ခြား‌စောင့်တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့‌သေးသည်။