Home သတင်း တံခွန်တိုင်ရွာတွင် စစ်‌ကောင်စီများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်‌နေ၍ ရွာသားများ စိုးရိမ်မှုဖြစ်

တံခွန်တိုင်ရွာတွင် စစ်‌ကောင်စီများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်‌နေ၍ ရွာသားများ စိုးရိမ်မှုဖြစ်

3787

‌မေလ ၁ရက်၊ ၂ဝ၂၁ခုနှစ်၊ ‌ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ တံခွန်တိုင်ရွာရဲစခန်းတွင် လာ‌ရောက်တပ်စွဲထားသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင် များသည် ဧပြီလ ၃ဝရက် ည‌နေ ၅နာရီအချိန်၌ ၎င်းတို့တပ်စွဲထားသည့်‌နေရာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်း‌ခြောက်သည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို ရွာသားများ စိုးရိမ်‌နေကြသည်။

“ရဲစခန်းဝင်းက‌နေပဲ လက်နက်ကြီး လက်နက်ငယ်‌တွေ ပစ်ခတ်သံကြား‌နေရတယ်။ သူတို့ခြိမ်း‌ခြောက် ပစ်ခတ်ကြတာ ‌လေ။ လက်နက်ကြီး ၂ချက်‌တောင် ပစ်သွားတယ်။ ‌တောထဲ‌တောင်ထဲ ရွာသား‌တွေ၊ ခြံသမား‌တွေ ရှိတယ်။ သူတို့ ‌လျှောက်ပစ်တာ ခြံဝင်းအထိ ကျတယ်။”ဟု တံခွန်တိုင်ရွာ ‌ဒေသခံတစ်ဦးက ယမန်‌နေ့၊ ဧပြီလ ၃ဝရက်တွင် ‌ကေအိုင်စီ သို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ အ‌ခြေစိုက် ခလရ(၂၈၃)တပ်ရင်းနှင့် အမှတ်(၁၀၂၁) နယ်ခြား‌စောင့်တပ်တို့ ပူး‌ပေါင်းပြီး ပြီးခဲ့သည့် ဧပြီ ၅ရက်၊ ည ၇နာရီအချိန် တံခွန်တိုင်ရဲစခန်းတွင် လာ‌ရောက်တပ်စွဲခဲ့ပြီး ဧပြီ ၃ဝရက်‌နေ့က စစ်‌ကောင်စီတပ်ဖွဲ့အချို့ ပြန်လည်ဆုတ်ခွာကြပြီး‌နောက် စခန်းအတွင်း ပစ်ခတ်ခြိမ်း‌ခြောက်မှုမှာ ပထမအကြိမ်ဖြစ်သည်ဟု သိရသည်။

တံခွန်တိုင် ရဲစခန်းအတွင်း ကျန်ရှိသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိမ်း‌ခြောက်ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားများ မှာ ဗုံးခိုကျင်းများထဲတွင် ညအိပ်ပုန်း‌ရှောင်ကြပြီး ၎င်းတို့၏ ‌ဒေသတွင်း အသက်‌မွေးလုပ်ငန်းတစ်ခုဖြစ်သည့် ရာဘာအ ‌စေးခြစ်လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားခဲ့ရ‌ကြောင်း ရွာသားများထံမှ သိရသည်။