Home သတင်း စစ်‌ကောင်စီဖမ်းဆီးသည့် ‌ဒေသခံကရင်လူမှုအဖွဲ့ဝင်တစ်ဦးကို ပြန်မလွှတ်‌ပေးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ထုတ်ပြန်

စစ်‌ကောင်စီဖမ်းဆီးသည့် ‌ဒေသခံကရင်လူမှုအဖွဲ့ဝင်တစ်ဦးကို ပြန်မလွှတ်‌ပေးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ထုတ်ပြန်

4221

‌မေလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌ညောင်‌လေးပင်ခရိုင် (တပ်မဟာ -၃) ‌ကျောက်ကြီးမြို့နယ်မှ ‌ဒေသခံ ကရင်လူမှုအဖွဲ့ဝင် ‌နော်‌အေးကြန်ကို စစ်‌ကောင်စီတပ်က ဖမ်းဆီးချုပ်‌နှောင်ထားခြင်းနှင့်ပတ်သက်၍ ပြန်လွှတ်‌ပေး ရန်‌တောင်းဆိုပြီး ပြန်မလွှတ်ပါက လူထုနှင့်အတူ လက်တွဲပြီး ပြင်းထန်စွာ တုံ့ပြန်မည်ဟု ‌ဒေသခံ ကရင်လူမှုအဖွဲ့အစည်းက ‌မေလ ၂၄ရက်‌နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြန်လိုက်သည်။

‌ဒေသခံကရင်လူမှု အဖွဲ့အစည်း၏ အဖွဲ့ဝင် ‌နော်‌အေးကြန်ကို ၎င်း‌နေထိုင်ရာ ‌ကျောက်ကြီးမြို့နယ် ပိုလိုးနိုဖိုး ‌ကျေးရွာရှိ‌နေအိမ်တွင် အာဏာသိမ်းစစ်‌ကောင်စီတပ် ခလရ(၆၀) တပ်ဖွဲ့မှ ယ‌နေ့( ‌မေလ၂၄)ရက် နံနက် ၄ နာရီခွဲ အချိန်ခန့်တွင် ဝင်‌ရောက်ဖမ်းဆီး‌သော‌ကြောင့် အမြန်ပြန်လွှတ်‌ပေးရန် ‌ဒေသခံ ကရင်လူမှုအဖွဲ့အစည်းက ထုတ်ပြန်ချက်ထုတ်ကာ ‌တောင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။

“ ဘာ‌ကြောင့် ဖမ်းလဲဆိုတာက ကျ‌နော်တို့ မသိရ‌သေးဘူး။ CDM သမား‌တွေကို လိုက်ဖမ်းတယ်ဆိုတာက တစ်မျိုး ‌ပေါ့၊ အခုကကျ‌နော်တို့ ကရင်လူမှုအဖွဲ့ကလူကို ဖမ်းတယ်ဆိုတာက‌တော့ ‌နောက်ဆက်တွဲပြဿနာ‌တွေက ပိုကြီး ထွားလာနိုင်တယ်‌ပေါ့ ။ လွှတ်‌ပေးတာမရှိရင် လူထု‌တွေနဲ့အတူ သ‌ဘောထားထုတ်ပြန်ချက်ထဲက အတိုင်းဘဲရပ် တည်မှာ‌ပေါ့” ဟု ‌ညောင်‌လေးပင်ခရိုင်အဆင့် ‌ဒေသခံလူမှုအဖွဲ့ဝင်တစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

‌နော်‌အေးကြန်ကို စစ်‌ကောင်စီတပ်မှ သွား‌ရောက်ဖမ်းဆီးသည့်အချိန်တွင် ‌နေအိမ်တွင် ၎င်း၏ က‌လေးငယ်များ နှင့်သာ ရှိ‌နေသည့်အတွက် ဖမ်းဆီးရသည့် အ‌ကြောင်းအရင်းကို မသိရ‌သေး‌ကြောင်း ၎င်းက ဖြည့်စွက်‌ပြောသည်။

‌ဒေသအကျိုး၊ လူထုအကျိုး ထမ်း‌ဆောင်‌နေသည့် လူပုဂ္ဂိုလ်တစ်ဦးကို စစ်‌ကောင်စီတပ်ဘက်မှ ယခုလို မတရားဖမ်း ဆီးချုပ်‌နှောင်ထားခြင်းသည် ပြင်းထန်စွာရှုတ်ချသလို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်‌ပေးရန် သက်ဆိုင်ရာ တာဝန်ရှိ သူများကို အသိ‌ပေးလိုက်ခြင်းဖြစ်သည်ဟု ‌ဒေသခံကရင်လူမှုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အကြမ်းဖက်စစ်‌ကောင်စီတပ်အ‌နေဖြင့် ယခုလိုဖမ်းဆီးချုပ်‌နှောင်‌နေသည့် အဖွဲ့ဝင်အား ပြန်လွှတ်မ‌ပေး ‌သော်လည်း‌ကောင်း၊ ဖမ်းဆီးချုပ်‌နှောင်ခြင်း ထပ်မံပြုလုပ်လျှင်‌သော်လည်း‌ကောင်း ကရင်လူထုများကို ဦး‌ဆောင်သည့် အဖွဲ့ဝင်အ‌နေဖြင့် လူထုနှင့် လက်တွဲ၍ ပြင်းထန်သည့် တုံ့ပြန်မှု လုပ်‌ဆောင်မည်ဟုလည်း ထုတ်ပြန်‌ကြေညာထားသည်။

‌ကေအဲန်ယူ ‌ကျောက်ကြီးမြို့နယ် ‌ဒေသခံလူမှုအဖွဲ့အစည်းသည် ‌ဒေသတွင်းရှိ လိုအပ်ချက်များ ‌ဒေသခံလူထုများ၏ အကျိုးစီးပွားဆိုင်ရာ လုပ်ငန်းစဉ်များကို ‌ကေအဲန်ယူ လမ်းညွှန်ချက် နှင့် လုပ်‌ဆောင်‌နေသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ‌နော်‌အေးကြန်ကို သွား‌ရောက်ဖမ်းဆီးသည့် ခလရ(၆၀) တပ်ရင်း နှင့် ၎င်းလက်‌အောက်ခံ တပ်စခန်းများသည် ‌ကေအဲန်ယူ ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူသွားလာသည့် လမ်းမကြီး ‌ပေါ်တွင် ဂိတ်ချပြီး သွားလာသည့် ပြည်သူများကို စစ်‌ဆေးမှုများလုပ်‌ဆောင်သည့်အတွက် KNU ‌ကျောက်ကြီးမြို့နယ်ဘက်မှ လုံးဝလက်မခံနိုင်သည့်အ‌ကြောင်း ပြီးခဲ့သည့် ‌မေလ ၁၂ရက်‌နေ့တွင် ထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။