Home သတင်း ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အား ပြည်နယ်စစ်‌ကောင်စီမှ ဆန်ရိက္ခာ‌ထောက်ပံ့မှုပြုလုပ်

ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အား ပြည်နယ်စစ်‌ကောင်စီမှ ဆန်ရိက္ခာ‌ထောက်ပံ့မှုပြုလုပ်

19112

‌မေလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA) နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA(PC) အား ပြည်နယ်စစ်‌ကောင်စီမှ ဆန်ရိက္ခာများ ‌ထောက်ပံ့‌ပေးမှု ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါဆန်ရိက္ခာ‌ထောက်ပံ့မှုကို ယမန်‌နေ့ ‌မေလ ၂၂ ရက်‌နေ့က ပြည်နယ်‌ကောင်စီရုံး ၏ အစည်းအ‌ဝေးခန်းမတွင် ‌ပေးအပ်ပြီး သက်ဆိုင်ရာဆက်ဆံ‌ရေးရုံးတာဝန်ရှိသူမှ တက်‌ရောက်လက်ခံကာ DKBA မှ ဆန်အိတ် (၅၀၀) နှင့် KNU/ KNLA(PC) မှ ဆန်အိတ် (၄၅၀) ‌ထောက်ပံ့ခဲ့သည်ဟု ပြန်နယ် စစ်‌ကောင်စီ၏ ပြန်ကြား‌ရေးနှင့် ပြည်သူ့ ဆက်သွယ်‌ရေး ဦးစီးဌာန (ပြန်ဆက်)၏ သတင်း‌ဖော်ပြချက်အရ သိရသည်။

၎င်းဆန်ရိက္ခာ‌ထောက်ပံ့မှုနှင့်ပတ်သက်ပြီး KNU/KNLA(PC) မှ တွဲဖက်အတွင်း‌ရေးမှူး(၁) ‌စော‌ကျော်ညွန့်က ” ဒါမျိုးက ဟိုးအရင်ကတည်းကလုပ်တာ အခုမှ မဟုတ်ဘူး။ သိရသ‌လောက်က ဆန်အိတ် ၁၀ဝ ‌ကျော်‌လောက်‌တော့ သိရတယ်။ ‌ငွေ‌ကြေး‌ထောက်ပံ့တာ မပါဘူး။ ဒါမျိုး‌ထောက်ပံ့တာ တစ်နှစ်ကို တစ်ကြိမ် မဟုတ်ရင် နှစ်ကြိမ် ၊ ပုံမှန်‌ထောက်ပံ့တာ မဟုတ်ဘူး။ ‌ဒေသခံလူထုအတွက်လည်း မဟုတ်ဘူး။ ၂၀၀၇ ငြိမ်းချမ်း‌ရေးလုပ်လာထဲက တစ်ခါတစ်‌လေ‌ထောက်ပံ့‌ပေးတဲ့ ပုံစံမျိုးပဲ။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်း‌ထောက်ပံ့မှုသည် အစိုးရအဆက်ဆက်မှ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ဝင်များအတွက် နယ်စပ်‌ရေး ရာဝန်ကြီး ဌာနမှ ဘတ်ဂျက်များလျာထားပြီး နှစ်စဉ်‌ထောက်ပံ့မှု‌ပေးလျက်ရှိ‌ကြောင်း ကရင်ပြည်နယ် ပြန်ဆက်၏ သတင်း ‌ဖော်ပြချက်အရ သိရှိရသည်။

၎င်းဆန်အိတ်‌ထောက်ပံ့‌ပေးအပ်ပွဲသို့ ပြည်နယ်စစ်‌ကောင်စီဥက္ကဌ ‌စောမြင့်ဦး၊ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် သက်ဆိုင်ရာ DKBA နှင့် KNU/KNLA (PC) ဆက်ဆံ‌ရေးရုံးဆိုင်ရာ တာဝန်ရှိသူများက တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံ‌ရေး တည်ငြိမ်မှုမရှိသည့် ကာလမျိုး၌ DKBA နှင့် KNU/KNLA (PC) တို့ အ‌နေဖြင့် စစ်‌ကောင် စီ၏ ယခုလို‌ထောက်ပံ့မှုများ လက်ခံရယူမှုအပါအဝင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်‌နေ့က စစ်‌ကောင်စီ နှင့် သွား‌ရောက်‌တွေ့ဆုံမှုမျိုး ပြုလုပ်ခဲ့ခြင်းအ‌ပေါ် ပြည်သူလူထုများကြား ‌ဝေဖန်မှုများလည်း မြင့်တက်လျက် ရှိ‌နေ သည်။