Home သတင်း KNU တပ်မဟာ(၅)ကို တိုက်ခိုက်မည်မဟုတ်‌ကြောင်း BGF အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ‌ပြော

KNU တပ်မဟာ(၅)ကို တိုက်ခိုက်မည်မဟုတ်‌ကြောင်း BGF အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ‌ပြော

36386

‌မေလ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့အ‌နေဖြင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) ကို သွား‌ရောက် တိုက်ခိုက်မှုမျိုး လုပ်‌ဆောင်မည်မဟုတ်‌ကြောင်း နယ်ခြား‌စောင့်တပ် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူက ‌ပြောဆိုလိုက်သည်။

KNU တပ်မဟာ (၅) နယ်‌မြေအတွင်းသို့ နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ အင်အား အလုံး အရင်းဖြင့် ‌ရောက်ရှိ‌နေ ပြီး တပ်မဟာ (၅)ကို တိုက်ခိုက်မည်ဆိုသည့် သတင်းထွက်‌ပေါ်‌နေမှု နှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ‌စောချစ်သူက ယခုလို ပြန်လည် တုံ့ပြန်‌ပြောဆိုခြင်းဖြစ်သည်။

၎င်းက “ကျ‌နော့်အ‌နေနဲ့ ကျ‌နော့် လူ‌တွေကို ပြတ်ပြတ်သားသား ညွှန်ကြားထားပြီးပြီ။ သူတို့ကို သွားမပစ်ဖို့ အတွက်။ အခု လှကြိုင်နဲ့ ‌မောင်ချစ် (၎င်းလက်‌အောက်တပ်ရင်းမှူးနှစ်ဦး)တပ်ရင်းမှာ သွားလာလှုပ်ရှားလို့ မရတဲ့အတွက် လမ်းလုံခြုံ‌ရေး သွားယူ‌ပေး ဖို့ပဲလွှတ်လိုက်တာ။ သူများ‌ပြောသလို တပ်မဟာ (၅) ‌ခေါပူ၊ ကြာကွင်းကို တက်တိုက်ရမယ်ဆိုတာက လုံးဝ မဟုတ်ဘူး ဆိုတာ‌ပြောရဲတယ်။ တကယ်အဲ့လိုဖြစ်လာရင် ကျ‌နော့်ကို ‌ပြောပါ၊ ကျ‌နော်တာဝန်ယူတယ်။” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ (‌မေ ၆ ရက်) ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တပ်မဟာ (၅) နယ်‌မြေအတွင်း ရှိ‌နေသည့် ၎င်း၏ BGF တပ်ရင်း (၁၀၁၃) နှင့် (၁၀၁၄)၏ အကူအညီ ‌တောင်းခံမှုအရ သွားလာလှုပ်ရှားနိုင်ရန် လမ်းလုံခြုံ‌ရေး သွား‌ရောက်ယူ‌ပေးခြင်းသာဖြစ်ပြီး စစ်ဆင်‌ရေးအတွက် မဟုတ်‌ကြောင်းနှင့် သတင်းများ ထွက်‌ပေါ်‌နေသကဲ့သို့ အင်အား (၅၀၀)‌ကျော်မရှိဘဲ ၂၀ဝ ‌ကျော်ခန့်သာရှိ‌ကြောင်းလည်း ဗိုလ်မှူးကြီး ‌စောချစ်သူက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက ၎င်းတို့ နယ်‌မြေထဲတွင် ရိက္ခာလမ်း‌ကြောင်းဖြတ်‌တောက်ခံထားရသည့် စစ်‌ကောင်စီ တပ်ဖွဲ့ ဝင်များအတွက် ရိက္ခာကူညီပို့‌ဆောင်‌ပေးရန် BGF အ‌နေဖြင့် ညွန်ကြားခံထားရ ‌သော‌ကြောင့် အင်အား ၄၀ဝ ‌ကျော်ဖြင့် ကမ‌မောင်း‌ဒေသတွင် ‌ရောက်ရှိ‌နေသည်ဟု KNU တပ်မဟာ (၅) ဘက်က ‌ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့် လများတွင် KNU တပ်မဟာ (၅) ဘက်မှ စစ်‌ကောင်စီ တပ်စခန်း (၂) ခုကို သိမ်းယူထားသည့် အ‌ပေါ် ပြန်လည်တိုက်ခိုက်သိမ်းယူ‌ပေးရန် စစ်‌ကောင်စီဘက်မှ BGF တပ်ဖွဲ့ဝင်များကို ညွန်ကြားထား‌ကြောင်းလည်း သတင်းများ ထွက်‌ပေါ်‌နေခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းများက KNU တပ်မဟာ (၁) နယ်‌မြေတွင် ဖြစ်ပွားခဲ့သည့် ၎င်းတို့ နှင့် KNU တပ်မဟာ (၁) အကြားပစ်ခတ်မှုတွင်လည်း သွားလာရန်ခွင့်‌တောင်းရာတွင် အညှိအနှိုင်းမခံဘဲ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို လာ‌ရောက် ပစ်ခတ်ခြင်းမျိုးသာဖြစ်‌ကြောင်းလည်း ဗိုလ်မှူးကြီး ‌စောချစ်သူက ‌ပြောသည်။

လက်ရှိတွင် KNU တပ်မဟာ (၅) နယ်‌မြေအတွင်း ၎င်းတို့၏ တပ်ရင်း (၂)ရင်းမှ တပ်သားများအ‌နေဖြင့် ပိတ်မိ‌နေပြီး စခန်းအပြင်ထွက်လှုပ်ရှားသည်နှင့် အပစ်ခံရ‌ကြောင်း ၊ အများအပြား ထိခိုက်ကျဆုံး သွားပြီး ဖြစ်‌ကြောင်း နှင့် မိခင်အဖွဲ့အစည်းအ‌နေဖြင့် ခံယူထားလျှင် သားသမီးများကို ထိုသို့ ပစ် ခတ်ခြင်းမျိုး မလုပ်သင့်‌ကြောင်းလည်း ဗိုလ်မှူးကြီး ‌စောချစ်သူ က ဖြည့်စွက်‌ပြောဆိုသည်။
လတ်တ‌လောဖြစ်‌ပေါ်‌နေသည့် စစ်အာဏာသိမ်းမှု အ‌ပေါ်တွင်လည်း BGF အ‌နေဖြင့် လက်မ ခံနိုင်‌ကြောင်းနှင့် လက်ရှိတွင် ၎င်းတို့အ‌နေဖြင့် စစ်‌ကောင်စီကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်လိုခြင်း မဟုတ်‌သေးသလို ၎င်းတို့၏ လက်‌အောက်တွင်လည်း လုံးဝ ရှိ‌နေခြင်းမျိုးမဟုတ်ဘဲ နှစ်ဦး နှစ်ဖက် ယုံကြည်မှု ‌ပေးနိုင်သည့် ကာလအထိ ယခုအတိုင်းဆက်ရှိ‌နေမည်ဖြစ်ပြီး မယုံကြည်နိုင်သည့် အ‌ခြေအ‌နေ‌ရောက်ရှိပါက ၎င်းတို့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်သွားမည်ဖြစ်‌ကြောင်းလည်း BGF အ‌ထွေ‌ထွေအတွင်း‌ရေးမှူးက ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင်လည်း နယ်ခြား‌စောင့်တပ်၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များကို ရာထူးမှ နုတ်ထွက်ရန် စစ်‌ကောင်စီ (ယခင်တပ်မ‌တော်)ဘက်မှ ဖိအား‌ပေးခြင်း‌ကြောင့် BGF တပ်နယ် ၄ တပ်နယ်မှူး နှင့် တပ်ရင်း ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူး ‌စောမုတ်သုန်မှ နုတ်ထွက်စာတင်ခဲ့သလို အလားတူ BGF ထိပ်ပိုင်း ‌ခေါင်း‌ဆောင်း ၆၇ဦးလည်း လက်မှတ်ထိုး နုတ်ထွက်စာတင်ခဲ့သည်။

သို့‌သော် စစ်‌ကောင်စီ(တပ်မ‌တော်)ဘက်မှ ပြန်လည်ညှိနှိုင်း‌ဆွေး‌နွေးမှုအရ လက်ရှိတွင် မူလအ‌ခြေအ‌နေအတိုင်း ဆက်လက် တည်ရှိ‌နေ‌သေး‌ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်ကို ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်၊ ဩဂုတ်လတွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်- DKBA မှ တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်း‌ရေး တပ်ဖွဲ့(KPF)အဖွဲ့မှ တပ်ရင်း ၁ ရင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လတ်တ‌လောတွင် တပ်ဖွဲ့ဝင်အင်အား စုစု‌ပေါင်း ၇၀၀ဝခန့် ရှိသည်ဟု ခန့်မှန်း ‌ပြောဆိုကြသည်။