Home သတင်း စစ်‌ကောင်စီတပ်မှ သံလွင်မြစ်အတွင်း သွားလာသည့် စက်‌လှေအား ထပ်မံပစ်ခတ်

စစ်‌ကောင်စီတပ်မှ သံလွင်မြစ်အတွင်း သွားလာသည့် စက်‌လှေအား ထပ်မံပစ်ခတ်

3734

‌မေလ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU- ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)ထိန်းချုပ်နယ်‌မြေ သံလွင်မြစ်ထဲတွင် သွားလာ‌နေသည့် ‌ဒေသခံ၏ စက်‌လှေကို စစ်‌ကောင်စီတပ်ဘက်မှ ထပ်မံပစ်ခတ်မှုရှိ‌နေသည်ဟု ‌ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ‌မေလ ၄ ရက်‌နေ၊ ‌နေ့လည် ၁၁နာရီဝန်းကျင်ခန့်တွင် သံလွင်မြစ်အတွင်း သွားလာ‌နေသည့် ‌ဒေသခံ ‌လှေ တစ်စင်းအား ထီး‌ရော်ထာ စစ်‌ကောင်စီတပ်စခန်းမှ ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် စက်‌လှေကို ထိမှန်‌သော်လည်း စက်‌လှေထဲတွင် ပါလာသူများကို ထိခိုက်မှုမရှိ‌ကြောင်း ထို‌ဒေသရှိ စက်‌လှေ‌မောင်းသူတစ်ဦးက ‌ပြောသည်။

သူက ” စက်‌လှေကို ပစ်သွားတာက ထီး‌ရော်ထာ့မှာပါ။ ပြီးခဲ့တဲ့ ၄ ရက်‌နေ့က‌နော်။ စက်‌လှေကို‌တော့ ထိသွားတယ်။ လူ‌တော့မထိဘူး။ စက်‌လှေသမားက‌တော့ သူးမွဲထာရွာမှာ‌နေတယ်။ ‌ဆွေမျိုးဆီကို သွားတဲ့အချိန်မှာ အပစ်ခံရတာ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပစ်ခတ်ခဲ့သည့် စစ်‌ကောင်စီတပ်သည် ခမရ ၃၄၂ တပ်ရင်းဖြစ်ပြီး ထိုသို့ စက်‌လှေပစ်ခတ်ခံရမှု‌ကြောင့် လက်ရှိအချိန်တွင် ‌ဒေသခံများ ဖြတ်သွားဖြတ်လာ၍ မရှိကြ‌တော့‌ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်၍ ယခု ‌မေလအထိ သံလွင်မြစ်အတွင်းဖြတ်သန်းသွားလာ‌နေသည့် အရပ်သား စက်‌လှေများကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ပစ်ခတ်မှု ၄ ကြိမ်တိုင်တိုင် ရှိ‌နေပြီးဖြစ်သည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်‌ကြောတစ်‌လျှောက် သွားလာ‌နေသည့် စက်‌လှေများကို အနီးအနားရှိ စစ်‌ကောင်စီတပ်စခန်းထံ သတင်းပို့အ‌ကြောင်းကြားရမည်ဖြစ်ကာ အ‌ကြောင်းမကြားဘဲ သွားလာပါက ပစ်ခတ်မည်ဆိုပြီး အဆိုပါ‌ဒေသအတွင်း အ‌ခြေချသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်မှ စက်‌လှေ‌မောင်းသူများကို ပြီးခဲ့သည့် ဧပြီလတွင် သတိ‌ပေး ခြိမ်း‌ခြောက်ထားခြင်းလည်းရှိခဲ့သည်။