Home သတင်း သံလွင်မြစ်ကမ်း‌ဘေးရှိ စစ်‌ကောင်စီတပ်စခန်းတစ်ခု ဆုတ်ခွာ

သံလွင်မြစ်ကမ်း‌ဘေးရှိ စစ်‌ကောင်စီတပ်စခန်းတစ်ခု ဆုတ်ခွာ

1372

‌မေလ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အူးသူးထာ့(ဥသုတ) စစ်‌ကောင်စီတပ်၏ ‌ခြေကုတ်စခန်းတစ်ခု ယမန်‌နေ့(‌မေ ၆ရက်) ညက ဆုတ်ခွာသွားသည်ဟု သိရသည်။

“ညကတည်းက စခန်းကို ဆုတ်သွားတာဖြစ်ပါတယ်။ ဘာပစ်ခတ်မှုမရှိပါဘူး။ ပတ်ပတ်လည်မှာ အကုန်ဝိုင်းထားခံရ‌တော့ ထိုင်းဘက်ခြမ်းကို ကူးပြီး အနီးမှာရှိတဲ့ သူတို့ရဲ့ မယ်ခါးထာစခန်းဖက်ကို ပြန်သွားဖို့များပါတယ်”ဟု နယ်ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဆုတ်ခွာသွားသည့်စခန်းကို ယ‌နေ့နံနက် ၉နာရီခန့်တွင် ‌ကေအဲန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်သွား‌ရောက်ရှင်းလင်းမှုလုပ်‌ဆောင်ရွာ လက်နက်ကြီး ကျည်အ‌ဟောင်းတစ်ချို့သာ ‌တွေ့မြင်ရသည်ဟု၎င်း နယ်ခံက ‌ပြောသည်။

အဆိုပါ ဥသုတ ‌ခြေကုတ်စခန်းတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁ဝဦး ‌ကျော်သာစခန်းထိုင်သည်ဟု သိရသည်။