Home သတင်း ဝမ်းပျက်ဝမ်း‌လျှော နှင့် ငှက်ဖျား‌ရောဂါ ‌ကြောင့် စစ်‌ရှောင် ပြည်သူများ ‌သေဆုံးမှုအထိရှိလာ

ဝမ်းပျက်ဝမ်း‌လျှော နှင့် ငှက်ဖျား‌ရောဂါ ‌ကြောင့် စစ်‌ရှောင် ပြည်သူများ ‌သေဆုံးမှုအထိရှိလာ

2219
Photo: KDHW

‌မေလ ၂၁ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌မေလဆန်းပိုင်းကစပြီး မူ‌တြော်(ဖာပွန်) ခရိုင်အတွင်း စစ်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ပြည်သူများတွင် ဝမ်းပျက် ဝမ်း‌လျှော‌ရောဂါအပြင် ငှက်ဖျား‌ရောဂါများပါ ဖြစ်ပွား‌နေပြီး ‌သေဆုံးမှုအထိ ရှိလာ‌နေသည်ဟု ၎င်းတို့ကို ကျန်းမာ ‌ရေး ကူညီ‌စောင့်‌ရှောက်‌ပေး‌နေသည့် ‌ကော်သူး‌လေ ကယ်ဆယ်‌ရေးနှင့် ကျန်းမာ‌ရေး ဌာန (KDHW)က ‌ပြောသည်။

KDHW ၏ သင်တန်းတာဝန်ခံ‌စောဒိုးဒိုအယ်ကလူ “ပြီးခဲ့တဲ့ ရက်ပိုင်းက က‌လေးတစ်‌ယောက်က ရုတ်တရက် ဆုံးသွားတာ။ ဝမ်း‌လျှော‌နေတာ‌တော့ တစ်ရက် နှစ်ရက်ရှိပြီး။ အဲ့လို ဝမ်း‌လျှောပြီး သူတို့‌နေရာပြန်‌ပြောင်း‌တော့ က‌လေးက အဖျားတက်‌နေတာ။ အဲမှာ ငှက်ဖျား‌သွေး‌ဖောက်ကြည့်‌တော့လည်း pv ‌ပေါ်တယ်။ အဲ့မှာကလည်း ‌ဆေးက ရှိမ‌နေဘူး။ ‌ဆေးသို‌လှောင်တဲ့ ‌နေရာနဲ့ ‌ဝေးတာလည်းပါတာ‌ပေါ့။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် အပူချိန် မြှင့်မားမှုကို ကြုံ‌တွေ့‌နေရသလို စစ်‌ရှောင်ပြည်သူများအ‌နေဖြင့်လည်း ‌တောထဲတွင် အမိုးအကာ နှင့် ခြင်‌ထောင်များ၊ အစားအ‌သောက်၊ ‌သောက်‌ရေသန့် များ မလုံ‌လောက်မှု ‌ကြောင့် ဝမ်းပျက် ဝမ်း‌လျှောဖြစ်ပွားသူ ‌နေ့စဉ် တိုးလာပြီး ငှက်ဖျား မိသူဦး‌ရေလည်း တိုးလာသည်ဟု ‌စောဒိုးဒိုအယ်ကလူ က ဆက်‌ပြောသည်။

လတ်တ‌လော ၎င်းတို့ သွား‌ရောက်‌ဆေးကုသမှု ‌ပေး‌နေသည့် မယ်နယူထ ‌ဒေသတစ်ခုထဲတွင်ပင် ဝမ်းပျက် ဝမ်း‌လျှော ဖြစ်ပွား‌နေသူ ၅၆ ဦး နှင့် ငှက်ဖျား‌ရောဂါ ဖြစ်ပွား‌နေသူ ၃၂ ဦး ရှိ‌နေပြီး ‌နေ့စဉ် ဆယ်ဦးထက် မနည်း ဝမ်းပျက်ဝမ်း‌လျှော ‌ရောဂါဖြင့် ‌ဆေးခန်းသို့ လာ‌ရောက်ပြသ‌နေကြသည်ဟု KDHW က ‌ပြောသည်။

အဆိုပါ စစ်‌ဘေး‌ရှောင်ပြည်သူများသည် စစ်‌ကောင်စီ ဘက်မှ ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှင့် ‌ကျေးရွာအ တွင်း လက်နက်ကြီး များဖြင့် ‌နေ့စဉ်ပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရာတွင် နီးစပ်ရာ ‌ကျောက်ဂူ ‌ကျောက်ကမ်းပါး များတွင် ခို‌အောင်း‌နေကြရ‌သော‌ကြောင့် ခြင်၊ ယင်များ ‌ပေါများ‌နေသလို သန့်ရှင်း‌သော ‌သောက်သုံး‌ရေ မရရှိမှုများကို ကြုံ‌တွေ့‌နေရခြင်း‌ကြောင့် ယခုလို ‌နေ့စဉ် ဖြစ်ပွား‌နေရခြင်းဖြစ်သည်ဟု လည်း သိရသည်။

လတ်တ‌လောတွင် အဆိုပါ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် ‌ဒေသအသီးသီးမှ လိုအပ်သည့် စားနပ်ရိက္ခာများ အဝတ်အစား အမိုးအကာများကို ‌ပေးပို့လှူဒါန်းမှုများ ‌ရောက်ရှိ‌နေ‌သော်လည်း လုံ‌လောက်မှုမရှိ‌သေး‌ကြောင်း နှင့် သံလွင် မြစ်ကမ်းနံ‌ဘေးမဟုတ်သည့် ‌ဒေသ၏ အတွင်းပိုင်းရှိ ပြည်သူများထံသို့ မ‌ရောက်ရှိ‌သေး‌ကြောင်း KDHW က ‌ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ သီးမူထာ့ စစ်‌ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့က KNLA တပ်ဖွဲ့ဝင် များ တက်‌ရောက်သိမ်းယူခဲ့ပြီး‌နောက် စစ်‌ကောင်စီ တပ်ဘက်မှ ‌ဒေသခံ လူထုများ‌နေထိုင်သည့် ‌ကျေးရွာများတွင် ‌လေယာဉ် အသုံးပြုပြီး ပစ်ခတ်မှုများ လုပ်‌ဆောင်‌သော‌ကြောင့် ‌သောင်းနှင့်ချီသည့် ‌ဒေသခံလူထုများသည် ‌တောထဲ ‌တောင်ထဲသို့ ထွက်‌ပြေးတိမ်း‌ရှောင် ‌နေခဲ့ကြရခြင်းဖြစ်သည်။