Home သတင်း လက္ခဏ‌ကျေးရွာတွင် ဖမ်းဆီးခံရသည့် လူငယ် ၇ ဦးတွင် အသက် ၁၈ နှစ်မပြည့်သည့် လူငယ်တစ်ဦးပါဝင်

လက္ခဏ‌ကျေးရွာတွင် ဖမ်းဆီးခံရသည့် လူငယ် ၇ ဦးတွင် အသက် ၁၈ နှစ်မပြည့်သည့် လူငယ်တစ်ဦးပါဝင်

2256

‌မေလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လက္ခဏ‌ကျေးရွာတွင် စစ်‌ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၇ ဦးတွင် အသက် ၁၈ နှစ်မပြည့်‌သေးသည့် လူငယ်တစ်ဦး ပါဝင်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ‌မေလ ၁၉ ရက်‌နေ့ နံနက် ၂ နာရီဝန်းကျင်တွင် အဆိုပါ လူငယ် ၇ ဦး အဖမ်းဆီးခံရမှုတွင်ပါဝင်သည့် လူငယ်တစ်ဦး၏ ငါး‌မွေးမြူ‌ရေးခြံတွင် ငါးဖမ်းပြီးပြန်အလာ စစ်‌ကောင်စီမှ အ‌ကြောင်းပြချက်မရှိဘဲ ‌နေအိမ် အတွင်း ဝင်‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်‌သေးသည့် လူငယ်တစ်ဦးပါဝင်သည်ဟု လုံခြုံ‌ရေး အရ အမည်မ‌ဖော်လိုသူ နီးစပ်သူတစ်ဦးက‌ပြောသည်။

၎င်းက ” ၁၉ ရက်‌နေ့ မနက် ၂ နာရီ‌လောက်မှာ လာဖမ်းတယ်။ လက္ခဏက လူငယ် ၇ ‌ယောက်‌ပေါ့‌နော်။ ၇ ‌ယောက်မှာ အသက် ၁၈ နှစ်မပြည့်‌သေးတဲ့သူတစ်‌ယောက်ပါတယ်။ ဘာလို့လာဖမ်းတာလဲ‌တော့ ‌သေချာ မသိဘူး‌ပေါ့‌နော်။ ပါသွားတဲ့‌ကောင်‌လေးရဲ့ ငါး‌မွေးမြူ‌ရေးခြံမှာ ငါးဖမ်းပြီးပြန်လာမှ လာဖမ်းသွားတာ။ သူတို့က နိုင်ငံ‌ရေးလှုပ်ရှားသူ‌တွေ‌တော့မဟုတ်ဘူး။ သူတို့က မီးလိုက်ရိုက်တဲ့အဖွဲ့ပဲ။ ဖမ်းသွားတာ ‌ယောက်ျား‌လေး‌တွေသက်သက်ပဲ။ ” ဟု ‌မေလ ၂၁ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထိုလူငယ် ၇ ဦးသည် လျှပ်စစ်မီးလိုက်လံတပ်ဆင်‌ပေးသူများဖြစ်ပြီး အဆိုပါ လူငယ် ၇ ဦးပြန်လည် လွတ်‌မြောက်‌ရေးအတွက် ‌ရှေ့‌နေများနှင့် ချိတ်ဆက်‌ပေးလျက်ရှိပြီး လာမည့် ဇွန်လ ၃ရက်‌နေ့တွင် ၎င်းတို့ကို ရုံးထုတ်မည်ဟု သိရသည်။

ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်‌ကောင်စီမှ အာဏာသိမ်းပြီး‌နောက် အဖမ်းဆီးခံရသည့် လူငယ် ၁၀ဝ ဦး‌ကျော်ရှိပြီဖြစ်ပြီး ထိုအထဲတွင် အသက်မပြည့်‌သေးသူများမှလွဲ၍ ယခုအချိန်ထိ ပြန်လည်လွတ်‌မြောက်လာသူမရှိ‌သေး‌ကြောင်း သိရသည်။