Home သတင်း ဖားအံ အစိုးရနည်းပညာအထက်တန်း‌ကျောင်းအုပ် ‌ဒေါက်တာချိုယုမွန်ကို ‌ထောင်ဒဏ် ၂ နှစ်ချမှတ်

ဖားအံ အစိုးရနည်းပညာအထက်တန်း‌ကျောင်းအုပ် ‌ဒေါက်တာချိုယုမွန်ကို ‌ထောင်ဒဏ် ၂ နှစ်ချမှတ်

1138

‌မေလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ ဖားအံအစိုးရနည်းပညာအထက်တန်း‌ကျောင်း ‌ကျောင်းအုပ်ဆရာမ ‌ဒေါက်တာချိုယုမွန်ကို ယ‌နေ့ (‌မေလ ၁၂ရက်) ဖားအံအကျဉ်း‌ထောင်တွင် တရားစီရင်ပြီး ‌ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

‌ဒေါက်တာချိုယုမွန်ကို ဖမ်းဆီးခံရသည့် ၃ လ‌ကျော်အကြာတွင် နိုင်ငံ‌တော်အကြည်ညိုပျက်‌စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုပြီး ယခုလို ‌ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ‌ရှေ့‌နေတစ်ဦးက ယခုလို‌ပြောသည်။

” ဟုတ်တယ်။ ဒီ‌နေ့ချတာ ၅၀၅ (ခ) အရင်ကပြစ်ဒဏ်အမြင့်ဆုံး ၂ နှစ်ပဲရှိတယ်။ သူ့ကိုဖမ်းတုန်းက၊ ‌နောက်ပိုင်း ၃ နှစ်ပြန်တိုးလိုက်တယ်၊ ဥပ‌ဒေပြင်လိုက်တာ၊ သူ့ကိုဖမ်းတုန်းက မပြင်ရ‌သေးဘူးဆို‌တော့ သူ့ကိုအဲဒီတုန်းက တည်ဆဲဥပ‌ဒေအတိုင်းပဲ ချလို့ရတယ်။ တရားသူကြီးက အမြင့်ဆုံးပြစ်ဒဏ်ချလိုက်တာ‌ပေါ့။ ” ဟု ၎င်းက ‌ကေအိုင်စီ သို့‌ပြောသည်။

ယ‌နေ့တွင် ‌ဒေါက်တာချိုယုမွန်နှင့်အတူ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ‌စော‌မောင်ကြီးကိုလည်း အဆိုပါအကျဉ်း‌ထောင်တွင် တရားစီရင်ပြီး ‌ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ အမိန့်ချမှတ်ခြင်းခံရသည်ဟု သိရသည်။

‌ဒေါက်တာချိုယုမွန်ကို ‌ဖေ‌ဖော်ဝါရီလ ၅ ရက်‌နေ့တွင် ‌မေးမြန်းရန်ရှိသည်ဆိုပြီး ‌နေအိမ်တွင် လာ‌ရောက် ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီး‌နောက် ဖားအံ‌တောင်က‌လေးအကျဉ်း‌ထောင်၌ အမှုစစ်‌ဆေးပြီး ထို‌နေရာ၌သာ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။