Home သတင်း တရားမဝင်ဂြိုလ်တုစ‌လောင်းများ တပ်ဆင်အသုံးပြုပါက ‌ထောင်ဒဏ် ၁ နှစ် နှင့် ဒဏ်‌ငွေ ၅ သိန်း ကျခံရမည်ဟု စစ်‌ကောင်စီထုတ်ပြန်

တရားမဝင်ဂြိုလ်တုစ‌လောင်းများ တပ်ဆင်အသုံးပြုပါက ‌ထောင်ဒဏ် ၁ နှစ် နှင့် ဒဏ်‌ငွေ ၅ သိန်း ကျခံရမည်ဟု စစ်‌ကောင်စီထုတ်ပြန်

1551

‌မေလ ၅ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တရားမဝင်ဂြိုလ်တုစ‌လောင်း ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြုကြည့်ရှုမှုများပြုလုပ်ပါက ‌ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်‌ငွေ ၅ သိန်းကျခံရမည်ဟု စစ်‌ကောင်စီ ပြန်ကြား‌ရေးဝန်ကြီးဌာနက ယမန်‌နေ့ ဧပြီ ၄ ရက်တွင် ၎င်းတို့၏ ဝါဒဖြန့်သတင်းစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ အသိ‌ပေး‌ကြေငြာချက်တွင် တရားမဝင်အဖွဲ့အစည်းနှင့် သတင်းဌာနအချို့သည် တရားမဝင်ဂြိုလ်တုစ‌လောင်းများမှတဆင့် ရုပ်သံလိုင်းများတွင် နစက ‌ကောင်စီ၏ အ‌ရေး‌ပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ‌ဆောင်ရွက်‌နေစဉ်ကာလအတွင်း နိုင်ငံ‌တော်လုံခြုံ‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး၊ အများပြည်သူ‌အေးချမ်းသာယာ‌ရေးကို ထိခိုက်‌စေ‌သော အ‌ကြောင်းအရာများနှင့် နိုင်ငံ‌တော်အား သစ္စာ‌ဖောက်ဖျက်ပုန်ကန်မှုကျူးလွန်သူများကို အား‌ပေးကူညီရာ‌ရောက်သည့် အ‌ကြောင်းအရာများကို ထုတ်လွင့်လျက်ရှိ‌နေပြီး ထိုစ‌လောင်းများနှင့် ရုပ်သံဖမ်းစက်များကို အသုံးပြုပါက ‌ထောင်ဒဏ် ၁ နှစ် နှင့် ဒဏ်‌ငွေ ၅ သိန်း သတ်မှတ်ထား‌ကြောင်း ပါရှိသည်။

၎င်း‌ကြေငြာချက်နှင့် ပတ်သက်၍ စစ်အာဏာရှင်စနစ်မလိုလားသည့် မြဝတီမြို့မှ ပြည်သူတစ်ဦးက “အခု သူတို့ တရားမဝင်ဂြိုလ်တုစ‌လောင်းလို့‌ပြောတဲ့ PSI စ‌လောင်းလိုင်းများက‌နေ Mizzima သတင်းဌာန နှင့် DVB သတင်းဌာနများက သတင်း‌တွေကို ထုတ်လွင့်လျက်ရှိ‌နေတာပါ။ ဒါ‌တွေကို အများပြည်သူ ကြည့်ခွင့် သိခွင့်မရ‌အောင် စစ်‌ကောင်စီဘက်က သတင်းအ‌မှောင်ချလိုတဲ့ သ‌ဘောနဲ့ ပိတ်ပင်လိုခြင်းဖြစ်တယ်။”ဟု သုံးသပ်‌ပြောဆိုကြသည်။

“ယခုလို နိုင်ငံ‌ရေးမတည်ငြိမ်မှု ဖြစ်လာရခြင်းက ‌ရွေး‌ကောက်ပွဲရလဒ်ကို အတည်မပြုဘဲ စစ်‌ကောင်စီက‌နေ မတရားအာဏာသိမ်းလိုက်လို့ဖြစ်လာတာ‌လေ။ ဒီလို အာဏာသိမ်းမှု အ‌ပေါ်မှာ မ‌ကျေနပ်လို့ လမ်း‌ပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူ‌တွေကို စစ်‌ကောင်စီ လုံခြုံ‌ရေးအဖွဲ့‌တွေက မတရားဖမ်းဆီး၊ ရိုက်နှက်၊ ပစ်ခတ်၊ သတ်ဖြတ်ခဲ့ကြတယ်။ ဒါ‌တွေက ‌မြေပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်‌တွေဘဲ‌လေ။ ဒီဖြစ်ရပ်မှန်‌တွေကို စစ်‌ကောင်စီ၏ ဝါဒဖြန့် သတင်းစာမှလွဲ၍ လွတ်လပ်‌သော သတင်းဌာန အ‌တော်များများက‌နေပြီး ပုံစံအမျိုးမျိုးနဲ့ ‌ဖော်ပြလျက်ရှိတယ် “ဟု အခြားမြဝတီမြို့ခံတစ်ဦးကလည်း ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်‌နေ့ မနက်ပိုင်းမှစ၍ စစ်‌ကောင်စီ လုံခြုံ‌ရေးအဖွဲ့မှ ကရင်ပြည် နယ် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်တဝှမ်းရှိ ပြည်သူများ၏‌နေအိမ်တွင် တပ်ဆင်အသုံးပြုထားသည့် ထိုင်းနိုင်ငံထုတ် PSI စ‌လောင်းများကို လိုက်လံဖြုတ်သိမ်းမှုများရှိခဲ့ပြီး ယမန်‌နေ့ ‌မေလ ၄ရက်‌နေ့မှာ‌တော့ ၎င်းဂြိုလ်တုစ‌လောင်းများအား တပ်ဆင်အသုံးပြုကြည့်ရှုသူများကို ‌ထောင်ဒဏ်‌ရော ‌ငွေဒဏ်ပါချမှတ်သွားမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။