Home သတင်း NUG အစိုးရကို ‌ထောက်ခံပံ့ပိုးသွားမည်ဟု KNU၊ DKBA နှင့် ‌ဒေါနအ‌ရှေ့ခြမ်း ပြည်သူလူထုများသ‌ဘောထား ထုတ်ပြန်

NUG အစိုးရကို ‌ထောက်ခံပံ့ပိုးသွားမည်ဟု KNU၊ DKBA နှင့် ‌ဒေါနအ‌ရှေ့ခြမ်း ပြည်သူလူထုများသ‌ဘောထား ထုတ်ပြန်

11357

ဧပြီ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA နှင့် ‌ကော့ကရိတ် မြို့နယ်၊ ‌ဒေါနအ‌ရှေ့ခြမ်းရှိ ပြည်သူလူထုများမှ လက်ရှိ ဖွဲ့စည်းထား‌သော အမျိုးသားညီညွတ်‌ရေးအစိုးရအဖွဲ့ (NUG) ကို ‌ထောက်ခံပံ့ပိုးကူညီသွားမည်ဟု ယမန်‌နေ့(ဧပြီ ၂၁) က သ‌ဘောထားထုတ်ပြန်ခဲ့သည်။

ယမန်‌နေ့က ဆုံဆည်းမြိုင်‌ဒေသတွင် ပြုလုပ်ခဲ့သည် KNU၊ DKBA နှင့် ‌ဒေါနအ‌ရှေ့ခြမ်းပြည် သူလူထုများ ပါဝင်သည့် ပညာ‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအပြီး ယခုလို သ‌ဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

၎င်း‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သည့် ‌ဒေသခံတာဝန်ရှိသူတစ်ဦးဖြစ်သူ ‌စောအယ်ဟူးက “ ကျ‌နော်‌ဆွေး‌နွေးမှုထဲမှာ အခု လက်ရှိမှာ အစိုးရ ပုံစံနှစ်ခု ဖြစ်‌နေတာ‌ပေါ့။ တစ်ခုကို ‌ရွေးချယ်ဖို့ ရှိလာတဲ့အခါ ကျ‌နော်တို့က စစ်‌ကောင်စီကို‌တော့ လက်မခံဘူး‌ပေါ့။ တစ်ဖက်မှာက NUG ကျ‌တော့ လူထု‌ထောက်ခံမှုအပြည့်ရထားသလို ကျ‌နော်တို့ အ‌နေနဲ့ကလည်း ကြိုဆို ‌ထောက်ခံတယ်။ အခုအချိန်ထိ‌တော့ သူတို့လည်း လက်‌တွေ့အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်မှု‌တွေ မမြင်‌တွေ့ ရ‌သေး‌တော့ ဘယ်လိုပုံစံ ‌ထောက်ခံပံ့ပိုးသွားမလဲဆိုတာ‌တော့ ‌ပြောဖို့ ခက်‌သေးတယ် ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် KNU အုပ်ချုပ်‌ရေး ယန္တရားဖြစ်သည့် ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD) ၏ ပညာ‌ရေး စနစ်အတိုင်း ရပ်တည်ကာ စစ်‌ကောင်စီ၏အုပ်ချုပ်‌ရေးဟူသမျှ ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ပြီး KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန် ထားသည့် အာဏာဖီဆန်‌ရေး (CDM) လှုပ်ရှားမှုအ‌ပေါ် အား‌ပေး‌ထောက်ခံ အကာအကွယ်ပြုသွားမည့်အတိုင်း ရပ်တည်အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ဆက်လက်ပြီး စစ်‌ကောင်စီ (အာဏာရှင်စနစ်) ကို အမြစ်ပြတ်တိုက်ထုတ်မည့် တိုင်းရင်းသား ပြည်သူလူထု နှင့်တကွ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည် ဖြစ်သလို KNU ၏ နိုင်ငံ‌ရေးဦး‌ဆောင်မှုအတိုင်း ခိုင်မာစွာ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဟုလည်း ဆက်လက်‌ဖော်ပြထားသည်။

ယမန်‌နေ့က ပြုလုပ်သည့် ပညာ‌ရေးဆိုင်ရာ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် KNU၊ DKBA ‌ခေါင်း‌ဆောင်များ၊ ‌ဒေါနအ‌ရှေ့ဖက်ခြမ်းရှိ ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများအပါအဝင် လူဦး‌ရေ (၁၀၀) ဝန်းကျင်တက်‌ရောက်ခဲ့ပြီး ကရင့်ပညာ‌ရေး ဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက်မှု၊ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး‌နောက် နယ်‌မြေအတွင်း အုပ်ချုပ်‌ရေးအ‌ခြေအ‌နေနှင့် လတ်တ‌လော နိုင်ငံ‌ရေး အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ရက်‌နေ့က ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ( CRPH)မှ ဖွဲ့စည်းလိုက်သည့် NUG အစိုးရသစ်နှင့်ပတ်သက်ပြီး KNU (ဗဟို)အပြင် ကျန်ကရင်လက်နက်ကိုင်များဖြစ်သည့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC )နှင့် DKBA တို့မှ တစုံတရာ သ‌ဘောထား ထုတ်ပြန်ထားခြင်းမျိုးမရှိ‌သေး‌ကြောင်း ‌တွေ့ရသည်။