Home သတင်း စစ်‌ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး CDM ပြုလုပ်ပြီး KNU တပ်မဟာ ၁ တွင် ဝင်‌ရောက်ခိုလှုံ

စစ်‌ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး CDM ပြုလုပ်ပြီး KNU တပ်မဟာ ၁ တွင် ဝင်‌ရောက်ခိုလှုံ

30201

ဧပြီ၊ ၂၂ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်းစစ်‌ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးသည် အကြမ်းဖက် အာဏာသိမ်းစစ်‌ကောင်စီ၏ အုပ်ချုပ်မှု‌အောက်တွင် တာဝန်မထမ်း‌ဆောင်နိုင်‌တော့သည့်အတွက် အာဏာဖီဆန်‌ရေးလှုပ်ရှားမှု -CDM တွင် ပါဝင်ပြီး KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ သထုံခရိုင်(တပ်မဟာ -၁)တွင် ဝင်‌ရောက်ခိုလှုံခဲ့သည်ဟု သိရသည်။

အဆိုပါဗိုလ်မှူးသည် အသက် ၃၆ နှစ်ရှိ ဗိုလ်မှူး ညွန့်နိုင်ဖြစ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး အ‌ဖျောက်မြို့ တိုက်ကြီး မြို့နယ်ဇာတိဖြစ်ကာ အာဏာသိမ်းစစ်‌ကောင်စီ၏ အကြမ်းဖက်စစ်အာဏာသိမ်းလက်‌အောက်တွင် တာဝန်ထမ်း ‌ဆောင်လိုစိတ်မရှိ‌တော့သည့်အတွက် အမှတ်(၇) ‌ခြေလျင်တပ်ရင်းမှ ထွက်ပြီး မတ်လ ၉ ရက်‌နေ့ကတည်းက ‌ကေအဲန်ယူ တပ်မဟာ(၁) နယ်‌မြေထဲလာ‌ရောက်ခိုလှုံ‌နေခြင်းဖြစ်သည်ဟု KNU သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ စစ်အာဏာရှင်က လူထု‌တွေကို ကာကွယ်မယ်‌ပြောပြီး သတ်ဖြတ်၊ အနိုင်ကျင့်တာရှိတဲ့အတွက် သူက လက်မခံနိုင်ဘူး။ အဲဒါ‌ကြောင့် တပ်က‌နေထွက်ပြီး ရန်ကုန်မှာပြန်တယ်လို့‌ပြောတယ်။ ရန်ကုန်မှာ‌နေပြီး CDM သမား‌တွေကို ကူညီ‌နေတာရှိ‌တော့ သူ‌နေရတာ မလုံခြုံ‌တော့ ကျ‌နော်တို့ဆီကို ‌ရောက်လာတာ” ဟု ပဒို‌စောစိုးမြင့်က ‌ပြောသည်။

ဗိုလ်မှူးညွန့်နိုင်သည် ၂၀၀၂ ခုနှစ်၊ ပြင်ဦးလွင် (DSA) ဗိုလ်‌လောင်းသင်တန်း စစ်တက္ကသိုလ်‌ကျောင်း အပတ် စဉ် ၄၈ သင်တန်းတက်‌ရောက်သူဖြစ်ပြီး သင်တန်းပြီးချိန်တွင် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် -စကခ (၉) လက်‌အောက်ခံ /ခမရ (၃၇၉) ရခိုင်ပြည်နယ် မင်းပြားမြို့တွင် တာဝန်ကျခဲ့သူဖြစ်သည်ဟု သိရသည်။

လက်ရှိ KNU သထုံခရိုင် (တပ်မဟာ -၁) ထိန်းချုပ်နယ်‌မြေတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ရဲနှင့် စစ်သားများအပြင် ပညာ‌ရေး၊ ကျန်းမာ‌ရေး ဝန်ထမ်းများနှင့် နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ဝင် ‌ရောက်ခိုလှုံသူ စုစု‌ပေါင်း ၃၀ဝ ဦး‌ကျော်ရှိသည်ဟု သိရသည်။