Home သတင်း KNU တပ်မဟာ ၆ နှင့် စစ်‌ကောင်စီတပ် တိုက်ပွဲဖြစ်

KNU တပ်မဟာ ၆ နှင့် စစ်‌ကောင်စီတပ် တိုက်ပွဲဖြစ်

2010

ဧပြီ ၆ရက်၊၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ် (မွန်ပြည်နယ်၊ ‌ရေးမြို့နယ်) မာန်‌အောင်ရွာ၌ ယ‌နေ့ (ဧပြီ ၆ရက်)ည‌နေ ၆နာရီ‌ကျော်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်( KNLA) တပ်ရင်း ၁၆ နှင့် စစ်‌ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံ တစ်ဦး“ မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ မာန်‌အောင်ရွာမှာ ဒီည‌နေ ၆ နာရီ ၊ မိနစ် ၄ဝ ‌လောက်စပြီး အခု( ည ၇နာရီခွဲ) ထိ ဖြစ်ပွား‌နေတုန်းပါပဲ။ ‌နောက်ဆက်တွဲ‌တွေက‌တော့ ဘာမှမသိရဘူး။ ”ဟု ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုက်ပွဲဖြစ်စဉ် အ‌သေးစိတ်ကို ‌ကေအိုင်စီအ‌နေဖြင့် ဆက်လက်စုံစမ်း‌နေဆဲဖြစ်သည်။