Home သတင်း ဖားအံမြို့မ‌ဘောလုံးကွင်းကို ပြည်သူထံ ပြန်‌ပေးရန် အ‌ဆောက်အဦးများ စတင်ဖြိုချ

ဖားအံမြို့မ‌ဘောလုံးကွင်းကို ပြည်သူထံ ပြန်‌ပေးရန် အ‌ဆောက်အဦးများ စတင်ဖြိုချ

5266
Photo: Kyaw Zin Winn.

ဧပြီလ ၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း အာဇာနည်‌ကျောက်တိုင်အနီးရှိ ဖားအံမြို့မ‌ဘောလုံးကွင်းကို ပြည်သူလူ ထုလက်ဝယ် ပြန်လည်‌ပေးအပ်သွားရန်အတွက် ‌ဆောက်လက်စ အ‌ဆောက်အဦးများကို ဧပြီလ ၅ရက်‌နေ့တွင် စတင် ဖြိုဖျက်‌နေပြီးဖြစ်‌ကြောင်း မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ‌ဘောလုံးကွင်းကို ယခင်က မူလအတိုင်း ပြန်ထားရှိရန်အတွက် ‌ဘောလုံးကွင်းအတွင်းရှိ အ‌ဆောက်အဦးအကြမ်း များကို သကြင်္န်မတိုင်မှီ အပြီးဖြို‌ပေးရန် အာဏာသိမ်းစစ်‌ကောင်စီ ခန့်အပ်လိုက်သည့် ပြည်နယ်စီမံအုပ်ချုပ်‌ရေး‌ကောင် စီက မတ်လ ၃ဝရက်စွဲနှင့် သမိုင်းဝင်မြို့မ‌ဘောလုံးကွင်း ပြည်သူ့လက်ဝယ်သို့ ပြန်လည်ရရှိ‌ရေး ကြိုးပမ်းမှု‌ကော်မတီထံ စာ‌ပေးပို့သည့်အတွက် အဆိုပါ‌ကော်မတီက ‌ဆောက်လက်စ အ‌ဆောက်အဦး အကြမ်းများကို စတင်ဖြိုချ‌နေခြင်းလည်း ဖြစ်သည်။

မြို့မ‌ဘောလုံးကွင်းကို ၂၀၀ဝပြည့်နှစ်၊ ပြည်နယ်ဥက္ကဌ ဗိုလ်မှူးကြီး‌စောခင်စိုး (နဝတ)လက်ထက်ကတည်းက မြ‌ဌေး ကြွယ်လင်းကုမ္ပဏီကို နှစ် ၉ဝဂရမ်နှင့် လုပ်ပိုင်ခွင့်ချထားခြင်းရှိ‌သော်လည်း အဆင့်ဆင့် ပြန်လည်လွှဲ‌ပြောင်း‌ရောင်းချခဲ့ သည်။

ယင်း‌နောက် နှစ် ၃ဝဂရမ်နှင့် ၂၀၁၃ခုနှစ်တွင် ဦးမိုး‌ကျော်(‌ငွေမိုးကုမ္မဏီ)မှ ဟိုတယ်‌ဆောက်လုပ်ရာ ပြည်သူများ ကန့်ကွက်သည့်အတွက် ၎င်း‌ဆောက်လက်စဟိုတယ်ကို ထိုနှစ်တွင်ပင် ရပ်နားလိုက်ပြီး ပြည်နယ်အစိုးရထံ ပြန်လည် အပ်နှံလိုက်သည်ဟု သိရသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီး NLD အစိုးရတက်လာသည့် ‌နောက်ပိုင်း အဆိုပါ‌မြေ‌နေရာကို သာသနာ့ဗိမ္ဗာန် အ‌ဆောက် အဦးနှင့် မိုးလုံ‌လေလုံ ဖူဆယ်အားကစားရုံကို ကွင်းတစ်ဝက်စီ တည်‌ဆောက်သွားရန် ပြန်လည်အစားထိုးကာ ခွင့်ပြု ထားခဲ့သည်။

၎င်း‌ဘောလုံးကွင်းပြည်သူ့လက်ဝယ်ပြန်လည်ရရှိရန်အတွက် NLD အစိုးရလက်ထက်တွင် ‌ဘောလုံးကွင်း ပြန်လည်ရရှိ ‌ရေးကြိုးပမ်းမှု‌ကော်မတီက နိုင်ငံ‌တော်သမ္မတ၊ အားကစားနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာနအပြင် ပြည်နယ်ဝန်ကြီးချုပ်ထံ မကြာခဏ စာတင်ပြ‌တောင်းဆိုခြင်းများလည်း ရှိခဲ့သည်။

ဖားအံမြို့မ ‌ဘောလုံးကွင်းကို ၂၀၁၃ခုနှစ်မှစ၍ မူလအတိုင်း ပြည်သူများအတွက် ပြန်လည်ထားရှိ‌ပေးရန် ‌ဒေသခံပြည် သူများ၊ ဆရာ‌တော်သံဃာ‌တော်တို့က ၈နှစ်‌ကျော်ကြာ ကြိုးပမ်းလုပ်‌ဆောင်ခဲ့ကြခြင်းဖြစ်သည်။