Home သတင်း CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဖားအံမြို့မှ ‌ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဖားအံမြို့မှ ‌ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ

3891

ဧပြီ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ တွင် ငြိမ်းချမ်းစွာ အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုအတွင်း ပါဝင်သည့် ‌ကျောင်းဆရာမတစ်ဦးကို ယမန်‌နေ့ ဧပြီလ ၂ဝ ရက်‌နေ့ ည ၁ဝ နာရီဝန်းကျင်တွင် စစ်‌ကောင်စီ၏ ရဲနှင့်စစ်တပ်က လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖားအံမြို့၊ အမှတ် (၉) ရပ်ကွက်‌နေ ဆရာမ နန်းရင်ရင်‌အေးသည် ၎င်း၏အသိမိတ်‌ဆွေတစ်ဦးကို ‌ငွေ‌ပေး‌ချေးထားပြီး ၎င်း‌ချေးထား‌ငွေကို ပြန်လည်‌တောင်းရာတွင် ထိုသူက မ‌ကျေနပ်သဖြင့် ရဲကိုတိုင်လိုက်ခြင်း‌ကြောင့် ယခုလို အဖမ်းခံလိုက်ရခြင်းဖြစ်‌ကြောင်း ၎င်းဆရာမနှင့် နီးစပ်သူ တစ်ဦးက ယခုလို‌ပြောသည်။

“ သူက အရင်က‌တော့‌ရှောင်‌နေတယ်၊ ပိုက်ဆံ‌ချေးထားတာကို ပြန်လာ‌တောင်းတာ တစ်ရက် နှစ်ရက်ပဲရှိ‌သေးတယ်။ အဲ့‌ချေးထားတဲ့သူက မ‌ကျေနပ်လို့ ရဲကိုတိုင်လိုက်တယ်။” ဟု ၎င်းက ‌ကေအိုင်စီ သို့ ‌ပြောသည်။
ပိုက်ဆံ‌ချေးယူထားသူသည် တပ်‌ထောက်ခံသူဖြစ်ပြီး ၎င်းဆရာမကို လာမဖမ်းမီ ၎င်း၏‌နေအိမ် အ‌ခြေအ‌နေကိုလာကြည့်ပြီး ညပိုင်းမှ ဧည့်စာရင်းစစ်မည်ဟုဆိုကာ အဆိုပါ ဆရာမကို လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားသည်ဟု ၎င်း‌ကျောင်းဆရာမနှင့် နီးစပ်သူက ဆက်‌ပြော သည်။

အဆိုပါ ‌ကျောင်းဆရာမသည် ဖားအံမြို့ အ.ထ.က (၃) တွင် တာဝန်ကျ‌နေသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းဖမ်းဆီးခံရမှုအတွက် ‌ရှေ့‌နေများဖြင့် လိုက်ပါ‌ဆောက်ရွက်လျက်ရှိရာ ၎င်းကို ယ‌နေ့ ရုံးထုတ်မည်ဟု သိရ‌သော်လည်း မည်သည့်အမှုဖြင့် တရားစွဲဆိုထားသည်ကို မသိရှိရ‌သေးဟု နီးစပ်သူများက ဆိုသည်။