Home သတင်း စစ်‌ဘေး‌ရှောင်များကို ယာယီခိုလှုံခွင့်‌ပေးရန် ကရင်အရပ်ဖက်‌ပေါင်း ၄ဝ ‌ကျော် ထိုင်းအစိုးရကို ‌တောင်းဆို

စစ်‌ဘေး‌ရှောင်များကို ယာယီခိုလှုံခွင့်‌ပေးရန် ကရင်အရပ်ဖက်‌ပေါင်း ၄ဝ ‌ကျော် ထိုင်းအစိုးရကို ‌တောင်းဆို

3504

ဧပြီ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် အိုးအိမ်စွန့်ခွာ ထွက်‌ပြေး‌နေကြရသည့် ‌ဒေသခံ အရပ်သား ပြည်သူ များကို ထိုင်းနိုင်ငံအတွင်း ယာယီခိုလှုံခွင့်‌ပေးရန် ပြည်တွင်း ပြည်ပရှိ ကရင်အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း (၄၁) ဖွဲ့မှ ထိုင်းအစိုးရကို ‌တောင်းဆိုသည့် ထုတ်ပြန်ချက် တစ်‌စောင် ယမန်‌နေ့ ဧပြီလ ၂ဝရက်‌နေ့တွင် ထုတ်ပြန်ခဲ့ သည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့မှစ၍ စစ်‌ကောင်စီတပ်မှ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်‌မြေအတွင်း ‌လေ‌ကြောင်းဖြင့် စတင်တိုက်ခိုက်ခဲ့ရာတွင် အရပ်သားထိခိုက်‌သေဆုံးမှုများရှိခဲ့ပြီး ‌သောင်းနှင့် ချီ၍ အိုးအိမ်စွန့်ခွာထွက်‌ပြေးခဲ့ရသူများကို ထိုင်းအာဏာပိုင်များမှ ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်မ‌ပေးဘဲ ပြန်လည် ‌မောင်းထုတ်လိုက်သည့်အ‌ပေါ် ယခုလို ထုတ်ပြန်‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရ ‌စောစန်းလွင်က “ထိုင်းအစိုးရအ‌နေနဲ့ အရင်တုန်းကလိုပဲ ကျ‌နော်တို့ နယ်စပ်က ကရင်စစ်‌ဘေး‌ရှောင်‌တွေကို ကူညီ‌ပေးခဲ့သလို အခုအချိန်မှာလည်း တံခါးဖွင့်‌ပေးဖို့ ‌တောင်းဆိုချင်တာ‌ပေါ့။ ဘာဖြစ်လဲဆို‌တော့ မြန်မာပြည်မှာဖြစ်တဲ့ အ‌ခြေအ‌နေ‌တွေက မြန်မာပြည်မှာပဲ ပြီးသွားမှာမဟုတ်တဲ့အတွက် ကိုယ့်နယ်စပ်ကို ထွက်‌ပြေးတိမ်း‌ရှောင်လာတဲ့သူ‌တွေကို ပြန်နှင်ထုတ်တာက ပြဿနာတစ်ခုကို ‌ဖြေရှင်းတဲ့ နည်းမဟုတ်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ‌ဒေသခံပြည်သူများရှိရာ ‌ကျေးရွာအတွင်းနှင့် စိုက်ပျိုး‌မြေ ‌နေရာများကို လက်နက်ကြီးဖြင့် ‌နေ့စဉ်ပစ်ခတ်မှုများပြုလုပ်‌နေပြီး ဗုံးကြဲတိုက်ခိုက်မှုအပြီး ဂျက်‌လေယာဉ်များ ဆက်လက်၍ ပုံမှန်လာ‌ရောက်ဝဲပျံလျက်ရှိကာ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မ‌ရွေးဖြစ်‌ပေါ်နိုင်‌ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

ယခင်က ထိုင်းအာဏာပိုင်များက မြန်မာပြည်တွင် စစ်အာဏာသိမ်းမှု ဖြစ်‌ပေါပြီး‌နောက် ထိုင်းနိုင်ငံအတွင်းသို့ လာ‌ရောက် ထွက်‌ပြေးခိုလှုံမည့်သူများအတွက် နီးစပ်ရာနယ်စပ်‌ဒေသများတွင် ခိုလှုံ‌ရေး စခန်းများ ဖွင့်‌ပေးထား ‌ကြောင်း သတင်းများထွက်‌ပေါ်လာ‌သော်လည်း မတ်လ ၂၉ ရက်‌နေ့က ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ထိုင်း နယ် စပ်သို့ ထွက်‌ပြေးလာသည့် စစ်‌ဘေး‌ရှောင် ကရင်ပြည်သူများကို ထိုင်းအာဏာပိုင်များမှ လက်မခံဘဲ ပြန် လည်‌မောင်းထုတ်လိုက်သည့် ဖြစ်စဉ်ဖြစ်‌ပေါ်ခဲ့သည်။

ထို့အပြင် အဆိုပါ စစ်‌ဘေး‌ရှောင် ပြည်သူများအတွက် လိုအပ်သည့် အ‌ရေး‌ပေါ်စားနပ်ရိက္ခာနှင့် ‌နေထိုင်စရာ အမိုးအကာများအတွက် ‌ဒေသအသီးသီးမှ ‌ပေးပို့လှူဒါန်းလာသည့် အကူအညီပစ္စည်းများကို ထိုင်းအာဏာပိုင် များက တရားဝင် နယ်စပ်ဖြတ်‌ကျော်ခွင့်မ‌ပေးဘဲကန့်သတ်တားမြစ်ထားရာမှ လက်ရှိတွင် နားလည်မှုဖြင့်သာ သွား‌ရောက်‌ပေးပို့လှူဒါန်းခွင့်‌ပေးထား‌ကြောင်းလည်း သိရသည်။

ထိုသို့ လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီများ‌ပေးပို့ လှူဒါန်းမှုများအ‌ပေါ် ကန့်သတ်ပိတ်ပင်မှုများကို လည်း ထိုင်းအာဏာပိုင်များအ‌နေဖြင့် ပြန်လည်သုံးသပ်‌ပေးရန် ကရင်အရပ်ဖက်အဖွဲ့များက ‌တောင်းဆိုထားပြီး ကရင် ဒုက္ခသည်များအပါအဝင် အကြမ်းဖက်ဖြိုခွင်းမှု‌ကြောင့် ထွက်‌ပြေးလာရသည့် မြန်မာပြည်သားများကိုပါ ယာယီခိုလှုံခွင့်‌နေရာ စီစဉ်‌ပေးရန် နှင့် ဖြစ်နိုင်သမျှ သံတမန်နည်းလမ်းများဖြင့် ထိုင်းအာဏာပိုင်များ အ‌နေဖြင့် စစ်‌ကောင်စီနှင့်‌တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း စစ်‌ရေးလှုပ်ရှား‌ဆောင်ရွက်မှုများကို ရပ်တန့်‌ရေး ‌ပြောဆို‌ပေး ရန်တို့ကို ထုတ်ပြန်ချက်၌ အဓိက ‌တောင်းဆိုထားသည်။

သို့‌သော် လက်ရှိတွင် ကိုဗစ်ကပ်‌ရောဂါ နှင့် နယ်‌မြေလုံခြုံ‌ရေးအရ အကူအညီအ‌ထောက်အပံ့များကို အကန့် အသတ်ဖြင့်သာ သွား‌ရောက်‌ပေးပို့ခိုင်းခြင်းသာဖြစ်‌ကြောင်း သိရပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ၎င်း အကူအညီပစ္စည်းများသွား‌ရောက်‌ပေးပို့သည့် စက်‌လှေများကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ပစ်ခတ်မှု ပြုလုပ်ခဲ့‌ကြောင်း စက်‌လှေ‌မောင်းသူများက ‌ပြောသည်။

လက်ရှိတွင်လည်း KNU ထိန်းချုပ် နယ်‌မြေများအတွင်းသို့ စစ်‌ကောင်စီတပ်ဖွဲ့မှ စစ်‌လေယာဉ်များဖြင့် ‌နေ့စဉ် လာ‌ရောက်‌ထောက်လှမ်းမှုများပြုလုပ်‌နေ‌ကြောင်း နှင့် ‌ဒေသခံများမှ ‌ကြောက်ရွံ့၍ ဆက်လက် ထွက်‌ပြေး တိမ်း‌ရှောင်‌နေရပြီး ၎င်းတို့ထွက်‌ပြေးတိမ်း‌ရှောင်‌နေခိုက် စစ်‌ကောင်စီ၏ ‌မြေပြင်တပ်ဖွဲ့ဝင်များသည် ‌ကျေးရွာ တွင်းသို့ ဝင်၍ ‌ဒေသခံ ပြည်သူများ၏ ပိုင်ဆိုင်မှုများ စားနပ်ရိက္ခာများကို ခိုးယူမှုများပြုလုပ်‌နေ‌ကြောင်းလည်း ‌ဒေသခံများက ဆိုသည်။