Home သတင်း နှစ်ကူးအခါသမယ နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၂၃,၀၀ဝ ‌ကျော်လွှတ်‌ပေး ခဲ့ရာ ဖားအံအကျဉ်း‌ထောင်မှ ၄၀ဝ ‌ကျော် ပါဝင်။

နှစ်ကူးအခါသမယ နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၂၃,၀၀ဝ ‌ကျော်လွှတ်‌ပေး ခဲ့ရာ ဖားအံအကျဉ်း‌ထောင်မှ ၄၀ဝ ‌ကျော် ပါဝင်။

1244

ဧပြီလ ၁၇ ရက်၊၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ယ‌နေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်း ၁ ရက်‌နေ့ မနက်ပိုင်းက နှစ်သစ်ကူး အခါသမယလွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်း‌ထောင်များမှ ‌ထောင်ကျအကျဉ်းသား ၂၃, ဝ၀ဝ ‌ကျော် လွှတ်‌ပေးမည်ဖြစ်ရာ ဖားအံမြို့ ‌တောင်က‌လေးအကျဉ်း‌ထောင်မှ အကျဉ်းသား ၄၀ဝ ‌ကျော် ပါဝင်‌ကြောင်း သိရသည်။

“ဒီ‌နေ့ မနက် ၉ နာရီခွဲဝန်းကျင်ခန့်က နှစ်သစ်ကူးအခါသမယ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား‌တွေ စပြီး လွှတ်‌ပေး‌နေတာပါ။ ဒီ အကျဉ်း‌ထောင် က‌နေ အကျဉ်းသား ၃ဝ၅ နှင့် အကျဉ်းသူ ၁၂၆ ‌ယောက် စုစု‌ပေါင်း (၄၃၁)‌ယောက်အားလွှတ်‌ပေးခဲ့တယ်”ဟု ယ‌နေ့ ဖားအံမြို့ ‌တောင်က‌လေးအကျဉ်း‌ထောင်မှ ပြန်လည်လွတ်‌မြောက်လာသူ ဖားအံမြို့အ‌ခြေစိုက် တဲ့‌ပြောသတင်းဌာန၏ (CEO) ကို‌ဇော်မင်းဦး (ခ) ကို‌ဇော်ရဲထက် က ‌ပြောသည်။

တဲ့‌ပြောသတင်းဌာန၏ (CEO) ကို‌ဇော်မင်းဦး (ခ) ကို‌ဇော်ရဲထက်သည် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံရကာ ‌ထောင်ထဲတွင် ၁ နှစ် ‌ကျော် ‌နေထိုင်ခဲ့ရသူဖြစ်သည်။

“အခုလွှတ်‌ပေးတာက ရာဇဝတ်ကျင့်ထုံးဥပ‌ဒေပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်၏ ၄ ပုံ ၁ပုံ သက်သာခွင့်ဖြင့် လွှတ်‌ပေးတာ၊ လွှတ်လာတဲ့ သူ‌တွေဟာ ‌နောက်ထပ် ပြစ်မှုအသစ်ထပ်မံ ကျူးလွန်ခဲ့မယ်ဆိုရင် ယခု လွတ်ငြိမ်းသက်သာခွင့်‌ပေးထားတဲ့ နှစ်ကာလကိုပါ ထပ်ပြီးကျခံရမယ် ဆိုပြီး လက်မှတ်ထိုးခဲ့ရတယ်”ဟု ၎င်းက ဆက်‌ပြောသည်။

မြန်မာ့နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့် ရာဇဝတ်ကျင့်ထုံးဥပ‌ဒေပုဒ်မ – ၄၀၁ ပုဒ်မခွဲ(၁)အရ မြန်မာတစ်နိုင်ငံလုံး၌ အကျဉ်းသား/သူ (၂၃၄၀၇) ဦးအား ယ‌နေ့ နှစ်ဆန်း ၁ ရက် မနက်ပိုင်းမှ စ၍ အကျဉ်း‌ထောင်အသီးသီးမှ လွှတ်‌ပေးမည်ဖြစ်‌ကြောင်း စစ်‌ကောင်စီ ပြန်ကြား‌ရေးသတင်းဌာန MRTV မှ ‌ကြေငြာထားသည်။