Home သတင်း မြဝတီ ပြည်ခိုင်ဖြိုးပါတီရုံး နှင့် ကြခ‌တ္တောဘုန်းကြီး‌ကျောင်းနံ‌ဘေး အသံဗုံး‌ပေါက်ကွဲမှုဖြစ်ပွား။

မြဝတီ ပြည်ခိုင်ဖြိုးပါတီရုံး နှင့် ကြခ‌တ္တောဘုန်းကြီး‌ကျောင်းနံ‌ဘေး အသံဗုံး‌ပေါက်ကွဲမှုဖြစ်ပွား။

1695

ဧပြီလ ၁၆ရက် ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ယ‌နေ့ သကြင်္န်အတက်‌နေ့ ဧပြီလ ၁၆ ရက် ည‌နေ ၄ နာရီအချိန်ခန့်က ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံး နှင့် ဘုရင့်‌နောင်လမ်းမကြီး နံ‌ဘေးရှိကြခ‌တ္တောဘုန်းကြီး‌ကျောင်းအနီးတွင် အသံဗုံး ၁ လုံးစီ ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

အဆိုပါ အသံဗုံး‌ပေါက်ကွဲမှု‌ကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့‌သော်လည်း ပစ်‌ဖောက်သူအား သက်ဆိုင်ရာမှ အပူတပြင်း စုံစမ်းလျက်ရှိသည်။