Home သတင်း ထိုင်း‌ရောက်မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့ KNLA အား ဘတ်‌ငွေတစ်သန်း လှူဒါန်း

ထိုင်း‌ရောက်မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့ KNLA အား ဘတ်‌ငွေတစ်သန်း လှူဒါန်း

2161

ဧပြီလ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ‌ရောက် မြန်မာလုပ်သားများနှင့် AAC မဟာမိတ်အဖွဲ့ ထိုင်းအ‌ခြေစိုက် မြန်မာလုပ်သား ကူညီ‌စောင့်‌ရှောက်‌ရေး ‌ကော်မတီမှ ဧပြီလ ၁၆ရက် ယမန်‌နေ့က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော် (KNLA)အတွက် ထိုင်းဘတ်‌ငွေ တစ်သန်း( ၁၀၀၀၀၀၀) လှူဒါန်းခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)အတွက် လိုအပ်သည်များဝယ်ယူနိုင်ရန် ထိုင်းနိုင်ငံ‌ရောက် မြန်မာ နိုင်ငံသားများက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၎င်းအလှူ‌ငွေကို ‌ကောင်းမွန်စွာ လက်ခံရရှိ‌ကြောင်း KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက လက်မှတ်ထိုးကာ ‌ကျေးဇူးတင်လွှာ ပြန်လည်‌ရေးသား‌ပေးပို့ခဲ့သည်ဟု AAC မဟာမိတ်အဖွဲ့ မှ ‌နွေဦး‌တော်လှန်‌ရေး ဘက်‌ပေါင်းစုံ ကူညီ‌ထောက်ပံ့‌ရေး ယာယီ‌ကော်မတီတာဝန်ခံ ကိုရဲမင်း၏ လူမှုကွန်ရက်စာမျက် နှာတွင် ‌ရေးသားထားသည်။

AAC မဟာမိတ်အဖွဲ့ မှ ‌နွေဦး‌တော်လှန်‌ရေး ဘက်‌ပေါင်းစုံ ကူညီ‌ထောက်ပံ့‌ရေး ယာယီ‌ကော်မတီတာဝန်ခံ ကိုရဲမင်း“အဓိက‌တော့ဗျာ။ ကျ‌နော်တို့ ထိုင်း‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေရဲ့ဆန္ဒ‌ရော၊ ကျ‌နော်တို့ရဲ့ဆန္ဒ‌ပေါ့ အတူတူ‌ပေါ့‌နော်။ အဓိက‌တော့ ဘာလဲဆို‌တော့ အမှန်တရားအတွက် ‌တော်လှန်‌နေတဲ့ ‌ကေအဲန်ယူတပ်ဖွဲ့ကို ခွန်အားဖြည့်‌ပေးတဲ့သ‌ဘောပါပဲ။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းဖြစ်သည့် KNU-ကရင်အမျိုးသားအစည်းအရုံးတွင် ဌာနဆိုင်ရာ ၁၄ခုရှိရာ KNLA သည် KNU ၏ လက်‌အောက်ခံ တပ်ဖက်ဆိုင်ရာဌာနတစ်ခုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်‌ရေးတပ် ဖွဲ့-KNDO ကိုလည်း တွဲဖက်ဖွဲ့စည်းထားသည်။

AAC မဟာမိတ်အဖွဲ့အ‌နေဖြင့် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်းရှိ အခက်အခဲများနှင့် စစ်‌ရှောင်ပြည်သူများအတွက် ‌ထောက်ပံ့‌ရေးပစ္စည်းများ ကုန်တင်ဟိုက်လကား အစီး‌ရေ ၇ဝ ‌ကျော် ‌ပေးပို့လှူဒါန်းထားပြီးပြီဟု သိရသည်။