Home သတင်း စစ်‌ကောင်စီနှင့်‌တွေ့ဆုံခဲ့သည့် DKBA နှင့် KNU/KNLA-PC အဖွဲ့အ‌နေဖြင့် လူထုအ‌ခြေအ‌နေနှင့် သ‌ဘောထား ကို နား‌ထောင်ရန်လိုအပ်ဟု KPSN ‌ပြော

စစ်‌ကောင်စီနှင့်‌တွေ့ဆုံခဲ့သည့် DKBA နှင့် KNU/KNLA-PC အဖွဲ့အ‌နေဖြင့် လူထုအ‌ခြေအ‌နေနှင့် သ‌ဘောထား ကို နား‌ထောင်ရန်လိုအပ်ဟု KPSN ‌ပြော

8858

ဧပြီလ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်း စစ်‌ကောင်စီနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်‌သော ဒီမိုက‌ရေစီအ ကျိုးပြုကရင်တပ်မ‌တော်-DKBAနှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ -KNU/KNLA (PC) အဖွဲ့‌ခေါင်း ‌ဆောင်များအ‌နေ ဖြင့် လူထုအ‌ခြေအ‌နေနှင့်သ‌ဘောထားကို နား‌ထောင်ရန်လိုအပ်သည်ဟု ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြု ကွန်ရက်-KPSNက ‌ထောက်ပြ‌ပြောဆိုသည်။

ဧပြီ ၂၆ ရက်‌နေ့တွင် DKBA နှင့် KNU/KNLA (PC) ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့သည် စစ်‌ကောင်စီ၏အမျိုး သားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုညှိနှိုင်း‌ရေး‌ကော်မတီ-NSPC အဖွဲ့တို့နှင့်သီးခြား‌တွေ့ဆုံ ခြင်းရှိသည့်ကိစ္စနှင့်ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက် (Karen Peace Support Network–KPSN) ၏ ‌ပြောခွင့်ရသူ ‌နော်ဝါးခူရှီး၏အမြင်ကို ‌မေးမြန်းရာတွင် ယခုလို‌ထောက်ပြ‌ပြောဆိုခြင်းဖြစ်သည်။

“အာဏာသိမ်းစစ်‌ကောင်စီ တပ်လုပ်‌ဆောင်ချက်‌တွေကို အသိအမှတ်မပြုဖို့ ကျမတို့ကရင်တိုင်းရင်းသား လက် နက်ကိုင်‌တွေကို ကျမတို့ KPSN အဖွဲ့က ထုတ်ပြန်ချက်ထုတ်ပြီး ‌တောင်းဆိုတာရှိတယ်။ ကိုယ့်ကရင် လက်နက် ကိုင်က ကိုယ့်လူထု၊ ကိုယ်‌ဒေသအတွက် လုပ်‌ဆောင်‌ပေးတဲ့လူ ကာကွယ်‌ပေးမယ့်လူဆိုရင် အပြစ်မဲ့ ပြည်သူ ‌တွေကိုသတ်ဖြတ်‌နေတဲ့စစ်‌ကောင်စီနဲ့သွားပြီး လက်ခံ‌တွေ့ဆုံတာ မလုပ်သင့်ဘူးလို့ ထင်တယ်။ တကယ်လို့ ပုဂ္ဂိုလ်‌ရေးအရ သွား‌တွေ့ဆုံ‌တောင်မှ အဖွဲ့အစည်းနာမည်ပျက်မယ်၊ ကိုယ့်ကရင်လူမျိုးလည်း နာမည် ပျက်‌စေတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

NSPC အဖွဲ့နှင့် ယခုလိုသွား‌ရောက်‌တွေ့ဆုံရသည့်အ‌ကြောင်းအရင်းသည် ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုး‌ရေးကိစ္စအ ‌ကြောင်းများသာဖြစ်ပြီး နိုင်ငံ‌ရေးကိစ္စမပါဝင်‌ကြောင်း KNU/KNLA (PC) အဖွဲ့မှ ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က ‌ကေ အိုင်စီသို့ ‌ပြောသည်။

၎င်းက“ကျ‌နော်တို့ အဓိကသွား‌တွေ့တာက အရင်အစိုးရနဲ့ လုပ်‌ဆောင်ခဲ့တဲ့ မပြီးပြတ်‌သေးတဲ့ ကုမ္ပဏီကိစ္စ ‌တွေပါ။ လုပ်ငန်းတစ်ပိုင်းတစ်စနဲ့ ဘယ်သူ‌တွေနဲ့ ပြန်ချိတ်ဆက် ဆက်သွယ်ရမလဲ၊ အဲဒါကိုသွား‌တွေ့ဆုံ‌ဆွေး ‌နွေးတာ။ အဓိက အဖွဲ့အစည်းကုမ္ပဏီကိစ္စ‌တွေပါ။ ပြီး‌တော့ bilateral မှာပါတဲ့ ငြိမ်းချမ်း‌ရေး နဲ့ဖွံ့ဖြိုး‌ရေး ကိစ္စ ‌တွေပါပဲ။ နိုင်ငံ‌ရေးနဲ့ ပတ်သက်တဲ့ဟာ‌တွေက မပါဘူး။ အဓိက‌ဒေသအတွင်း ‌အေး‌အေးချမ်းချမ်း ‌နေထိုင်နိုင်ဖို့ ‌ဒေသခံလူထု‌တွေအတွက် ဖွံ့ဖြိုးတိုးတက်‌ရေးအပိုင်း လုပ်‌ဆောင်မယ့်ဟာ‌တွေ ‌ပြောဆိုတာပါပဲ”ဟု ‌ပြောသည်။

ထို့အပြင် စစ်ဦးစီးချုပ် ဦး‌ဆောင်တက်‌ရောက်သည့် DKBA အဖွဲ့အ‌နေဖြင့်လည်း ဗဟိုအစည်းအ‌ဝေးဆုံးဖြတ် ချက်အရ အဖွဲ့အစည်းကိုယ်စားပြုဖြင့် တက်‌ရောက်ခြင်းမဟုတ်‌ကြောင်း အမည်မ‌ဖော်လိုသူ DKBA အရာရှိတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲသို့ စစ်‌ကောင်စီဘက်၏ NSPC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦး‌ဆောင်သည့် ‌ကော်မ တီဝင်များတက်‌ရောက်‌ရောက်ခဲ့သလို DKBA ဘက်မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KNU/KNLA (PC) ဘက်မှ ဗိုလ်ချုပ်‌နော်က‌ပေါ်ထူး ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်‌ရောက်ခဲ့ကြသည်။ ‌တွေ့ဆုံမှုတွင် NCA လမ်း‌ကြောင်းအတိုင်း ဆက်လက် ‌ဆောင် ရွက်မည့်ကိစ္စရပ်များဖြစ်သည့် ‌ဒေသအတွင်း ဖွံ့ဖြိုး‌ရေး၊ ကျန်းမာ‌ရေး၊ စိုက်ပျိုး‌ရေး၊ ပြည်သူလူထုနှင့် တပ်မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်းရရှိ‌ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တည်‌ဆောက် နိုင်‌ရေးစသည့်ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု စစ်‌ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်-KPSNကို ကရင်အရပ်ဘက်အဖွဲ့အစည်း‌ပေါင်း (၂၉) ဖွဲ့ဖြင့် ၂၀၁၂ ခုနှစ်၌ ‌ပေါင်းစပ်ဖွဲ့စည်းထား‌သော ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းကွန်ယက်ဖြစ်ပြီး ပဋိပက္ခဒဏ်ခံ နယ်‌မြေများရှိ ပြည်သူလူ ထုများ၏ အခွင့်အ‌ရေးများနှင့် ‌ရေရှည်တည်တံ့သည့် ငြိမ်းချမ်း‌ရေး‌ပေါ်ထွက်လာရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။