Home သတင်း နိုင်ငံ ပြန်လည်တည်‌ဆောက်ရန်နှင့် ကျဆုံးသူ လူငယ်များအတွက် ဆု‌တောင်းပွဲ ပြုလုပ်

နိုင်ငံ ပြန်လည်တည်‌ဆောက်ရန်နှင့် ကျဆုံးသူ လူငယ်များအတွက် ဆု‌တောင်းပွဲ ပြုလုပ်

1469

မတ်လ ၁၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ငြိမ်းချမ်းသည့် မြန်မာနိုင်ငံ‌တော် တည်‌ဆောက်နိုင်ရန်နှင့် ကျဆုံးသွားသည့် အာဇာနည်လူငယ်များအတွက် ဆု‌တောင်း ပွဲကို မတ်လ ၁၉ရက်‌နေ့တွင် ဖားအံမြို့နယ်ရှိ ဇွဲကပင်‌တောင်‌ခြေတစ်‌နေရာ၌ ပြုလုပ်ခဲ့ကြသည်။

၎င်းဆု‌တောင်းပွဲကို ‌ရောက်ရှိလာသူအားလုံးက မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် သက်ဆိုင်ရာ ဘာသာဝင် များက ဆု‌တောင်းခြင်း၊ ‌မေတ္တာစက်ဝိုင်းသီချင်း သီဆိုခြင်း၊ ပြည်သူတစ်ဦးမှ စိတ်ခွန်အားဖြစ် အား‌ပေးစကား‌ပြောခြင်း စသည့်အစီအစဉ်များလည်း ပါဝင်ခဲ့သည်။

ဆု‌တောင်းပွဲတွင် ပါဝင်သူ လူငယ်တစ်ဦးက “အဓိကက‌တော့ ဒီမိုက‌ရေစီတိုက်ပွဲတွင်းမှာ အသက်‌ပေးပြီး ကိုယ့်အသက် ကို‌တောင် ပဓာနမထားဘဲ တိုင်းပြည်အတွက် ‌ပေးဆပ်ခဲ့ရတဲ့ သူရဲ‌ကောင်း‌တွေအတွက် သူတို့ရဲ့မိသားစုဝင်‌တွေအတွက် ရယ်၊ ဒီမြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် ဆု‌တောင်းပွဲ ပြုလုပ်တာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ည‌နေ ၄နာရီမှ ၅နာရီ‌ကျော်အထိ ပြုလုပ်ခဲ့သည့် အဆိုပါဘာသာအလိုက် ဆု‌တောင်းပွဲကို မျိုးဆက်သစ် လူငယ် ‌မောင်မယ် ၁၀ဝနီးပါး ပူး‌ပေါင်းပါဝင်ခဲ့ကြသည်။

ကရင်ပြည်နယ်တွင် မြဝတီ၊ လှိုင်းဘွဲ၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များ၌လည်း အလားတူ ဆု‌တောင်းပွဲကို ‌ဒေသအလိုက် အသီးသီး ပြုလုပ်ခဲ့ကြသည်။