Home သတင်း ဖားအံကရင်လူငယ် ‌စောလင်းထက်ကို ချက်ချင်းလွတ်‌ပေးရန် ‌တောင်းဆို

ဖားအံကရင်လူငယ် ‌စောလင်းထက်ကို ချက်ချင်းလွတ်‌ပေးရန် ‌တောင်းဆို

1768

မတ်လ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီတပ်ဖွဲ့၏ ယမန်‌နေ့ မတ်လ ၂၃ရက်‌နေ့က ဖမ်းဆီးခြင်းခံရသည့် ဖားအံ ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စောလင်းထက်ကို ချက်ချင်းလွတ်‌ပေးရန် ဖားအံမြို့ရှိ ကရင်လူငယ်များ ‌တောင်းဆိုမှုများရှိ‌နေဟု သိရသည်။

‌စောလင်းထက်သည် ယမန်‌နေ့၊ မွန်းလွဲ ၂နာရီတွင် ဖားအံမြို့နယ်၊ ဒုံရင်းရွာ၌အစည်း အ‌ဝေးပွဲတခု လုပ်ပြီးကားဖြင့်အပြန် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ကားစစ်‌ဆေးရာတွင် ကားထဲ၌ စစ်‌ကောင်စီကို ဆန့်ကျင် သည့် စာရွက်စာတမ်းအချို့ပါသည်ဟုဆိုကာ ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်ဟု ကရင်လူငယ်များက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ လူငယ်တစ်ဦးက “ ဒုံရင်းမှာ အစည်းအ‌ဝေးပွဲတခုလုပ်တယ်။ ဒုံရင်းအပြန် မြို့ပြင်က‌နေ မြို့ထဲဝင်တဲ့ အဝင်မှာ ကား‌တွေကိုစစ်‌ဆေးတယ်။ စစ်‌ဆေးတဲ့အချိန်မှာ သူ့ကားထဲမှာ ဥပ‌ဒေအရ သူတို့ မကြိုက်တဲ့ စာရွက် စာတမ်းအချို့ပါ‌နေတယ်။ အဲ့အတွက်‌ကြောင့်မို့ ဖမ်းလိုက်တယ်။ ဖားအံ ကရင်လူ ငယ်များလည်း သူ့အတွက် ဝန်းရံ‌ပေးပါ။” ဟု မတ် ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောလင်းထက်ကို ဖမ်းဆီးချိန်တွင် သူနှင့်အတူ ပါရှိသည့် အငယ်ဆုံးသမီးကို အုပ်ချုပ်‌ရေးမှူးနှင့်အပ်ထားပြီး သူ၏အမျိုးသမီးဖြစ်သူက လာ‌ရောက်‌ခေါ်‌ဆောင်ခဲ့ရသည်ဟု ၎င်းက ဆက်‌ပြောသည်။

သူ့ကိုဖမ်းဆီးပြီး‌နောက် ဖားအံ‌တောင်က‌လေးအကျဉ်း‌ထောင်သို့ ပို့‌ဆောင်လိုက်ပြီး ယ‌နေ့နံနက်တွင် ရုံးထုတ် မည်ဟု သိရသည်။