Home သတင်း ထိုင်း‌ရောက် ကရင်စစ်‌ရှောင် ၅၂ဝ ဦးအား ထပ်မံပြန်ပို့

ထိုင်း‌ရောက် ကရင်စစ်‌ရှောင် ၅၂ဝ ဦးအား ထပ်မံပြန်ပို့

1997

မတ်လ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မူ‌တြော်ခရိုင် သံလွင်မြစ်ကမ်းနံ‌ဘေးရှိ စစ်‌ကောင်စီတပ်၏ ‌လေ‌ကြောင်းရန်‌ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်း‌ရှောင်သွားခဲ့သည့် အူးဝဲကလိုးနှင့် ပကာဒဲရွာမှ ‌ဒေသခံကရင်စစ်‌ရှောင်ရွာသား ၅၂ဝ ဦးအား ထိုင်းအာဏာပိုင်းများက ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ထပ်မံ ပြန်ပို့လိုက်သည်ဟု သိရသည်။

ယမန်(မတ် ၂၉ရက်) ‌နေ့ ည‌နေတုန်းကလည်း စစ်‌ကောင်စီတပ်၏ ‌လေ‌ကြောင်းရန်‌ကြောင့် သံလွင်မြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်း‌ရှောင်ခဲ့သည့် အီတူးထာ‌ကျေးရွာမှ စစ်‌ရှောင် ၂၀၀၉ဦးကိုလည်း ထိုင်းအာဏာပိုင်များမှ ပြန်ပို့‌ဆောင်ခဲ့ပြီးဖြစ်သည်။

စစ်‌ကောင်စီတပ်၏ ဂျက်‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်မည့်သတင်း‌ကြောင့် ပြီးခဲ့သည့် မတ်လ ၂၈ရက်‌နေ့ မွန်းလွဲပိုင်းတွင် သံလွင်မြစ်ကမ်းနံ‌ဘေးတစ်‌လျှောက်မှ အဆိုပါ ‌ဒေသခံ ၃၀၀ဝ နီးပါးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွား‌ရောက်တိမ်း‌ရှောက်ခဲ့ကြခြင်းဖြစ်သည်။