Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၃)နယ်‌မြေ ‌လေယာဉ်ဗုံးကြဲခံရ၍ ‌ဒေသခံရွာသား ၆ ဦး ‌သေဆုံး

‌ကေအဲန်ယူ တပ်မဟာ(၃)နယ်‌မြေ ‌လေယာဉ်ဗုံးကြဲခံရ၍ ‌ဒေသခံရွာသား ၆ ဦး ‌သေဆုံး

9621

မတ်လ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၃)နယ်‌မြေတွင် မတ်လ ၃ဝရက်၊ မွန်းလွှဲ ၃နာရီ‌ကျော်အချိန်၌ ‌လေယာဉ်နှစ်စင်း သွား‌ရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ‌ဒေသခံ ထီးဖာဒိုရွာသား ၆ဦး ‌သေဆုံးသွားခဲ့‌ကြောင်း ၎င်း‌ဒေသ တွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

“‌လေယာဉ်နှစ်စင်းနဲ့ လာပစ်ချတယ်။ ရွာသား ငါးဦး‌သေပြီး တစ်ဦးက ဒဏ်ရာအပြင်းအထန် ရသွားတယ်။ အဲဒီ ဒဏ်ရာ ရတဲ့ ရွာသားလည်း သိပ်မကြာဘူး။ ဆုံးသွားတာပဲ။”ဟု နယ်‌မြေခံတစ်ဦးက အတည်ပြု ‌ပြောဆိုသည်။

အဆိုပါ‌ကျေးရွာမှာ ‌ကေအဲန်ယူနယ်‌မြေရှိ ‌ဆောထိ(‌ရွှေကျင်)မြို့နယ်၊ မဲ့ကဒိ‌ကျေးရွာအုပ်စုတွင် တည်ရှိပြီး မတ်လ ၂၇ ရက်မှ ၂၉ရက်‌နေ့အထိ သုံးရက်အ‌တောအတွင်း တိုက်‌လေယာဉ်များ လာ‌ရောက်ပျံသန်းမှုများ ရှိခဲ့သည်ဟု သိရသည်။