Home သတင်း KNU စစ်သားများ လုံခြုံ‌ရေးယူ‌ပေးသည့် ‌ကော့ကရိတ်လူမျိုး‌ပေါင်းစုံသပိတ် လူဦး‌ရေ ၁,၀၀ဝ ‌ကျော်ပူး‌ပေါင်း ပါ ဝင်

KNU စစ်သားများ လုံခြုံ‌ရေးယူ‌ပေးသည့် ‌ကော့ကရိတ်လူမျိုး‌ပေါင်းစုံသပိတ် လူဦး‌ရေ ၁,၀၀ဝ ‌ကျော်ပူး‌ပေါင်း ပါ ဝင်

4843

မတ်လ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ဖွဲ့ ဝင်များ လုံခြုံ‌ရေး ယူ‌ပေးသည့် ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း လူမျိုး‌ပေါင်းစုံ သပိတ်စစ်‌ကြောင်းသည် ယ‌နေ့ (မတ်လ ၂၄ရက်)တွင် အံ‌ကောင်‌ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ပြည်သူ ၁,၀၀ဝ ‌ကျော်ပူး‌ပေါင်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ကရင်၊ မွန်၊ ရှမ်း၊ ဗမာနှင့် ပအိုဝ်း စသည့် တိုင်းရင်းသားများပါဝင်သည့် အဆိုပါ လူမျိုး‌ပေါင်းစုံ သပိတ်စစ် ‌ကြောင်းသည် ‌ကော့ကရိတ်မြို့နယ်၊ အံ‌ကောင်ရွာတစ်‌လျှောက် လမ်း‌လျှောက်ချီတက်ခဲ့ကြပြီး အာဏာရှင်စနစ် အလိုမရှိ၊ မဟာလူမျိုးကြီးဝါဒ အလိုမရှိ၊ ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး၊ ဒီမိုက‌ရေစီရရှိ‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်း‌ရေးတို့ကို အဓိကထား ‌တောင်းဆို ‌ကြွေး‌ကြော်ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်‌ကြောင်းတွင် ပူး‌ပေါင်းပါဝင်သည့် ခုဒုံရွာသူ တစ်ဦးက “ဗမာစစ်တပ်က ကျမတို့ တိုင်းရင်းသား‌တွေကို အခုမှ မဟုတ်ပါဘူး။ ပ‌ဒေသရာဇ်‌ခေတ်ကစလို့ နှစ်‌ပေါင်းရာနဲ့ချီ ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ သမိုင်းက အခိုင်အမာရှိ ‌နေတဲ့အတွက် စစ်နဲ့ အာဏာရှင် စနစ် အဆုံးသတ်ဖို့ ကျမတို့ ဆန္ဒလာပြရတာပါ။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ လူမျိုး‌ပေါင်းစုံ သပိတ်စစ်‌ကြောင်းတွင် အံ‌ကောင် ဘင်ခရာအဖွဲ့ နှင့် ရွာသားများသာမက ပညာ‌ရေး ဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ Generation Z များ၊ အနီးအနားပတ်ဝန်းကျင်ရွာ‌ပေါင်း ၁ဝ ရွာ‌ကျော်မှ လူမျိုး‌ပေါင်းစုံ လူထုများ ပါဝင် ပူး‌ပေါင်းခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ‌ဖေ‌ဖော်ဝါရီလအတွင်း ‌ကော့ကရိတ်လူမျိုး‌ပေါင်းစုံသပိတ်စစ် ‌ကြောင်းသည် ‌ကော့ကရိတ်မြို့‌ပေါ်တွင် ‌နေ့စဉ် ဆန္ဒပြခဲ့‌သော်လည်း ရဲများ၏ ဖမ်းဆီး ဖြိုခွင်းမှုကို ခံခဲ့ရပြီး‌နောက်ပိုင်း ယခု မတ်လတွင် ရွာများ၌သာ ပိုမို ဆန္ဒထုတ်‌ဖော်ပြသလာခဲ့သည်ဟု သိရသည်။

ထို့အပြင် ‌ကော့ကရိတ်မြို့နယ် လူမျိုး‌ပေါင်းစုံသပိတ်စစ်‌ကြောင်း၏ ဆန္ဒထုတ်‌ဖော်ပွဲ အားလုံးနီးပါးတွင် ပြည်သူ လူထုတို့၏ လုံခြုံ‌ရေးအတွက် KNU၏ KNLA-တပ်ဖွဲ့ဝင်များက လုံခြုံ‌ရေးတာဝန်များ အမြဲရယူ‌ပေးခဲ့ သည်ဟုလည်း သပိတ်ဦး‌ဆောင်သူများက ‌ပြောသည်။