Home သတင်း နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူများ KNU နယ်‌မြေအတွင်း ဝင်‌ရောက်ခိုလှုံမှု စုံစမ်း‌စောင့်ကြည့်မည်ဟု စစ်‌ကောင်စီ‌ပြော

နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူများ KNU နယ်‌မြေအတွင်း ဝင်‌ရောက်ခိုလှုံမှု စုံစမ်း‌စောင့်ကြည့်မည်ဟု စစ်‌ကောင်စီ‌ပြော

1274

မတ်လ ၂၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေတွင်း နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူများ ဝင်‌ရောက်ခိုလှုံမှုအ‌ခြေအ‌နေနှင့်ပတ်သက်၍ စုံစမ်း‌စောင့်ကြည့်မှုများလုပ်‌ဆောင်သွားမည်ဟု ယ‌နေ့ ( မတ်လ ၂၃) စစ်‌ကောင်စီပိုင် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။

NLD ပါတီဝင်များ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ CDM လှုပ်ရှားမှုတွင် ပါဝင်‌ဆောင်ရွက်သူများ၊ NLD ပါတီ‌ထောက်ခံသူများနှင့် ဖမ်းဝရမ်းထုတ်ခြင်းခံရ‌သော နိုင်ငံ‌ရေး တက်ကြွလှုပ်ရှားသူများသည် ထိုင်း- မြန်မာနယ်စပ် KNU ထိန်းချုပ်နယ်‌မြေအတွင်း ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း သတင်း‌ပေါင်းစုံ ထွက်‌ပေါ်‌နေလျက်ရှိသဖြင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက အ‌သေးစိတ်‌လေ့လာစုံစမ်း‌နေကြ‌ကြောင်း စစ်‌ကောင်စီသတင်းစာတွင် ‌ဖော်ပြထားသည်။

စစ်‌ကောင်စီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ‌ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က “ ဗဟိုရဲ့ ထုတ်ပြန်ထားသလိုပဲ ကျ‌နော်တို့အ‌နေနဲ့က‌တော့ CDM လုပ်တဲ့သူ‌တွေ၊ ဆန္ဒထုတ်‌ဖော်တဲ့သူ‌တွေကို ‌ထောက်ခံတယ်။ ကူညီ‌ဆောင်ရွက်‌ပေးတယ်။ အဲဒါက သတ်မှတ်ချက်‌တွေရှိပါတယ်။ ရန်သူဘက်က လမ်း‌ကြောင်းမျိုးစုံနဲ့‌တော့ လာပြီးစုံစမ်း‌ထောက်လှမ်းမှာ‌တော့‌သေချာပါတယ်။ အဲဒါက‌တော့ကျ‌နော်တို့ရဲ့ လုံခြုံ‌ရေး စည်းမျဉ်းစည်းကမ်းအရ သတိဝိရိယနဲ့ ‌သေချာစစ်‌ဆေးမြန်းတာ‌တွေလုပ်ပြီး ထွက်‌ပေါ်လာတဲ့အ‌ပေါ်မှာ ‌ဆောင်ရွက်မှု‌တွေ ရှိမှာပါ။ ”ဟု ‌ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြကြသည့် သပိတ်‌ခေါင်း‌ဆောင်များ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အစိုးရဝန်ထမ်းများ၊ ရဲနှင့် စစ်တပ် တပ်ဖွဲ့ဝင်များအပြင် လွှတ်‌တော်ကိုယ်စားလှယ်အချို့အပါအဝင် တစ်‌ထောင်ခန့် သည် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေထဲတွင် လာ‌ရောက်ခိုလှုံခဲ့ကြသည်ဟု သတင်းများထွက်‌ပေါ်လျက်ရှိသည်။