Home သတင်း ညွန်ကြားချက်မရှိဘဲ နယ်‌မြေငြိမ်းချမ်း‌ရေးကို ထိခိုက်‌စေမည့် လုပ်ရပ်များမလုပ်ရန် KNU ဝင်း‌ရေး မြို့နယ် ‌မေတ္တာရပ်ခံ

ညွန်ကြားချက်မရှိဘဲ နယ်‌မြေငြိမ်းချမ်း‌ရေးကို ထိခိုက်‌စေမည့် လုပ်ရပ်များမလုပ်ရန် KNU ဝင်း‌ရေး မြို့နယ် ‌မေတ္တာရပ်ခံ

3282

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌စောရှား

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် အုပ်ချုပ်နယ်‌မြေအတွင်း KNU၏ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိဘဲ နယ်‌မြေငြိမ်းချမ်း‌ရေးကို ထိခိုက်‌စေမည့် လုပ်ရပ်များမလုပ်ရန် ဝင်း‌ရေးမြို့နယ်မှ ‌ဖေ‌ဖော်ဝါရီ ၆ ရက်‌နေ့စွဲဖြင့် ‌မေတ္တာရပ်ခံ ထုတ်ပြန်လိုက်သည်။

တပ်မ‌တော်မှ နိုင်ငံ‌တော်အာဏာကို ထိန်းချုပ်လိုက်ခြင်း‌ကြောင့် ဘဝင်မကျ‌သော ပြည်သူလူထုများမှ ဆန္ဒထုတ် ‌ဖော်ခြင်းများ ရှိ‌နေသည့်အ‌ပေါ် နိုင်ငံ‌ရေးရှုပ်‌ထွေး‌နေသည့် ကာလတွင် ‌ဒေသခံပြည်သူလူထုများအ‌နေဖြင့် နိုင်ငံ‌ရေးသား‌ကောင်(နိုင်ငံ‌ရေးအသုံးချခံ) မဖြစ်ရန် စဉ်းစားဆုံးဖြတ်ရမည့်အချိန်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယ‌နေ့ကာလသည် နိုင်ငံ‌ရေးလွန်ဆွဲပွဲကာလဖြစ်၍ စည်းရုံးလှုံ့‌ဆော်မှုအမျိုးမျိုး‌ကြောင့် မလိုလားအပ်‌သော ပြ ဿနာများ ဖြစ်လာလျှင် ‌ဒေသခံပြည်သူလူထုများသာ နစ်နာမည်ဆိုသည့် ဝင်း‌ရေးမြို့နယ်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ‌ဒေသခံတစ်ဦးမှ ယ‌နေ့တွင် ယခုလို မှတ်ချက်ပြု‌ပြောဆိုသည်။

‌ဒေသခံ ‌စော‌မျောင်စိန်ဟိက “ စစ်တပ်က အာဏာသိမ်းတာ မလိုလားတဲ့သူ‌တွေက ဆန္ဒထုတ်‌ဖော်ကြတာ‌ပေါ့။ ငြိမ်‌နေတဲ့လူ‌တွေကို‌တော့ မ‌ထောက်ခံဘူးလို့‌ပြောကြတာ‌ပေါ့။ ဒီလို ရှုပ်‌ထွေးတဲ့ကာလ အ‌ခြေအ‌နေအ‌ပေါ် မူတည် ပြီး‌တော့ ဒီနယ်‌မြေမှာ ‌ကြောက်တဲ့စိတ်‌တွေ၊ ‌ကောလဟာလ‌ကြောင့် တစ်‌ယောက်နဲ့ တစ်‌ယောက် မဖြစ်သင့်တာ ‌တွေဖြစ်မှာ စိုးရိမ်လို့ မြို့နယ်က ထုတ်ပြန်ထားတယ်လို့ ထင်တယ်။” ဟု ‌ပြောသည်။

ထို့အပြင် ‌ဒေသခံများ ‌အေးချမ်းစွာ သွားလာလုပ်ကိုင်နိုင်ရန် ‌ဒေသကိုထိခိုက်‌စေမည့် လှုပ်ရှား‌ဆောင်ရွက်မှုများ လုံးဝ မပြုလုပ်မိရန် အသိ‌ပေးပါသည်ဟုလည်း ဝင်း‌ရေးမြို့နယ် ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

သို့‌သော် ဆန္ဒထုတ်‌ဖော်ရာတွင် လွတ်လပ်စွာ ထုတ်‌ဖော်ခွင့်ရှိသည်ဆို‌သော်လည်း ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကရင်အလံ‌တော်ကို တစ်စုတစ်ဖွဲ့ သို့မဟုတ် တစ်သီးပုဂ္ဂလအတွက် အသုံးမပြုမိ‌စေရန် ဆင် ခြင်‌စေချင်ပါ‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

KNU ဝင်း‌ရေးမြို့နယ်တွင် မြန်မာအစိုးရအုပ်ချုပ်မှုနယ်‌မြေအရ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အ‌နောက်ခြမ်း(ဝင်း‌ရော်‌ဒေသ)အပါအဝင် မွန်ပြည်နယ်ရှိ ‌ရေး၊ သံဖြူဇရပ်၊ ကျိုက်မ‌ရောမြို့နယ်များရှိ နယ်‌မြေအချို့ပါဝင်သည်။