Home သတင်း မြဝတီခရိုင်‌ဆေးရုံးဝန်ထမ်းများမှ Civil Disobedience Campaign ပြုလုပ်

မြဝတီခရိုင်‌ဆေးရုံးဝန်ထမ်းများမှ Civil Disobedience Campaign ပြုလုပ်

2109

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌နေ‌နော်

အာဏာသိမ်းစစ်အစိုးရလက်‌အောက်တွင် ဆက်လက်၍အလုပ်မလုပ်လို‌ကြောင်း ဆန္ဒ‌ဖော် ထုတ်သည့်အ‌နေဖြင့် မြဝတီခရိုင်‌ဆေးရုံဝန်ထမ်းများမှ ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၅ ရက်‌နေ့ ည‌နေပိုင်း က ဖဲကြိုးနီတပ်ကာ စု‌ပေါင်းဓာတ်ပုံရိုက်ပြီး Civil Disobedience Campaign ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဒီမိုက‌ရေစီနည်းလမ်းတကျ ‌ရွေး‌ကောက်တင်‌မြောက်ထား‌သော အစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ် စားလှယ်များကို လက်နက်ကိုင် စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံ‌တော်၏ အာဏာ သုံးရပ်ကို လက်နက်အားကိုးဖြင့် တရားနည်းမကျအဓမ္မသိမ်းယူကာ အာဏာရှင်ယန္တရား လည်ပတ်‌စေရန်အတွက် ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်ဖွဲ့စည်းထားပြီးဖြစ်သည်။ ထို့‌ကြောင့် အာ ဏာသိမ်းစစ်အစိုးရလက်‌အောက်တွင် ဆက်လက်၍ လုပ်ကိုင်ခြင်းမပြုလို‌ကြောင်း မိမိတို့၏ ဆန္ဒကို ငြိမ်းချမ်းစွာထုတ်‌ဖော်ပြသသည့်အ‌နေဖြင့် Civil Disobedience Campaign ကို ပြုလုပ်သွားမည်ဟု မြဝတီခရိုင်ပြည်သူ့‌ဆေးရုံ သူနာပြု ဆရာ/ဆရာမများမှ ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂ ရက်‌နေ့ကတည်းက ‌ကြေငြာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ‌ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး‌နောက် မြဝတီခရိုင်‌ဆေးရုံဝန်ထမ်းများမှ ‌ဖေ‌ဖော်ဝါရီ ၃ ရက် ‌နေ့ မှစ၍ ရင်ဘတ်တွင် ဖဲကြိုးနီတပ်ဆင်ပြီး လုပ်ငန်းခွင်ဝင်‌ရောက်ခဲ့ရာမှ ယ‌နေ့ ‌ဖေ‌ဖေါ်ဝါရီ ၅ ရက်‌နေ့တွင် စု‌ပေါင်းဓာတ်ပုံရိုက်ကာ အာဏာသိမ်း စစ်အစိုးရအား ဆန္ဒ‌ဖော်ထုတ်သည့် အ ‌နေဖြင့် Civil Disobediences Campaign ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။