Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများစု‌ပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ပုံ‌ဖော်ဆန္ဒပြမှုပြုလုပ်

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများစု‌ပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ပုံ‌ဖော်ဆန္ဒပြမှုပြုလုပ်

2844

‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများစု‌ပေါင်း၍ မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဆန့်ကျင်‌ရေးနှင့် CDM (Civil Disobedience Movement) ‌ထောက်ခံ‌ကြောင်းကို ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ပုံ‌ဖော်ဆန္ဒပြမှု အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြသည်။

စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်‌ကြောင်းနှင့် စစ်တပ်အာဏာသိမ်းမှုအ‌ပေါ် ဆန့်ကျင်ကန့် ကွက်‌နေကြ သည့် ပြည်တွင်းရှိ မြန်မာနိုင်ငံသားများနှင့် (CDM) ပြုလုပ်‌နေကြသည့် ဝန်ထမ်းများကို ‌ထောက်ခံ အား‌ပေး ‌နေ‌ကြောင်း ပြသသည့်အ‌နေဖြင့် ယ‌နေ့ ဆန္ဒ‌ဖော်ထုတ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်‌ကြောင်း ဦး‌ဆောင်ပါဝင်သူများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ အလုပ်သမားတစ်ဦးက “ ကျ‌နော်တို့က ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်၊ ‌နောက်ပြီး ပြည်တွင်းမှာရှိတဲ့ ကျ‌နော်တို့ မြန်မာနိုင်ငံသား‌တွေ ဆန္ဒ‌ဖော်ထုတ်တာကိုလည်း ကျ‌နော်တို့ ‌ထောက်ခံအား ‌ပေးတယ်။ လူကိုယ်တိုင်မပါဝင်သွားနိုင်‌ပေမဲ့ ကျ‌နော်တို့ကလည်းသူတို့နဲ့ ထပ်တူရှိ‌နေ‌ကြောင်းကို ပြသတဲ့ အ‌နေနဲ့ ဒါကို ကျ‌နော်တို့ လုပ်ရခြင်းဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နိုင်ငံတကာ‌ရောက် မြန်မာနိုင်ငံသားများအ‌နေဖြင့် ပြည်တွင်း၌ စစ်အာဏာရှင် ဆန့်ကျင်‌နေကြသူများ ကို အား‌ပေး‌ထောက်ခံသွားရန်၊ CDM လုပ်‌ဆောင်‌နေကြသည့် ဝန်ထမ်းများကိုလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန် ပံ့ပိုးသွားရန်အပြင် ဆန္ဒပြသူများအ‌နေဖြင့်လည်း အရှုံး‌ပေး လက်မ‌လျှော့ရန်လည်း ၎င်းက တိုက်တွန်း ‌ပြောဆိုခဲ့သည်။

ယ‌နေ့ ဆန္ဒ‌ဖော်ထုတ်မှုကို မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၅၀ဝ နီးပါးခန့်ပါဝင်၍ မြန်မာနိုင်ငံ ကိုယ်စားပြု အလံပုံစံ၊ ဝန်ထမ်းများ ရုံးမတက်ရန် အား‌ပေး‌ထောက်ခံသည့် CDM စာလုံးပုံစံနှင့် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD) စသည့် စာလုံးများကို လူအင်အားဖြင့် ပုံ‌ဖော်ခဲ့ကြပြီး အရပ်သား၊ ‌ကျောင်းသား၊ လယ်သမားနှင့် ဝန်ထမ်းများအ‌ပေါ် စစ်တပ်၏ ဖိနှပ်ဆက်ဆံသည့် ပုံစံများကိုပါ သရုပ်‌ဖော်၍ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။