Home သတင်း ‌ပေါ်တာဆွဲသည့်သတင်း ‌ကောလာဟလသာဖြစ်ဟု ‌ကေအဲန်ယူ ထုတ်ပြန်

‌ပေါ်တာဆွဲသည့်သတင်း ‌ကောလာဟလသာဖြစ်ဟု ‌ကေအဲန်ယူ ထုတ်ပြန်

3387

‌ဖေ‌ဖော်ဝါရီလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်‌မြေ ‌ညောင်‌လေးပင်ခရိုင်နှင့် ဘိတ်ထားဝယ်ခရိုင်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ့တပ်မ‌တော်မှ ‌ပေါ် တာလိုက်ဆွဲသည်ဟု ထွက်‌ပေါ်လာသည့် သတင်းမှာ ‌ကောလာဟလသတင်းသာဖြစ်သည်ဟု ‌ကေအဲန်ယူက ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၃ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့က မြန်မာ့တပ်မ‌တော်မှ အာဏာသိမ်းမှုဖြစ်ပွားပြီး ‌နောက် ‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်၊ ပု‌လော‌ဒေသနှင့် ကစယ်ဒိုမြို့နယ် ကလဲမူထီ‌ဒေသဘက်တွင် မြန်မာ့တပ်မ‌တော်မှ ‌ပေါ်တာလိုက်ဆွဲသည်ဟု သတင်း‌ကြောင့် ‌ဒေသခံများထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ သည်။

‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောဖ‌လော်စိုး ဝင်းက “ ၁ ရက်‌နေ့မှာ ဗမာ စစ်တပ်က လမ်း‌တွေမှာ၊ တံတား‌တွေမှာ လုံခြုံ‌ရေးချထား တဲ့အခါကျ‌တော့ ‌ပေါ်တာလိုက်ဆွဲတယ်လို့ လိုက်‌ပြောကြတယ်။ ပြည်သူ‌တွေဟာ နဂိုကတည်းက အ‌ကြောက်တရားကရှိထား‌တော့ ‌ပြေးကြတာ ‌ပေါ့။ ဒီလိုလိုက်ဖွ‌နေတဲ့အုပ်စုက ဘယ်ကလူ‌တွေလည်း မသိဘူး။ လိုက်ဖွတဲ့သူ‌တွေက ရည်ရွယ်ချက် ရှိရှိနဲ့ အစီအစဉ်တကျ နယ်‌မြေတွင်း ပဋိပက္ခဖြစ်‌စေချင်တာဖြစ်တယ်။ ကျ‌နော်တို့ ပြည်သူ‌တွေကို ပြန်ထိန်း‌နေရတယ်။ အ‌ခြေအ‌နေက နည်းနည်းတည်ငြိမ်လာ‌ပေမယ့် အရမ်းမတည်ငြိမ်‌သေးဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မြန်မာ့တပ်မ‌တော်၏ အာဏာသိမ်းမှု‌ကြောင့် လူမှုကွန်ရက်စာမျက်နှာများ‌ပေါ်တွင် သတင်းမျိုး စုံထွက်‌ပေါ်လာမည်ဖြစ်၍ တိကျမှန်ကန်သည့်သတင်းကို ရယူပြီး ‌ဝေဖန်သုံးသပ်ကြရန် လိုအပ်‌ကြောင်း နှင့် ပြည်သူများအ‌နေဖြင့် သတင်းအချက်အလက်များကို သိရှိလိုသည်ဖြစ်‌စေ၊ သတင်းအချက်အလက် တင်ပြလိုသည်ဖြစ်‌စေသက်ဆိုင်ရာခရိုင်တာဝန်ရှိသူများကို ဆက်သွယ်‌မေးမြန်းနိုင်သည်ဟုလည်း ‌ကေအဲန်ယူဘိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ခဲ့သည်။

“ ဗမာစစ်သား‌တွေ တက်လာ‌တော့ ‌ပေါ်တာဆွဲတယ်လို့ ကြားတဲ့အတွက် ထွက်‌ပြေးကြတာ‌ပေါ့။ အချို့ ‌ယောက်ျားသား‌တွေက ‌ပြေးတယ်။ အချို့က မ‌ပြေးဘူး။ ‌နောက်ဆုံး ပြန်ကြားတာက‌တော့ အမှန်တ ကယ်မဟုတ်ဘူး ‌ပေါ့‌နော်။ အခု‌တော့ ‌ပြေးတဲ့လူတွ ပြန်လာကြပြီ။ ‌အေး‌ဆေး‌ဆေး‌ဆေးပြန်ဖြစ်‌နေ ပြီ”ဟု ပု‌လော‌ဒေသခံ လူငယ်တစ်ဦးဖြစ်သည့် ‌နော်‌ရွှေမြက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မြန်မာ့တပ်မ‌တော် ‌ပေါ်တာဆွဲသည့် ‌ကောလာဟလ သတင်း‌ကြောင့် ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့က ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေဖြစ်သည့် ‌ကျောက်ကြီးမြို့နယ်၊ မူသယ်‌ကျေးရွာတွင် ‌နေထိုင်သည့် အမျိုးသား (၃၀)ဦးကလည်း စိုးရိမ်‌ကြောက်လန့်ပြီး ‌တော၊ ‌တောင်တွင်းသို့ အလားတူ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု နယ်‌မြေခံ တာဝန်ရှိသူများက ‌ပြောသည်။