Home သတင်း ‌ကော့ကရိတ်မြို့ စစ်အာဏာသိမ်း ဆန့်ကျင်‌ရေးဆန္ဒပြမှု ဟန့်တားမှုနှင့်ကြုံရ

‌ကော့ကရိတ်မြို့ စစ်အာဏာသိမ်း ဆန့်ကျင်‌ရေးဆန္ဒပြမှု ဟန့်တားမှုနှင့်ကြုံရ

1999

‌ဖေ‌ဖေါ်ဝါရီ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့တွင် ယ‌နေ့ ပြုလုပ်သည့် ၉ ရက်‌မြောက် စစ်အာဏာသိမ်း ဆန့်ကျင်‌ရေးဆန္ဒပြမှုအစီအစဉ်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ဟန့်တားပိတ်ပင်မှုများရှိ‌နေ၍ မြို့ထဲ ဝင်၍ ဆန္ဒပြခွင့်မရရှိခဲ့‌ကြောင်း သိရှိရသည်။

ယ‌နေ့ ဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးက “ဒီ‌နေ့ မနက် မြို့ထဲကိုဝင်ပြီး ဆန္ဒပြဖို့ ချီတက် လာတဲ့အခါမှာ မြို့ထဲအဝင် ‌ချောင်း‌တောင် အထက‌ရှေ့ လမ်းကို ရဲ‌တွေ တန်းစီပြီး ပိတ်ထားလိုက်တယ်။ ‌ပေးမသွားဘူး။ အဲဒါ‌ကြောင့် ဆန္ဒပြသူ‌တွေက လူ‌တွေမရှိတဲ့ လမ်းမကြီးဘက်ကို ဆန္ဒပြ‌နေကြတဲ့ အ‌နေအထားမျိုးဖြစ်သွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ရွာထဲရှိ ‌ဒေသခံများ ဝင်‌ရောက်ပူး‌ပေါင်း၍ မရ‌အောင် ရဲနှင့် စစ်တပ်များမှ မြို့အဝင် လမ်း‌ကြောင်းကို ဟန့်တား ပိတ်ပင်မှုများရှိသည့်အတွက် ယ‌နေ့ ဆန္ဒပြမှုကိုလာ‌ရောက်ပူး ‌ပေါင်းသူ အနည်းငယ်‌လျော့နည်းလာသည်ဟုလည်း အဆိုပါ ‌ဒေသခံက ‌ပြောသည်။

အဆိုပါ ‌ကော့ကရိတ် စစ်အာဏာသိမ်းဆန့်ကျင်‌ရေး ဆန္ဒပြမှုကို လုပ်‌ဆောင်‌နေကြသည့် ပြည်သူများသည် ထိပ်တိုက်‌တွေ့မှုကို ‌ရှောင်ရှားသည့်အ‌နေဖြင့် တားမြစ်သည့်‌နေရာကို ဆက်မသွားဘဲ အာရှလမ်းမ‌ပေါ် ပြန်တက်ကာ မြို့နယ် နှစ်သစ်ကူးကွင်းအထိ ချီတက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖေါ်ခဲ့ပြီး နံနက် (၁၁)နာရီအချိန်တွင် လူစုခွဲခဲ့သည်ဟု သိရသည်။

ယ‌နေ့ဆန္ဒလာ‌ရောက်‌ဖော်ထုတ်သူ ပြည်သူများကို တားမြစ်မှု လုပ်‌ဆောင်သည့် ရဲ၊ စစ်တပ်ပူး‌ပေါင်းအဖွဲ့နှင့် နယ်‌မြေခံ KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်တို့ကြား ထိပ်တိုက်‌တွေ့မည့် အ‌ခြေအ‌နေထိ ‌ရောက်ရှိခဲ့သည်ဟု ‌ကေအဲန်ယူ၏ ဒူးပလာယာခရိုင် လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင်လူမှုကွန်ရက်စာမျက်၏ သတင်း‌ဖော်ပြချက်အရ ဆန္ဒထုတ်‌ဖော် မှုများ ဆက်မလုပ်ရန် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂) မှ ဒုဗိုလ်မှူးကြီး‌ကျော်စွာမျိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူး ဦးဆန်းနုတို့ ဦး‌ဆောင်သည့် တပ်ဖွဲ့ဝင်အင်အား ၅ဝ ခန့်မှ ဆန္ဒပြသူများကို လာ‌ရောက်တားမြစ်မှုများ လုပ်‌ဆောင်ခဲ့ခြင်းဖြစ် သည်ဟု ‌ဖော်ပြထားသည်။

၎င်းအ‌ခြေအ‌နေနှင့်ပတ်သက်၍ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒို‌စော‌မောထူးက“ ‌ကေအဲန်ယူ ထုတ်ပြန်ထားတဲ့အတိုင်းပဲ တစ်ခုခု ဖြစ်လာခဲ့‌သော် ပြည်သူဘက်မှ ရပ်တည်ကာကွယ်‌ပေးဖို့အတွက် ကျ‌နော်တို့တပ်ဖွဲ့ဝင်‌တွေလုံခြုံ‌ရေးသွားယူ‌ပေး တာဖြစ်ပါတယ်။ ပြည်သူကို တစ်ခုခုထိရင်‌တော့ ထိပ်တိုက်‌တွေ့ဆုံမှု ဖြစ်ပွားနိုင်ပါတယ်။ အခုက ပြည်သူကို ဘာမှမလုပ်တာကိုး။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့တွင် ယ‌နေ့ ပြုလုပ်သည့် စစ်အာဏာသိမ်း ဆန့်ကျင်‌ရေး ဆန္ဒပြမှုမှာ ၉ ရက်‌နေ့‌မြောက်ပြီဖြစ်သည်။

စစ်တပ်၏ အာဏာသိမ်းယူမှုအ‌ပေါ် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးမှ အကြမ်းမဖက် ဆန့်ကျင် ဆန္ဒ‌ဖော်ထုတ်မှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU မှ အား‌ပေး ‌ထောက်ခံပြီး အကူအညီ အကာအကွယ်‌ပေးသွားမည်ဖြစ်‌ကြောင်း ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်က သ‌ဘောထား‌ကြေညာချက်ထုတ်ပြန်ထားသည်။

ထို့အတူ ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြ ပွဲကိုလည်း ‌ကျေးရွာအုပ်စုအသီးသီးမှ ‌ဒေသခံများလာ‌ရောက်ပူး‌ပေါင်း၍မရ‌အောင် မြို့အဝင် လမ်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့မှ အလားတူ ဟန့်တားပိတ်ပင်မှုများ ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။