Home သတင်း ပဒိုမန်းငြိမ်း‌မောင်၏ လုပ်‌ဆောင်မှု အားလုံး မိမိတို့နှင့် မပတ်သက်‌ကြောင်း ‌ကေအဲန်ယူ ထုတ်ပြန်

ပဒိုမန်းငြိမ်း‌မောင်၏ လုပ်‌ဆောင်မှု အားလုံး မိမိတို့နှင့် မပတ်သက်‌ကြောင်း ‌ကေအဲန်ယူ ထုတ်ပြန်

3992

‌ဖေ‌ဖော်ဝါရီ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ပဒိုမန်းငြိမ်း‌မောင်သည် အဖွဲ့အစည်းမှ နုတ်ထွက်သွားပြီဖြစ်ပြီ သူ၏ လုပ်‌ဆောင်မှုများအားလုံးသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မည်သို့မျှပတ်သက်ခြင်းမရှိ‌ကြောင်း ယ‌နေ့ ‌ကေအဲန်ယူက သတင်းထုတ်ပြန်‌ကြေညာလိုက်သည်။

ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၂) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ အမိန့် အမှတ် ( ၉/၂၀၂၁)အရ ဖွဲ့စည်းလိုက်‌သော နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေး ‌ကောင်စီတွင် ပဒိုမန်းငြိမ်း‌မောင်အား ထည့်သွင်းထားခြင်းကိစ္စနှင့်ပတ်သက်၍ ‌ကေအဲန်ယူဘက်က ယခုလို ရှင်းလင်းချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ‌ကေအဲန်ယူအ‌နေဖြင့် တပ်မ‌တော်၏ နိုင်ငံ‌တော်အာဏာသိမ်းယူသည့် လုပ်ရပ်အား ဆန့်ကျင်သည့်အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေး‌ကောင်စီတွင် အမည်ပါဝင်‌နေသည့် ပဒိုမန်းငြိမ်း‌မောင်နှင့်ပတ်သက်၍ သူသည် ၂၀၂ဝ ခုနှစ်၊ ဇူလိုင်လ (၂၁-၂၃)ရက်‌နေ့တွင် ပြုလုပ်သည့် ၇ကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် မိမိဆန္ဒအ‌လျောက် နုတ်ထွက်စာတင်ခြင်းကို ဗဟို‌ကော်မတီအစည်းအ‌ဝေးမှ လက်ခံကာ နုတ်ထွက်ခွင့်ပြုခဲ့ပြီဖြစ်သည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် ‌ကေအဲန်ယူ၏ ဖွဲ့ စည်းပုံအ‌ခြေခံဥပ‌ဒေအရ အဆိုပါ နုတ်ထွက်ခြင်းသည် အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။