Home သတင်း ရန်ကုန်မြို့လယ် ဆူး‌လေဘုရားလမ်းနှင့် အ‌နော်ရထာလမ်းဆုံတွင် လူများစု‌ဝေး ဆန္ဒပြ‌နေ

ရန်ကုန်မြို့လယ် ဆူး‌လေဘုရားလမ်းနှင့် အ‌နော်ရထာလမ်းဆုံတွင် လူများစု‌ဝေး ဆန္ဒပြ‌နေ

3610

‌ဖေ‌ဖော်ဝါရီ ၁၇ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်မြို့လယ် ဆူး‌လေဘုရားလမ်းနှင့် အ‌နော်ရထာလမ်းဆုံတွင် အများပြည်သူများ စု‌ဝေးကာ အာဏာသိမ်းမှုကို ဆန္ဒပြလျက်ရှိသည်။

လက်ရှိတွင် အဆိုပါ လမ်းဆုံနှင့် အနီးတဝိုက်တွင် ထိုင်သပိတ်ဆင်နွှဲ ‌နေသလို လှည့်လည် ဆန္ဒပြမှုများလည်း အများအပြားဖြစ်‌နေကာ မြို့လယ်တဝိုက်လမ်းများလည်း ပိတ်သွားသည်ကို ‌တွေ့ရသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းသို့ လာရာ လမ်းများတွင်လည်း ကားပျက်ပြီး လမ်းပိတ် ဆန္ဒထုတ်‌ဖော်မှုများလည်းရှိသလို စစ်အာဏာသိမ်းပြီး‌နောက် ဆူး‌လေတဝိုက်သို့ ယခင်ရက်များက ဆန္ဒထုတ်မှု အားနည်းသွား‌သော် ယ‌နေ့တွင် အများပြည်သူ တဖန်အလုံးအရင်းဖြင့် လာ‌ရောက် ဆန္ဒပြ‌နေခြင်းဖြစ်သည်။

လက်ရှိတွင် အနုပညာရှင်များ ‌ရောက်ရှိလာပြီး လာ‌ရောက်ဝန်းရံ‌နေသလို ‌တေး‌ရေး မင်းချစ်သူက လူထုများ မ‌ကြောက်ရန် အား‌ပေး ‌ပြောကြားခဲ့သည်။

“မ‌နေ့ က အစိုးရ ရုပ်သံမှာ စစ်တပ်‌ထောက်ခံသူ သန်းချီ ရှိတယ်ဆိုပြီး စစ်အုပ်စု လိမ်ညာ ဝါဒဖြန့်တာကို မ‌ကျေနပ်လို့ ကျ‌နော်တို့လာစု‌ဝေးတာဖြစ်တယ်”ဟု ‌ကျောင်းသား‌ခေါင်း‌ဆောင်တဦးဖြစ်သူ ကိုစည်သူ‌မောင်က ‌ပြောသည်။

မြို့လည်တွင် ဆန္ဒပြသူများဖြင့် ပြည့်‌နေသည့် အတွက် ဘဏ်များ၊ ဆိုင်များ အများစု ပိတ်ထားသလို ဆန္ဒပြသူများကို ‌ရေသန့်ဗူးများ၊အချိုရည်၊ အ‌အေးနှင့် အစားအစာများကို ‌ဝေငှ‌ပေးသူ အများအပြားရှိ‌ကြောင်းသိရသည်။