Home သတင်း နိုင်ငံ‌တော်အကြီးအကဲ၏ ‌ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာတွင် ကရင်လူမျိုးကြား‌သွေးခွဲ‌စေ‌ကြောင်း လူငယ်များ‌ပြော

နိုင်ငံ‌တော်အကြီးအကဲ၏ ‌ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာတွင် ကရင်လူမျိုးကြား‌သွေးခွဲ‌စေ‌ကြောင်း လူငယ်များ‌ပြော

2763

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်နှစ် ၂၇၆ဝ ပြည့်နှစ် ၈၃ကြိမ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့အတွက် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ် ‌အောင်ဆန်းစုကြည်နှင့် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့‌ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် ကရင်လူမျိုးကြား‌သွေးကွဲ‌စေရန် ရည်ရွယ်ချက်ရှိရှိ အလွဲအမှားများ ‌ရေးထည့်ထားသည်ဟု ကရင်လူငယ်များမှ ‌ကောက်နုတ်သုံးသပ်သည်။

အဆိုပါ နိုင်ငံ့‌ခေါင်း‌ဆောင်နှစ်ဦးမှ ‌ပေးပို့‌သော သဝဏ်လွှာထဲတွင်ပါရှိသည့်အ‌ကြောင်းအရာများကို ကရင်လူငယ်များမှ ‌ကောက်နုတ်ဆန်းစစ်ပြီး ယ‌နေ့ (ဇန်နဝါရီလ ၂၆ရက်) အွန်လိုင်းတွင် စာတမ်းငယ်ဖတ်ပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့ ‌ပေးပို့သည့် သဝဏ်လွှာကို ကြည့်ခြင်း အားဖြင့် ကရင်လူမျိုးအ‌ပေါ် ခွဲခြားဆက်ဆံ‌နေသည့် နိုင်ငံ‌ရေး စနစ်ဖြစ်သည်ကို‌တွေ့ရှိရပြီး ကရင်လူမျိုများမှ မြန်မာပြည်အတွင်း ဝင်‌ရောက်လာသည့် အချိန်ကာလနှင့်ပတ်သက်၍ လွဲမှားစွာ‌ဖော်ပြထားကာ ကရင်လူမျိုး များ၏ သက်ဆိုင်သည့် သမိုင်း၊ စာ‌ပေ၊ ယဉ်‌ကျေးမှုကိုချန်လှပ်ထားခြင်းသည် ကရင်လူမျိုးအားလုံး အထင်အ မြင်လွဲ‌စေရန် ရည်ရွယ်ချက်ရှိရှိ အလွဲအမှားများ ‌ရေးသားထားသည်ကို‌တွေ့ရှိရ‌ကြောင်း ကရင်လူငယ်များမှ ‌ကောက်နုတ်‌ဖော်ပြထားသည်။

သဝဏ်လွှာမှပါရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ ကရင်လူငယ်ကွန်ရက်မှ ‌စောဟန်ဖြိုးလင်းက“ သဝဏ်လွှာ နှစ်ခုမှာ အဓိက ကရင်ပြည်နယ်ကိုပဲ ဦးတည်တာ‌တွေ့ရတယ်။ ဆိုလိုတာက ကရင်ပြည်နယ်မှာမှ ကရင်လူမျိုး၊ အခြား‌ဒေသမှာ ‌နေထိုင်တာ ကရင်လူမျိုးမဟုတ်ဘူး‌ပေါ့။ ဆို‌တော့ ကရင်လူဦး‌ရေ မနည်းနည်း ‌အောင် လုပ်ချင်တာဖြစ်တယ်။ အချက်အလက်မှားယွင်း‌ဖော်ပြပြီး ကရင်လူမျိုး‌တွေကို ဝါးမြိုလိုက်တာဖြစ်တယ်။ အထူးသဖြင့် ကရင်လူမျိုးကြားမှာ ‌သွေးခွဲလိုက်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသဝဏ်လွှာထဲတွင် ကရင်လူမျိုးတို့၏ လိုလားသည့် တန်းတူအခွင့်အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ‌ဖော်ပြထားခြင်းမပါရှိသည့်အပြင် ကရင်ပြည်နယ်ကို စီးပွား‌ရေးဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဦးတည်‌နေ သည်ကိုသာ ‌တွေ့ရှိရပြီး ကရင်ပြည်နယ်အပြင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဖြစ်‌ပေါ်‌နေသည့် စစ်‌ရေးတင်းမာမှုများကို မျက်ကွယ်ပြု၍ နိုင်ငံ‌ရေးပြဿနာများကို ‌ဖြေရှင်းလိုသည့် ဆန္ဒမရှိ‌ကြောင်းကိုလည်း ‌တွေ့ရှိရ‌ကြောင်း ကရင်လူငယ်များမှ စာတမ်းတွင် သုံးသပ်ထားသည်။

ကရင်လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ BC ၇၃၉ အစား AD ၇ ရာစုနှင့် ၈ ရာစုခန့်အတွင်းကပင်ဟု တပ်မ ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်၏ ‌ပေးပို့သည့် ကရင်နှစ်သစ်ကူးသဝဏ်လွှာထဲတွင် မှားယွင်းစွာ ‌ဖော်ပြခြင်းနှစ်ပတ်သက်၍ KNU Concerned Group ကလည်း ဇန်နဝါရီလ ၂ဝရက်‌နေ့တွင် ကန့်ကွက်စာထုတ်ပြန်ထားခြင်းလည်း ရှိသည်။