Home သတင်း ကရင်ပြည်နယ်အစိုးရ ‌ကောက်ခံသည့်အခွန်များတွင် ယစ်မျိုးခွန်မှအများဆုံးရရှိ

ကရင်ပြည်နယ်အစိုးရ ‌ကောက်ခံသည့်အခွန်များတွင် ယစ်မျိုးခွန်မှအများဆုံးရရှိ

1667

ဇန်နဝါရီ ၂၅ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အစိုးရ၏ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာ‌ရေးနှစ် ‌ကောက်ခံခဲ့သည့် အခွန်အမျိုးအစား ၉ မျိုးထဲတွင် ယစ်မျိုးခွန်အများဆုံး ‌ကောက်ခံရရှိသည်ဟု ယခုလဆန်းပိုင်းက ၎င်းတို့ထုတ်ပြန်လိုက်သည့် ဘဏ္ဍာ‌ရေးနှစ် ပြည်သူ့အတွက် ရသုံးမှန်း‌ခြေ‌ငွေစာရင်း မှတ်တမ်းများအရ သိရသည်။

ပြည်နယ်အစိုးရ၊ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်‌တောဦးစီးဌာန၊ စည်ပင်သာယာ‌ရေး အဖွဲ့များမှ ‌မြေယာ‌ပေါ်တွင် ‌ကောက်ခံသည့်အခွန်၊ တာတမံခွန်၊ ဓါတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အခွန်၊ ‌ရေခွန်၊ အင်းအိုင်ခွန်၊ သစ်‌တောထွက်ပစ္စည်းခွန်၊ ပစ္စည်းခွန်၊ ဘီးခွန်၊ ယစ်မျိုးခွန်များကို အမျိုးအစားအလိုက် ‌ကောက်ခံခဲ့ကြပြီး တစ်နှစ်အတွင်း ကျပ်သန်း ၈၁၆.၇၈၆ ခန့်ရှိမည်ဟု ‌ငွေစာရင်းစာ‌စောင် မှတ်တမ်းများတွင် သိရသည်။

“ဓာတ်သတ္တုခွန်တို့ကျ‌တော့ ပြည်‌ထောင်စုက‌နေ ‌ကောက်တဲ့အခါ ပြန်ရတာက ‌ငွေလုံး‌ငွေရင်းနဲ့ ပြန်ရတာပဲရှိတယ်။ ဒီအခွန်‌တွေနဲ့ သူတို့ မရဘူး‌ပေါ့‌နော်။ လက်ရှိဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ အခွန်က လုံ‌လောက်မှု‌တော့ မရှိပါဘူး။ ပြည်နယ်အသုံးစရိတ်က နည်းနည်းပဲ ဝင်တယ်။ ကျန်တာက ပြည်‌ထောင်စုက‌နေ ပြန်‌ထောက်ပံ့တာပါ။ သူဟာသူရပ်တည်နိုင်ဖို့အတွက်ဆိုရင် အခွန်စနစ်လည်း ‌ပြောင်းရမယ်” ဟု အခွန် ‌ကောက်ခံမှု စနစ်နှင့်ပတ်သက်၍ ကရင်ပြည်နယ်အရပ်ဖက်အဖွဲ့၊ ကရင့်‌ရေးရာ‌ကော်မတီမှ ဦး‌ဆောင်သူ ‌စော‌ကျော်စွာက ‌ကေအိုင်စီ သို့ ‌ပြောသည်။

ကရင်ပြည်နယ်အစိုးရမှ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာ‌ရေနှစ်တွင် ‌ကောက်ခံခဲ့သည့်အခွန် ၉ မျိုးအနက် ယစ်မျိုးခွန် ကျပ် ၂၄၄.၃၅၉ သန်း အများဆုံးရရှိပြီး ‌ရေခွန်ကျပ် ဝ.၉၅ဝ သန်း အနည်းဆုံး ရရှိသည်ဟု မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက “ စား‌သောက်ဆိုင်‌တွေက‌နေ ရတဲ့အခွန် များတယ်။ အရက်၊ ဘီယာ ယစ်မျိုးခွန်‌တွေပါတယ်။ ဖားအံ၊ မြဝတီ၊ ‌ကော့ကရိတ် မြို့နယ် ၃ ခုက အခွန်ပိုရတယ်။ ပြည်‌ထောင်စုက အခွန်ရှိတယ်။ ပြည်နယ်က ရတဲ့အခွန်‌တွေက နည်းပါတယ်။ ပြည်နယ်ကရတဲ့ အခွန်နဲ့ ပြည်‌ထောင်စုကရတဲ့အခွန် ၂ ခု ‌ပေါင်းပြီး ရပ်တည်ရတယ်‌ပေါ့‌နော်”ဟု ယ‌နေ့ (ဇန်နဝါရီ ၂၅ ရက်) ‌ကေအိုင်စီ သို့‌ပြောသည်။

ကရင်ပြည်နယ် ၂ဝ၂ဝ-၂ဝ၂၁ ခု ဘဏ္ဍာ‌ရေးရန်ပုံ‌ငွေမှ ကိုယ်တိုင်ရှာ‌ဖွေရ‌ငွေ ကျပ် ၅,၅၃၅.၂၂၇ သန်းရရှိပြီး ‌ကြွေးမြီရ‌ငွေ ကျပ် ၁၄,၇၈၅.၂၁၃ သန်းနှင့် ပြည်‌ထောင်စုမှ ‌ထောက်ပံ့‌ငွေ ကျပ် ၁၂၄,၉၇၅.၈၃၈ သန်းတို့ဖြင့် ဘဏ္ဍာ‌ငွေ ဖြည့်ဆည်းခဲ့ကာ နှစ်တစ်နှစ်အတွင်း ပြည်နယ်အစိုးရ၏ အခွန်‌ကောက်ခံရရှိ‌ငွေမှာ ကျပ် ၈၁၆.၇၈၆ သန်း ရှိမည်ဟု ပြည်သူ့အတွက် ရသုံးခန့်မှန်း‌ခြေ‌ငွေစာရင်းစာ‌စောင်မှတ်တမ်းအရ သိရသည်။

ဖားအံမြို့ရှိ စား‌သောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ ‌စောအဲရှားက “ အစိုးရက ဖြစ်နိုင်ရင် အရက်ဆိုင်‌တွေကို ‌လျှော့ချ‌စေချင်တာ‌ပေါ့‌နော်။ ပြီး‌တော့ အခွန်‌တွေ တိုးမြှင့်ကန့်သတ် လိုက်တာ‌လေ။ လိုင်စင်သမား‌တွေက အခွန်ပုံမှန် ‌ဆောင်‌နေကြဆို‌တော့ မထူးခြားဘူး။ အခုဆိုင်‌သေး၊ ဆိုင်လတ်‌တွေက အခွန်‌ဆောင်လာတယ်။ ကိုဗစ်ကာလမှာ‌တော့ အခက်အခဲရှိကြတယ်။ အ‌ရောင်းအဝယ် ‌အေးကြတယ်။ အပြည့်အဝ‌တော့ ‌ကောက်ခံမှု မရှိ‌သေးပါဘူး”ဟု ‌ပြောသည်။

ကရင်ပြည်နယ် ‌ငွေလုံး‌ငွေရင်းအသုံးစရိတ်အ‌နေဖြင့် လမ်းဦးစီးဌာနမှ ကျပ် ၃၁,ဝ၅၄.၇၉၇ သန်း အများဆုံး ခွင့်ပြုချထားခဲ့ပြီး ပြည်နယ် ဘတ်ဂျက်မှ ‌ငွေလုံး‌ငွေရင်း အသုံးစရိတ်များတွင် ဖားအံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်သည် ဘတ်ဂျက်အသုံးစရိတ် အများဆုံးဖြစ်ကာ ဖာပွန်မြို့နယ်သည် ‌ငွေလုံး‌ငွေရင်း အသုံးစရိတ်အနည်းဆုံးဖြစ်သည်ဟု ၎င်းတို့ထုတ်ပြန်ထားသည့် မှတ်တမ်း ဇယားများအရ သိရသည်။